ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 14:45-57 Common Language Bible (BCL)

45. ထို​အ​ခါ​အိမ်​ကို​ဖြို​ချ​၍​ကျောက်၊ သစ်​သား၊ အင်္ဂတေ​ရှိ​သ​မျှ​ကို​မြို့​ပြင်​ရှိ​အ​ညစ်​အ​ကြေး စွန့်​ရာ​အ​ရပ်​သို့​ယူ​ဆောင်​သွား​ရ​မည်။-

46. အိမ်​ကို​ပိတ်​ထား​သည့်​ကာ​လ​အ​တွင်း အိမ်​ထဲ​သို့​ဝင်​မိ​သူ​သည်​ည​ဦး​တိုင်​အောင် မ​သန့်​စင်​ချေ။-

47. ထို​အိမ်​ထဲ​တွင်​အိပ်​မိ​စား​မိ​သူ​သည်​လည်း မိ​မိ​၏​အ​ဝတ်​များ​ကို​ဖွပ်​လျှော်​ရ​မည်။

48. အိမ်​ကို​အင်္ဂ​တေ​ဖြင့်​အ​သစ်​မွမ်း​မံ​ပြီး​သည့် နောက် ယဇ်​ပု​ရော​ဟိတ်​သွား​ရောက်​စစ်​ဆေး​ကြည့် သော​အ​ခါ ဖား​ဥ​ထပ်​မံ​၍​မ​စွဲ​ကြောင်း​တွေ့ ရှိ​ရ​လျှင် ဖား​ဥ​လုံး​ဝ​မ​စွဲ​တော့​ပြီ​ဖြစ်​သော ကြောင့် ထို​အိမ်​သည်​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​သန့်​စင်​သည်​ဟူ​၍​ကြေ​ညာ​ရ​မည်။-

49. ထို​အိမ်​အ​တွက်​သန့်​စင်​ခြင်း​ဝတ်​ကို​ဆောင် ရွက်​ရန်​သူ​သည်​ငှက်​နှစ်​ကောင်၊ သစ်​က​တိုး သား၊ ကြိုး​နီ၊ ဟု​ဿုပ်​ပင်​ခက်​စ​သည်​တို့​ကို ယူ​ဆောင်​ခဲ့​ရ​မည်။-

50. သူ​သည်​စမ်း​ရေ​ထည့်​ထား​သော​မြေ​အိုး​ကို အောက်​မှ​ခံ​၍​ငှက်​တစ်​ကောင်​ကို​သတ်​ရ​မည်။-

51. ထို့​နောက်​သစ်​က​တိုး​သား၊ ဟု​ဿုပ်​ခက်၊ ကြိုး နီ​နှင့်​တ​ကွ ငှက်​အ​ရှင်​ကို​သတ်​ပြီး​သော ငှက်​၏​သွေး​နှင့်​စမ်း​ရေ​ထည့်​လာ​သော​အိုး ထဲ​တွင်​နှစ်​ပြီး​လျှင် အိမ်​ကို​ခု​နစ်​ကြိမ်​ပက် ဖျန်း​ရ​မည်။-

52. ဤ​နည်း​အား​ဖြင့်​သူ​သည်​ငှက်​၏​သွေး၊ စမ်း ရေ၊ ငှက်​အ​ရှင်၊ သစ်​က​တိုး​သား၊ ဟု​ဿုပ်​ခက် နှင့်​ကြိုး​နီ​စ​သည်​တို့​ကို​အ​သုံး​ပြု​၍​အိမ် အ​တွက်​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​ရ​မည်။-

53. ထို​နောက်​ငှက်​အ​ရှင်​ကို​မြို့​ပြင်​ကွင်း​ပြင် သို့​လွှတ်​လိုက်​ရ​မည်။ ဤ​နည်း​အား​ဖြင့်​သူ​သည် အိမ်​အ​တွက်​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​သ​ဖြင့် အိမ်​သည်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင် လာ​လိမ့်​မည်။

54. ဤ​ပ​ညတ်​သည်​ကား ဆိုး​ရွား​သည့်​ကိုယ်​ရေ ပြား​ရော​ဂါ​များ​နှင့်​ဆိုင်​၍​လည်း​ကောင်း၊-

55-56. ကိုယ်​ရေ​ပြား​ပေါ်​တွင်​ပေါက်​သော​အ​နာ၊ အ​နာ စိမ်း၊ သို့​မ​ဟုတ်​ဖူး​ယောင်​နာ​နှင့်​ဆိုင်​၍​လည်း ကောင်း၊ အ​ဝတ်​အ​ထည်​နှင့်​အိမ်​များ​တွင်​ဖား​ဥ စွဲ​ခြင်း​နှင့်​ဆိုင်​၍​လည်း​ကောင်း​ပြ​ဋ္ဌာန်း​သော ပ​ညတ်​များ​ဖြစ်​သည်။-

57. ဤ​ပ​ညတ်​များ​သည်​သန့်​စင်​သည်​မ​သန့်​စင် သည်​ကို အ​ဆုံး​အ​ဖြတ်​ပေး​သော​ပ​ညတ်​များ ဖြစ်​သည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 14