ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 14:40-51 Common Language Bible (BCL)

40. ဖား​ဥ​စွဲ​သော​ကျောက်​တုံး​များ​ကို​ထုတ်​၍ မြို့​ပြင်​ရှိ​အ​ညစ်​အ​ကြေး​စွန့်​ရာ​အ​ရပ် ၌​စွန့်​ပစ်​ရ​မည်။-

41. ထို​နောက်​အိမ်​တွင်း​ထ​ရံ​များ​မှ​အင်္ဂ​တေ​ကို ခြစ်​ခွာ​စေ​ရ​မည်။ ခြစ်​ခွာ​၍​ရ​သော​အင်္ဂ​တေ ကို​မြို့​ပြင်​ရှိ​အ​ညစ်​အ​ကြေး​စွန့်​ရာ​အ​ရပ် ၌​စွန့်​ပစ်​ရ​မည်။-

42. ထုတ်​ပစ်​သော​ကျောက်​တုံး​များ​နေ​ရာ​တွင် အ​ခြား​ကျောက်​တုံး​များ​ဖြင့်​အ​စား​ထိုး ၍ ထ​ရံ​များ​ကို​အင်္ဂ​တေ​ဖြင့်​အ​သစ်​မွမ်း​မံ စေ​ရ​မည်။

43. ထို​အိမ်​တွင်​ကျောက်​တုံး​များ​ကို​ထုတ်​၍​ထ​ရံ များ​ကို​ခြစ်​လျက် အင်္ဂ​တေ​အ​သစ်​မွမ်း​မံ​ပြီး နောက်​ဖား​ဥ​စွဲ​ပြန်​လျှင်၊-

44. ယဇ်​ပု​ရော​ဟိတ်​သည်​ထို​အိမ်​သို့​သွား​ရောက် စစ်​ဆေး​ရ​မည်။ ဖား​ဥ​ပြန့်​ပွား​လျက်​ရှိ​သည် ကို​တွေ့​ရ​လျှင်​ထို​အိမ်​သည်​မ​သန့်​စင်​ချေ။-

45. ထို​အ​ခါ​အိမ်​ကို​ဖြို​ချ​၍​ကျောက်၊ သစ်​သား၊ အင်္ဂတေ​ရှိ​သ​မျှ​ကို​မြို့​ပြင်​ရှိ​အ​ညစ်​အ​ကြေး စွန့်​ရာ​အ​ရပ်​သို့​ယူ​ဆောင်​သွား​ရ​မည်။-

46. အိမ်​ကို​ပိတ်​ထား​သည့်​ကာ​လ​အ​တွင်း အိမ်​ထဲ​သို့​ဝင်​မိ​သူ​သည်​ည​ဦး​တိုင်​အောင် မ​သန့်​စင်​ချေ။-

47. ထို​အိမ်​ထဲ​တွင်​အိပ်​မိ​စား​မိ​သူ​သည်​လည်း မိ​မိ​၏​အ​ဝတ်​များ​ကို​ဖွပ်​လျှော်​ရ​မည်။

48. အိမ်​ကို​အင်္ဂ​တေ​ဖြင့်​အ​သစ်​မွမ်း​မံ​ပြီး​သည့် နောက် ယဇ်​ပု​ရော​ဟိတ်​သွား​ရောက်​စစ်​ဆေး​ကြည့် သော​အ​ခါ ဖား​ဥ​ထပ်​မံ​၍​မ​စွဲ​ကြောင်း​တွေ့ ရှိ​ရ​လျှင် ဖား​ဥ​လုံး​ဝ​မ​စွဲ​တော့​ပြီ​ဖြစ်​သော ကြောင့် ထို​အိမ်​သည်​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​သန့်​စင်​သည်​ဟူ​၍​ကြေ​ညာ​ရ​မည်။-

49. ထို​အိမ်​အ​တွက်​သန့်​စင်​ခြင်း​ဝတ်​ကို​ဆောင် ရွက်​ရန်​သူ​သည်​ငှက်​နှစ်​ကောင်၊ သစ်​က​တိုး သား၊ ကြိုး​နီ၊ ဟု​ဿုပ်​ပင်​ခက်​စ​သည်​တို့​ကို ယူ​ဆောင်​ခဲ့​ရ​မည်။-

50. သူ​သည်​စမ်း​ရေ​ထည့်​ထား​သော​မြေ​အိုး​ကို အောက်​မှ​ခံ​၍​ငှက်​တစ်​ကောင်​ကို​သတ်​ရ​မည်။-

51. ထို့​နောက်​သစ်​က​တိုး​သား၊ ဟု​ဿုပ်​ခက်၊ ကြိုး နီ​နှင့်​တ​ကွ ငှက်​အ​ရှင်​ကို​သတ်​ပြီး​သော ငှက်​၏​သွေး​နှင့်​စမ်း​ရေ​ထည့်​လာ​သော​အိုး ထဲ​တွင်​နှစ်​ပြီး​လျှင် အိမ်​ကို​ခု​နစ်​ကြိမ်​ပက် ဖျန်း​ရ​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 14