ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဝတ်​ပြု 1:5-12 Common Language Bible (BCL)

5. သူ​သည်​ထို​နေ​ရာ​တွင်​နွား​ကို​သတ်​၍ အာ​ရုန် ၏​သား​များ​ဖြစ်​ကြ​သော​ယဇ်​ပု​ရော​ဟိတ်​တို့ က​သွေး​ကို ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​သ​ပြီး လျှင် တဲ​တော်​တံ​ခါး​ဝ​တွင်​ရှိ​သော​ယဇ်​ပလ္လင် ဘေး​လေး​ဘက်​စ​လုံး​ပေါ်​သို့​ပက်​ဖျန်း​ရ ကြ​မည်။-

6. ထို​နောက်​သူ​သည်​နွား​ကို​အ​ရေ​ဆုတ်​၍ ခုတ် ဖြတ်​ရ​မည်။-

7. ယဇ်​ပု​ရော​ဟိတ်​တို့​က​ယဇ်​ပလ္လင်​ပေါ်​တွင် ထင်း​ကို​စီ​ခင်း​၍ မီး​ညှိ​ရ​မည်။-

8. ထို့​နောက်​အ​သား​တစ်၊ ဦး​ခေါင်း​နှင့်​အ​ဆီ​ကို ထင်း​ပေါ်​တွင်​စီ​တင်​ရ​မည်။-

9. ဝမ်း​တွင်း​သား​နှင့်​နောက်​ခြေ​များ​ကို​ရေ​ဆေး ရ​မည်။ ထို့​နောက်​တာ​ဝန်​ကျ​ယဇ်​ပု​ရော​ဟိတ် သည် တိ​ရစ္ဆာန်​တစ်​ကောင်​လုံး​ကို​ပလ္လင်​ပေါ်​တွင် မီး​ရှို့​ပူ​ဇော်​ရ​မည်။ ဤ​ပူ​ဇော်​သ​ကာ​၏​ရ​နံ့ ကို ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​၏။

10. ထို​သူ​သည်​သိုး​သို့​မ​ဟုတ်​ဆိတ်​ကို​ယဇ်​ပူ ဇော်​လို​လျှင် ထို​ယဇ်​ကောင်​သည်​အ​ပြစ်​အ​နာ ကင်း​သည့်​သိုး​ထီး​ဆိတ်​ထီး​ဖြစ်​ရ​မည်။-

11. သူ​သည်​ယဇ်​ကောင်​ကို​ယဇ်​ပလ္လင်​၏​မြောက်​ဘက် တွင်​သတ်​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​များ​သည်​ယဇ် ကောင်​၏​သွေး​ကို ပလ္လင်​ဘေး​လေး​ဘက်​စ​လုံး ပေါ်​သို့​ပက်​ဖျန်း​ရ​မည်။-

12. သူ​သည်​ယဇ်​ကောင်​ကို​ခုတ်​ဖြတ်​ပြီး​နောက် တာ​ဝန် ကျ​ယဇ်​ပု​ရော​ဟိတ်​သည်​အ​သား​တစ်၊ ဦး​ခေါင်း နှင့်​အ​ဆီ​ကို​ထင်း​မီး​ပေါ်​တွင်​တင်​ရ​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဝတ်​ပြု 1