ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 14:5-14 Common Language Bible (BCL)

5. ထို့​နောက်​စမ်း​ရေ​ထည့်​ထား​သော​မြေ​အိုး​ကို အောက်​မှ​ခံ​၍ ငှက်​တစ်​ကောင်​ကို​သတ်​စေ​ရ မည်။-

6. ယဇ်​ပု​ရော​ဟိတ်​သည်​သစ်​ကတိုး​သား၊ ကြိုး​နီ၊ ဟု​ဿုပ်​ပင်​ခက်​နှင့်​တ​ကွ​ငှက်​အ​ရှင်​ကို သတ်​ပြီး​သော​ငှက်​၏​သွေး​ထဲ​၌​နှစ်​ရ​မည်။-

7. ထို့​နောက်​သူ​သည်​ကိုယ်​ရေ​ပြား​ရော​ဂါ ပျောက်​ကင်း​သူ​အား သွေး​ဖြင့်​ခု​နစ်​ကြိမ်​ပက် ဖျန်း​ပြီး​လျှင်​သန့်​စင်​သူ​ဖြစ်​ကြောင်း​ကြေ ညာ​ရ​မည်။ ငှက်​အ​ရှင်​ကို​ကွင်း​ပြင်​သို့​ပျံ စေ​ရ​မည်။-

8. ရော​ဂါ​ပျောက်​ကင်း​သူ​သည်​မိ​မိ​အ​ဝတ် များ​ကို​ဖွပ်​လျှော်​၍ ကိုယ်​ပေါ်​မှ​အ​မွေး​ရှိ သ​မျှ​ကို​ရိတ်​ပြီး​လျှင်​ရေ​ချိုး​ရ​မည်။ ထို အ​ခါ​သူ​သည်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​စင်​သ​ဖြင့် စ​ခန်း​အ​တွင်း​သို့​ပြန်​ဝင် နိုင်​သည်။ သို့​ရာ​တွင်​သူ​၏​တဲ​အ​ပြင်​၌ ခု​နစ်​ရက်​နေ​ထိုင်​ရ​မည်။-

9. သတ္တ​မ​နေ့​တွင်​သူ​၏​ဆံ​ပင်၊ မုတ်​ဆိတ်​မွေး၊ မျက်​ခုံး​မွေး​နှင့်​ကိုယ်​ပေါ်​မှ​အ​မွေး​ရှိ​သ​မျှ ကို​တစ်​ဖန်​ရိတ်​ပြီး​လျှင် မိ​မိ​အ​ဝတ်​များ ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ရ​မည်။ ထို​အ​ခါ​သူ သည်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင် လိမ့်​မည်။

10. အ​ဋ္ဌ​မ​နေ့​၌​သူ​သည် အ​ပြစ်​အ​နာ​ကင်း သော​တစ်​နှစ်​သား​အ​ရွယ် သိုး​ထီး​က​လေး နှစ်​ကောင်၊ သိုး​မ​က​လေး​တစ်​ကောင်၊ သံ​လွင် ဆီ​နှင့်​ရော​သော​မုန့်​ညက်​ငါး​ပေါင်​နှင့်​သံ​လွင် ဆီ​အ​ဝက်​သား​ကို​ယူ​ဆောင်​ခဲ့​ရ​မည်။-

11. ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​ကို​အ​ထက်​ပါ ပူ​ဇော်​သ​ကာ​များ​နှင့်​တ​ကွ ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​တံ​ခါး​ဝ​သို့​ခေါ် ဆောင်​ခဲ့​ရ​မည်။-

12. ထို့​နောက်​ယဇ်​ပု​ရော​ဟိတ်​သည်​သိုး​အ​ထီး တစ်​ကောင်​နှင့် သံ​လွင်​ဆီ​အ​ဝက်​သား​ကို အ​ပြစ်​ဒဏ်​ပြေ​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော်​ရ မည်။ ထို​ပူ​ဇော်​သ​ကာ​တို့​ကို ယဇ်​ပု​ရော​ဟိတ် အ​တွက်​ထာ​ဝ​ရ​ဘု​ရား​အား အ​ထူး​လှူ ဖွယ်​အ​ဖြစ်​ဆက်​ကပ်​ရ​မည်။-

13. သူ​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင်​နှင့်​မီး​ရှို့ ရာ​ယဇ်​ကောင်​များ​ကို သတ်​သော​သန့်​ရှင်း​ရာ ဌာ​န​တွင်​သိုး​ကို​သတ်​ရ​မည်။ အ​ပြစ်​ဒဏ်​ပြေ ရာ​ယဇ်​ကောင်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင် ကဲ့​သို့ ယဇ်​ပု​ရော​ဟိတ်​ပိုင်​ရာ​ဖြစ်​၏။ ထို​ယဇ် သည်​အ​လွန်​သန့်​ရှင်း​သည်။-

14. ယဇ်​ပု​ရော​ဟိတ်​သည်​သန့်​စင်​ခြင်း​ဝတ်​ကို ပြု​နေ​သော​သူ​၏​လက်​ယာ​နား​ပျဉ်း၊ လက် ယာ​လက်​မ​နှင့်​လက်​ယာ​ခြေ​မ​တို့​တွင်​သိုး ၏​သွေး​ဖြင့်​သုတ်​ရ​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 14