ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 14:12-28 Common Language Bible (BCL)

12. ထို့​နောက်​ယဇ်​ပု​ရော​ဟိတ်​သည်​သိုး​အ​ထီး တစ်​ကောင်​နှင့် သံ​လွင်​ဆီ​အ​ဝက်​သား​ကို အ​ပြစ်​ဒဏ်​ပြေ​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော်​ရ မည်။ ထို​ပူ​ဇော်​သ​ကာ​တို့​ကို ယဇ်​ပု​ရော​ဟိတ် အ​တွက်​ထာ​ဝ​ရ​ဘု​ရား​အား အ​ထူး​လှူ ဖွယ်​အ​ဖြစ်​ဆက်​ကပ်​ရ​မည်။-

13. သူ​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင်​နှင့်​မီး​ရှို့ ရာ​ယဇ်​ကောင်​များ​ကို သတ်​သော​သန့်​ရှင်း​ရာ ဌာ​န​တွင်​သိုး​ကို​သတ်​ရ​မည်။ အ​ပြစ်​ဒဏ်​ပြေ ရာ​ယဇ်​ကောင်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင် ကဲ့​သို့ ယဇ်​ပု​ရော​ဟိတ်​ပိုင်​ရာ​ဖြစ်​၏။ ထို​ယဇ် သည်​အ​လွန်​သန့်​ရှင်း​သည်။-

14. ယဇ်​ပု​ရော​ဟိတ်​သည်​သန့်​စင်​ခြင်း​ဝတ်​ကို ပြု​နေ​သော​သူ​၏​လက်​ယာ​နား​ပျဉ်း၊ လက် ယာ​လက်​မ​နှင့်​လက်​ယာ​ခြေ​မ​တို့​တွင်​သိုး ၏​သွေး​ဖြင့်​သုတ်​ရ​မည်။-

15. ထို့​နောက်​ယဇ်​ပု​ရော​ဟိတ်​သည် မိ​မိ​၏​လက် ဝဲ​လက်​ဖ​ဝါး​ထဲ​သို့​သံ​လွင်​ဆီ​အ​နည်း ငယ်​ကို​လောင်း​ထည့်​လျက်၊-

16. လက်​ယာ​လက်​ညှိုး​ဖြင့်​ဆီ​ကို​တို့​၍ ထာ​ဝ​ရ ဘု​ရား​၏​ရှေ့​တော်​တွင်​ခု​နစ်​ကြိမ်​ဖျန်း​ရ မည်။-

17. တစ်​ဖန်​သူ​သည်​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​နေ​သူ​၏ လက်​ယာ​နား​ပျဉ်း၊ လက်​ယာ​လက်​မ၊ လက် ယာ​ခြေ​မ​တို့​တွင်​လက်​ဖ​ဝါး​ထဲ​မှ​ဆီ နှင့်​သိုး​၏​သွေး​အ​နည်း​ငယ်​ဖြင့်​သုတ် ရ​မည်။-

18. လက်​ဖ​ဝါး​ထဲ​တွင်​ကျန်​ရှိ​သော​ဆီ​ဖြင့် ထို သူ​၏​ဦး​ခေါင်း​ကို​သုတ်​ရ​မည်။ ဤ​နည်း​အား ဖြင့်​သူ​သည်​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​ရ​မည်။

19. ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​သည် အ​ပြစ်​ဖြေ​ရာ ယဇ်​ကို​ပူ​ဇော်​၍ သန့်​စင်​ခြင်း​ဝတ်​ကို​ဆောင် ရွက်​ရ​မည်။ ထို​နောက်​သူ​သည်​မီး​ရှို့​ရာ​ယဇ် ကောင်​ကို​သတ်​၍၊-

20. ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​နှင့်​တ​ကွ ယဇ်​ပလ္လင် ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ဤ​နည်း​အား ဖြင့်​ယဇ်​ပု​ရော​ဟိတ်​သည်​သန့်​စင်​ခြင်း​ဝတ် ကို​ဆောင်​ရွက်​ပြီး​နောက်​ရော​ဂါ​ပျောက်​ကင်း သူ​သည်​သန့်​စင်​လိမ့်​မည်။

21. ထို​သူ​သည်​ဆင်း​ရဲ​သ​ဖြင့် အ​ထက်​ပါ​ပူ​ဇော် သ​ကာ​များ​ကို​သန့်​စင်​ခြင်း​ဝတ်​အ​တွက် အ​ပြစ်​ဒဏ်​ပြေ​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော်​ရန် မ​တတ်​နိုင်​လျှင် သိုး​ထီး​က​လေး​တစ်​ကောင် ကို​သာ​ယူ​ဆောင်​ခဲ့​ရ​မည်။ ထို​ယဇ်​သည်​ယဇ် ပု​ရော​ဟိတ်​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား အ​ထူး​လှူ​ဘွယ်​ဖြစ်​သည်။ သူ​သည်​ဘော​ဇဉ် ပူ​ဇော်​သ​ကာ​အ​တွက် သံ​လွင်​ဆီ​နှင့်​ရော သော​မုန့်​ညက်​နှစ်​ပေါင်​ကို​လည်း​ကောင်း၊ သံ လွင်​ဆီ​အဝက်​သား​ကို​လည်း​ကောင်း​ယူ​ခဲ့ ရ​မည်။-

22. အ​ပြစ်​ဖြေ​ရာ​ယဇ်​နှင့်​မီး​ရှို့​ရာ​ယဇ် အ​တွက်​တစ်​ကောင်​စီ​ပူ​ဇော်​ရန် ချိုး​နှစ်​ကောင် သို့​မ​ဟုတ်​ခို​နှစ်​ကောင်​ကို​လည်း​ယူ​ခဲ့​ရ​မည်။-

23. သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​သည့်​အ​ဋ္ဌ​မ​နေ့​၌ သူ​သည် ထို​ပူ​ဇော်​သ​ကာ​တို့​ကို​ယဇ်​ပု​ရော ဟိတ်​ထံ​တဲ​တော်​တံ​ခါး​ဝ​သို့​ယူ​ဆောင်​ခဲ့ ရ​မည်။-

24. ယဇ်​ပု​ရော​ဟိတ်​သည်​သိုး​နှင့်​သံ​လွင်​ဆီ​ကို ယဇ်​ပု​ရော​ဟိတ်​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား အ​ထူး​ပူ​ဇော်​သ​ကာ​အ​ဖြစ်​ဆက်​ကပ်​ရ​မည်။-

25. သူ​သည်​သိုး​ကို​သတ်​ပြီး​လျှင်​သွေး​အ​နည်း ငယ်​ဖြင့် ထို​သူ​၏​လက်​ယာ​နား​ပျဉ်း၊ လက်​ယာ လက်​မ၊ လက်​ယာ​ခြေ​မ​တို့​ကို​သုတ်​ရ​မည်။-

26. ထို့​နောက်​ယဇ်​ပု​ရော​ဟိတ်​သည် မိ​မိ​၏​လက်​ဝဲ လက်​ဖ​ဝါး​ထဲ​တွင်​ဆီ​အ​နည်း​ငယ်​ကို​ထည့် ၍၊-

27. လက်​ယာ​လက်​ညှိုး​ဖြင့် ထာ​ဝ​ရ​ဘု​ရား​၏ ရှေ့​တော်​၌​ခု​နစ်​ကြိမ်​ဖျန်း​ရ​မည်။-

28. တစ်​ဖန်​သူ​သည်​သွေး​သုတ်​ပြီး​သော​နေ​ရာ များ​ဖြစ်​သည့်​လက်​ယာ​နား​ပျဉ်း၊ လက်​ယာ လက်​မ၊ လက်​ယာ​ခြေ​မ​တို့​တွင်​ဆီ​အ​နည်း ငယ်​သုတ်​ရ​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 14