ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 10:14-20 Common Language Bible (BCL)

14. သင်​နှင့်​သင်​တို့​၏​မိ​သား​စု​များ​သည်​ယဇ် ပု​ရော​ဟိတ်​များ​အ​တွက် ထာ​ဝ​ရ​ဘု​ရား အား​အ​ထူး​ဆက်​သ​သော​ရင်​ဒူး​သား​နှင့် ပေါင်​တို့​ကို ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့် ရှင်း​သော​အ​ရပ်​တွင်​စား​ရ​မည်။ ဤ​ဝေ​စု များ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ မိတ်​သ​ဟာ​ယ​ပူ​ဇော်​သ​ကာ​များ​ထဲ​မှ သင်​နှင့်​သင်​၏​သား​သ​မီး​များ​အ​တွက် ဝေ​စု​များ​ဖြစ်​သည်။-

15. သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော် သ​ကာ​အ​ဖြစ်​ယဇ်​ကောင်​အ​ဆီ​ကို​ပူ​ဇော် သော​အ​ခါ ရင်​ဒူး​နှင့်​ပေါင်​တို့​ကို​ယူ​ဆောင် ခဲ့​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့် အ​တိုင်း ဤ​ယဇ်​ကောင်​ပိုင်း​များ​သည် သင်​နှင့် သင်​၏​သား​စဉ်​မြေး​ဆက်​အ​တွက်​ဝေ​စု ဖြစ်​ရ​မည်'' ဟု​ဆို​လေ​သည်။

16. ထို့​နောက်​မော​ရှေ​သည် အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ် သော​ဆိတ်​အ​ကြောင်း​ကို​စုံ​စမ်း​မေး​မြန်း​သော အ​ခါ ထို​ယဇ်​ကို​မီး​ရှို့​ပူ​ဇော်​ပြီး​ကြောင်း​သိ ရ​၏။ ထို့​ကြောင့်​သူ​သည်​ဧ​လာ​ဇာ​နှင့်​ဣ​သ​မာ တို့​အား​အ​မျက်​ထွက်​၍၊-

17. ``သင်​တို့​သည်​အ​ဘယ်​ကြောင့်​ထို​ယဇ်​ကောင်​၏ အ​သား​ကို သန့်​ရှင်း​ရာ​ဌာ​န​တွင်​မ​စား​ကြ သ​နည်း။ အ​ပြစ်​ဖြေ​ရာ​ယဇ်​သည်​အ​ထူး​ပူ ဇော်​သော​ပူ​ဇော်​သ​ကာ​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အ​ပြစ် ကို​ဖြေ​ရန်​အ​တွက် သင်​တို့​အား​ထို​ယဇ် ကောင်​အ​သား​ကို​ပေး​တော်​မူ​ပြီ။-

18. ယဇ်​ကောင်​၏​သွေး​ကို​တဲ​တော်​ထဲ​သို့​မ​ယူ​ခဲ့ ပါ​တ​ကား။ သင်​တို့​သည်​ငါ​မိန့်​မှာ​သည့်​အ​တိုင်း ထို​ယဇ်​ကောင်​၏​အ​သား​ကို​တဲ​တော်​တွင်​စား ရ​မည်'' ဟု​ဆို​လေ​၏။

19. ထို​အ​ခါ​အာ​ရုန်​က​မော​ရှေ​အား``အ​ကယ်​၍ အ​ကျွန်ုပ်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင်​၏ အ​သား​ကို ယ​နေ့​စား​ခဲ့​သော်​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​ပါ​မည်​လော။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ယ​နေ့​ထာ​ဝ​ရ​ဘု​ရား အား​အ​ပြစ်​ဖြေ​ရာ​ယဇ်​နှင့် မီး​ရှို့​ရာ​ယဇ်​တို့ ကို​ပူ​ဇော်​ကြ​ပါ​ပြီ။ သို့​ဖြစ်​ပါ​လျက်​နှင့် အ​ကျွန်ုပ်​၌ ဤ​အ​ဖြစ်​ဆိုး​နှင့်​တွေ့​ကြုံ​ရ ပါ​သည်​တ​ကား'' ဟု​ဖြေ​ကြား​လေ​၏။-

20. မော​ရှေ​သည်​အာ​ရုန်​၏​အ​ဖြေ​ကို​ကြား​ရ လျှင်​ကျေ​နပ်​လေ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 10