ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 10:4-8 Common Language Bible (BCL)

4. မော​ရှေ​သည်​အာ​ရုန်​၏​ဦး​ရီး​တော်​သြ​ဇေ​လ ၏​သား​များ​ဖြစ်​ကြ​သော မိ​ရှေ​လ​နှင့်​ဧ​လ​ဇာ ဖန်​တို့​ကို​ခေါ်​၍``သင်​တို့​ညီ​အစ်​ကို​များ​၏ အ​လောင်း​များ​ကို​သန့်​ရှင်း​ရာ​တဲ​တော်​မှ စ​ခန်း​အ​ပြင်​သို့​ထုတ်​ဆောင်​သွား​ကြ'' ဟု စေ​ခိုင်း​လေ​သည်။-

5. ထို​အ​ခါ​သူ​တို့​သည်​မော​ရှေ​မိန့်​မှာ​သည့်​အ​တိုင်း အ​လောင်း​များ​ကို​လက်​ဖြင့်​မ​ထိ​ကိုင်​မိ​စေ​ရန် အ​ဝတ်​အင်္ကျီ​များ​မှ​ဆွဲ​၍​စ​ခန်း​အ​ပြင်​သို့ ထုတ်​ဆောင်​သွား​ကြ​လေ​သည်။

6. ထို​နောက်​မော​ရှေ​က​အာ​ရုန်​နှင့်​သူ​၏​သား များ​ဖြစ်​ကြ​သော ဧ​လာ​ဇာ​နှင့်​ဣ​သ​မာ​တို့ အား``သင်​တို့​သည်​သေ​ဆုံး​သူ​များ​အ​တွက် ဝမ်း​နည်း​ကြေ​ကွဲ​ခြင်း​ကို​ပြ​ရန် ဆံ​ပင်​ကို မ​ဖြီး​ဘဲ​မ​နေ​ကြ​နှင့်။ အ​ဝတ်​အင်္ကျီ​များ ကို​လည်း​မ​ဆုတ်​ဖြဲ​ကြ​နှင့်။ ထို​သို့​ပြု​လျှင် သင်​တို့​၏​အ​သက်​ဆုံး​ရ​လိမ့်​မည်။ ထာ​ဝ​ရ ဘု​ရား​သည်​လည်း ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​အား​အ​မျက်​တော်​ထွက်​လိမ့်​မည်။ သို့​သော်​သင်​တို့​၏​သွေး​ချင်း​ဖြစ်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​မူ ကား ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​လောင်​မီး ကျ​၍ သေ​ဆုံး​သူ​တို့​အ​တွက်​ဝမ်း​နည်း ကြေ​ကွဲ​ကြောင်း​ပြ​နိုင်​သည်။-

7. သင်​တို့​ကား​ထာ​ဝ​ရ​ဘု​ရား​၏​သိက္ခာ​တင် ဆီ​လောင်း​၍ ဆက်​ကပ်​ထား​သူ​များ​ဖြစ်​သော ကြောင့် သင်​တို့​သည်​တဲ​တော်​တံ​ခါး​မှ​ထွက် ခွာ​မ​သွား​ရ။ ထွက်​ခွာ​သွား​လျှင်​သင်​တို့​သေ ရ​မည်'' ဟု​ဆို​လေ​၏။ သူ​တို့​သည်​မော​ရှေ မှာ​ကြား​သည့်​အ​တိုင်း​လိုက်​နာ​ကြ​လေ​သည်။

8. ထာ​ဝ​ရ​ဘု​ရား​က​အာ​ရုန်​အား၊-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 10