ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 15:19-30 Common Language Bible (BCL)

19. အ​မျိုး​သ​မီး​တစ်​ယောက်​သည်​ရာ​သီ​သွေး ပေါ်​လျှင် သူ​သည်​ခု​နစ်​ရက်​မ​သန့်​စင်​ဘဲ​ရှိ လိမ့်​မည်။ သူ့​ကို​ထိ​ကိုင်​မိ​သော​သူ​သည် ည ဦး​တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-

20. ရာ​သီ​သွေး​ပေါ်​ချိန်​အ​တွင်း​ထို​အ​မျိုး သ​မီး​ထိုင်​သော​နေ​ရာ​သို့​မ​ဟုတ်​အိပ် သော​အိပ်​ရာ​တို့​သည်​မ​သန့်​စင်။-

21-23. သူ​ထိုင်​သော​နေ​ရာ​သို့​မ​ဟုတ်​သူ​အိပ်​သော အိပ်​ရာ​ကို​ထိ​ကိုင်​မိ​သော​သူ​သည် မိ​မိ​အ​ဝတ် များ​ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ရ​မည်။ သူ​သည် ည​ဦး​တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-

24. ရာ​သီ​သွေး​ပေါ်​သော​မိန်း​မ​သည်​မ​သန့်​စင် သော​ကြောင့် သူ​နှင့်​ကာ​မ​စပ်​ယှက်​သော​ယောကျာ်း သည်​လည်း ခု​နစ်​ရက်​တိုင်​အောင်​မ​သန့်​စင်​ဘဲ ရှိ​လိမ့်​မည်။ ထို​သူ​၏​အိပ်​ရာ​သည်​လည်း မ​သန့်​စင်။

25. အ​မျိုး​သ​မီး​တစ်​ယောက်​သည်​ရာ​သီ​သွေး ပေါ်​ချိန်​မ​ကျ​ဘဲ​နှင့် ရက်​အ​တန်​ကြာ​မျှ သွေး​ဆင်း​လျှင်​သော်​လည်း​ကောင်း၊ ရာ​သီ သွေး​ပေါ်​ချိန်​ကို​လွန်​၍​သွေး​ဆက်​ဆင်း​နေ လျှင်​သော်​လည်း​ကောင်း၊ သူ​သည်​သွေး​မ​ရပ် မ​ချင်း​ရာ​သီ​သွေး​ပေါ်​ချိန်​မှာ​ကဲ့​သို့ မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-

26. ရာ​သီ​သွေး​ပေါ်​ချိန်​အ​တွင်း​သူ​ထိုင်​သော အ​ရာ သို့​မ​ဟုတ်​သူ​အိပ်​သော​အိပ်​ရာ​သည် မ​သန့်​စင်​ချေ။-

27. ထို​အ​ရာ​တို့​ကို​ထိ​ကိုင်​မိ​သော​သူ​သည်​မ​သန့် စင်​သ​ဖြင့် မိ​မိ​အ​ဝတ်​များ​ကို​ဖွပ်​လျှော်​၍ ရေ​ချိုး​ရ​မည်။ သူ​သည်​ည​ဦး​တိုင်​အောင် မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-

28. အ​မျိုး​သ​မီး​သည်​သွေး​ဆင်း​ခြင်း​ရပ်​ပြီး နောက် ခု​နစ်​ရက်​ကြာ​လျှင်​ဘာ​သာ​ရေး​ထုံး နည်း​အ​ရ​သန့်​စင်​လာ​လိမ့်​မည်။-

29. အ​ဋ္ဌ​မ​နေ့​၌​သူ​သည်​ချိုး​နှစ်​ကောင်​သို့​မ​ဟုတ် ခို​နှစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ တဲ​တော်​တံ​ခါး​ဝ​သို့​ယူ​ဆောင်​ခဲ့​၍​ယဇ်​ပု​ရော ဟိတ်​ထံ​ပေး​အပ်​ရ​မည်။-

30. ယဇ်​ပု​ရော​ဟိတ်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ် အ​တွက်​ငှက်​တစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​အ​တွက် အ​ခြား​ငှက်​တစ်​ကောင်​ကို​ပူ​ဇော်​ရ​မည်။ ဤ နည်း​အား​ဖြင့်​ယဇ်​ပု​ရော​ဟိတ်​သည်​ထို​အ​မျိုး သ​မီး​အ​တွက်​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​ရ​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 15