ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှောလမုန်သီချင်း။ 7:2-8 Common Language Bible (BCL)

2. သင်၏ရင်သားနှစ်ဘက်တို့သည် ဒရယ်သငယ် အမွှာနှင့် တူကြပါ၏။

3. လည်ပင်းသည်ဆင်စွယ်ရဲတိုက် ကဲ့သို့၎င်း၊ မျက်စိတို့သည် ဟေရှဘုန်မြို့၊ ဗာသရဗ္ဗိမ်တံခါးနားမှာ ရှိသောရေကန်ကဲ့သို့၎င်း၊ နှာခေါင်းသည် ဒမာသက်မြို့သို့ မျက်နှာပြုသော လေဗနုန်ရဲတိုက်ကဲ့သို့၎င်း ဖြစ်ပါ၏။

4. သင်၏ဦခေါင်းသည် ကရမေလတောင်နှင့် တူ၍၊ ဆံပင်သည်လည်း နီမောင်းသော တန်ဆာဆင်ပါ ၏။ မင်းကြီးသည် ကျစ်သောဆံပင်နှင့် နှောင်ဖွဲ့လျက် ရှိတော်မူ၏။

5. ငါချစ်သောနှမ၊ ငါပျော်မွေ့ဘို့ရာ သင်သည် အလွန်လှပေ၏။ အလွန်ချစ်ဘွယ်သော လက္ခဏာနှင့် ပြည့်စုံပေ၏။

6. သင်၏အရပ်သည် စွန်ပလွံပင်ကဲ့သို့ဖြစ်၍၊ သင်၏ရင်သားတို့လည်း စွန်ပလွံသီးပြွတ်နှင့်တူကြ၏။

7. စွန်ပလွံပင်ကို ငါတက်မည်၊ အကိုင်းအခက် တို့ကို ကိုင်မည်ဟု ငါဆို သော်၊ တဖန်သင်၏ရင်သားတို့ သည် စပျစ်သီးပြွတ်ကဲ့သို့၎င်း၊ သင်ရူ သောအသက်အနံ့ သည် ရှောက်ချိုသီးအနံ့ကဲ့သို့၎င်း၊

8. သင်၏နှုတ်သည်လည်း အကောင်းဆုံးသော စပျစ်ရည်ကဲ့သို့၎င်းဖြစ်၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှောလမုန်သီချင်း။ 7