ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 14:27-35 Common Language Bible (BCL)

27. လက်​ယာ​လက်​ညှိုး​ဖြင့် ထာ​ဝ​ရ​ဘု​ရား​၏ ရှေ့​တော်​၌​ခု​နစ်​ကြိမ်​ဖျန်း​ရ​မည်။-

28. တစ်​ဖန်​သူ​သည်​သွေး​သုတ်​ပြီး​သော​နေ​ရာ များ​ဖြစ်​သည့်​လက်​ယာ​နား​ပျဉ်း၊ လက်​ယာ လက်​မ၊ လက်​ယာ​ခြေ​မ​တို့​တွင်​ဆီ​အ​နည်း ငယ်​သုတ်​ရ​မည်။-

29. တစ်​ဖန်​သူ​သည်​လက်​ဖ​ဝါး​ထဲ​တွင်​ကျန်​ရှိ သော​ဆီ​ဖြင့် ထို​သူ​၏​ဦး​ခေါင်း​ကို​သုတ်​ရ​မည်။ ဤ​နည်း​အား​ဖြင့်​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု ရ​မည်။-

30. ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​သည်​ချိုး​တစ်​ကောင်၊ သို့​မ​ဟုတ်​ခို​တစ်​ကောင်​ကို​အ​ပြစ်​ဖြေ​ရာ ယဇ်​အ​တွက်​လည်း​ကောင်း၊-

31. အ​ခြား​တစ်​ကောင်​ကို​မီး​ရှို့​ရာ​ယဇ်​အ​တွက် လည်း​ကောင်း၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​နှင့်​တ​ကွ ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရ​မည်။ ဤ​နည်း အား​ဖြင့်​ယဇ်​ပု​ရော​ဟိတ်​သည်​သန့်​စင်​ခြင်း ဝတ်​ကို​ဆောင်​ရွက်​ရ​မည်။-

32. ဤ​ပ​ညတ်​သည်​ကား​ဆင်း​ရဲ​၍​မ​တတ်​နိုင် သည့်​ကိုယ်​ရေ​ပြား​ရော​ဂါ​သည် လိုက်​နာ​ရ မည့်​သန့်​စင်​ခြင်း​ဝတ်​နှင့်​ဆိုင်​သော​ပ​ညတ် ဖြစ်​သတည်း။

33-34. ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့ အား အိမ်​များ​တွင်​ဖား​ဥ​စွဲ​ခြင်း​နှင့်​ပတ်​သက် ၍ အောက်​ဖော်​ပြ​ပါ​ပ​ညတ်​များ​ကို​ချ​မှတ် ပေး​တော်​မူ​၏။ (ဤ​ပ​ညတ်​သည် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ပိုင်​ဆိုင်​နေ​ထိုင်​ရန် ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​မည့်​ခါ​နာန်​ပြည်​သို့​ရောက် ရှိ​ပြီး​နောက်​လိုက်​လျှောက်​ရ​မည့်​ပညတ်​များ ဖြစ်​သည်။-)

35. တစ်​စုံ​တစ်​ယောက်​သော​သူ​သည် မိ​မိ​၏​အိမ် တွင်​ဖား​ဥ​စွဲ​ကြောင်း​တွေ့​ရ​လျှင် ယဇ်​ပု​ရော ဟိတ်​ထံ​သို့​သွား​ရောက်​တိုင်​ကြား​ရ​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 14