ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 15:1-3-11 Common Language Bible (BCL)

1-3. ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​လိုက်​နာ​ရန်​အ​တွက် အောက်​ဖော်​ပြ ပါ​ပ​ညတ်​များ​ကို​မော​ရှေ​နှင့်​အာ​ရုန်​တို့ အား​ချ​မှတ်​ပေး​တော်​မူ​၏။ ယောကျာ်း​တစ်​ယောက် သည် ရိ​နာ​ကျ​နေ​လျှင်​ဖြစ်​စေ၊ ရိ​နာ​ကျ ခြင်း​ရပ်​စဲ​သွား​လျှင်​ဖြစ်​စေ၊ မ​သန့်​စင်​ချေ။-

4. ထို​သူ​ထိုင်​သော​အိပ်​ရာ​သို့​မ​ဟုတ်​အိပ်​သော အိပ်​ရာ​သည်​လည်း​မ​သန့်​စင်။-

5. တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ထို​သူ အိပ်​သော​အိပ်​ရာ​ကို​ထိ​မိ​လျှင်၊-

6. ထိုင်​သော​နေ​ရာ​တွင်​ထိုင်​မိ​လျှင် မိ​မိ​အ​ဝတ် များ​ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ရ​မည်။ သူ​သည် ည​ဦး​တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-

7. ရိ​နာ​စွဲ​သော​သူ​ကို​ထိ​ကိုင်​မိ​သော​သူ​သည် မိ​မိ​အဝတ်​များ​ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ရ မည်။ သူ​သည်​ည​ဦး​တိုင်​အောင်​မ​သန့်​စင်​ဘဲ ရှိ​လိမ့်​မည်။-

8. ရိ​နာ​စွဲ​သော​သူ​သည်​ဘာ​သာ​တ​ရား​ထုံး နည်း​နှင့်​ဆိုင်​၍ သန့်​စင်​သူ​တစ်​ဦး​အ​ပေါ်​သို့ တံ​တွေး​ထွေး​မိ​လျှင် တံ​တွေး​ထွေး​ခံ​ရ​သူ သည်​မိ​မိ​အ​ဝတ်​ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ရ မည်။ သူ​သည်​ည​ဦး​တိုင်​အောင်​မ​သန့်​စင်​ဘဲ ရှိ​လိမ့်​မည်။-

9. ရိ​နာ​စွဲ​သော​သူ​ထိုင်​သော​ကုန်း​နှီး​သို့ မ​ဟုတ်​ထိုင်​ခုံ​သည်​မ​သန့်​စင်။-

10. ထို​သူ​ထိုင်​သော​အ​ရာ​ကို​ကိုင်​တွယ်​မိ​သော သူ​သည် ည​ဦး​တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ​လိမ့် မည်။ ထို​သူ​ထိုင်​မိ​သော​ဝတ္ထု​ပစ္စည်း​ကို​သယ် ဆောင်​သော​သူ​သည် မိ​မိ​အ​ဝတ်​ကို​ဖွပ်​လျှော် ၍​ရေ​ချိုး​ရ​မည်။ သူ​သည်​ည​ဦး​တိုင်​အောင် မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-

11. ရိ​နာ​စွဲ​သော​သူ​သည်​မိ​မိ​၏​လက်​များ​ကို မ​ဆေး​ဘဲ​နှင့် တစ်​စုံ​တစ်​ယောက်​ကို​ထိ​ကိုင် မိ​လျှင် အ​ကိုင်​ခံ​ရ​သော​သူ​သည်​မိ​မိ​အ​ဝတ် များ​ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ရ​မည်။ သူ​သည် ည​ဦး​တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 15