8. သို့ဖြစ်၍ထိုသူသည်ဗောဇအား``ထိုလယ် မြေကို သင်ပင်လျှင်ဝယ်ယူပါလော့'' ဟု ဆို၍မိမိဖိနပ်ကိုချွတ်ပေးလေသည်။-
9. ထိုအခါဗောဇကမြို့အကြီးအကဲများ နှင့် အခြားသူအပေါင်းတို့အား``ဧလိမလက်၊ ခိလျုန်နှင့်မဟာလုန်တို့ပိုင်သောဥစ္စာပစ္စည်း မှန်သမျှကို နောမိထံမှယနေ့ငါဝယ်ယူ ကြောင်းသင်တို့အသိသက်သေဖြစ်ကြ၏။-
10. ထို့အပြင်မဟာလုန်၏မုဆိုးမ၊ မောဘ အမျိုးသမီးရုသသည် ငါ၏gen 1gဇနီးဖြစ် လာလေပြီ။ ဤနည်းအားဖြင့်ထိုပစ္စည်းဥစ္စာ များသည် သေလွန်သူ၏အိမ်ထောင်စုလက် ဝယ်တည်ရှိနေပါလိမ့်မည်။ သေသူ၏ဆွေ စဉ်မျိုးဆက်သည်လည်း သူ၏အမျိုးသား များနှင့်သူ၏နေရင်းမြို့တွင်မပြတ်ဘဲ ဆက်လက်ပွားလျက်နေပါလိမ့်မည်။ သင် တို့သည်ဤအမှုတွင်အသိသက်သေ ဖြစ်ကြ၏'' ဟုဆို၏။
11. မြို့အကြီးအကဲများနှင့်အခြားသူတို့ ကလည်း``ငါတို့သည်အသိသက်သေဖြစ် ကြပါ၏။ သင်၏ဇနီးအားယာကုပ်အတွက် သားသမီးအမြောက်အမြားမွေးဖွားပေး သည့်ရာခေလနှင့်လေအာတို့ကဲ့သို့ဖြစ် စေရန် ထာဝရဘုရားကူမတော်မူပါစေ သော။ သင်သည်လည်းဧဖရတ်သားချင်းစု တွင်ချမ်းသာကြွယ်ဝလျက် ဗက်လင်မြို့ ၌ထင်ပေါ်ကျော်စောပါစေသော။-
12. ဤအမျိုးသမီးအားဖြင့် ထာဝရဘုရား ပေးတော်မူသောသားသမီးများသည် ယုဒ နှင့်တာမာတို့၏သားဖာရက်၏အိမ်ထောင် စုဝင်များကဲ့သို့ဖြစ်ကြပါစေသော'' ဟု ဆိုကြ၏။
13. သို့ဖြစ်၍ဗောဇသည်ရုသအားမိမိ၏ ဇနီးအဖြစ်သိမ်းပိုက်ပြီးလျှင် အိမ်သို့ခေါ် ဆောင်သွားလေသည်။ ထာဝရဘုရားသည် ရုသအားကောင်းချီးပေးတော်မူသဖြင့် သူသည်ကိုယ်ဝန်ဆောင်၍သားကိုဖွား မြင်၏။-
14. အမျိုးသမီးများကနောမိအား``ထာဝရ ဘုရား၏ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းပါ လော့။ ကိုယ်တော်သည်သင့်ကိုကြည့်ရှုစောင့် ရှောက်ရန်အတွက် မြေးယောကျာ်းကလေးကို ယနေ့ပေးသနားတော်မူလေပြီ။ ထိုသူငယ် သည် ဣသရေလပြည်တွင်ထင်ပေါ်ကျော်စော သူဖြစ်လာပါစေသော။-
15. သင်၏ချွေးမသည်သင့်ကိုချစ်သဖြင့် သား ယောကျာ်းခုနစ်ယောက်ထက်ပင်သင့်အားပို ၍ပြုစုခဲ့သူဖြစ်ပေသည်။ ယခုသူသည် မြေးယောကျာ်းကလေးကို မွေးဖွားပေးလေ ပြီ။ ထိုသူငယ်သည်သင့်အားဘဝသစ်ကို ပေး၍ သင်အိုမင်းမစွမ်းရှိချိန်၌လုံခြုံ မှုကိုပေးမည့်သူဖြစ်ပါ၏'' ဟုပြောဆို ကြ၏။-
16. နောမိသည်ကလေးငယ်ကိုယူ၍ပိုက်ချီ လျက်ထိန်းလေ၏။
17. အိမ်နီးချင်းအမျိုးသမီးများက ထိုသူ ငယ်ကိုသြဗက်ဟူသောနာမည်ကိုပေးကြ လျက်``နောမိသည်သားယောကျာ်းကလေး ကိုရရှိလေပြီ'' ဟုလူအပေါင်းတို့အား ပြောကြားကြ၏။ သြဗက်သည် ဒါဝိဒ်၏ အဖဖြစ်သူယေရှဲ၏ဖခင်ဖြစ်လာလေ သည်။
18-22. ဖာရက်မှဒါဝိဒ်တိုင်အောင် သားစဉ်မြေးဆက် များမှာဖာရက်၊ ဟေဇရုံ၊ အာရံ၊ အမိနဒပ်၊ နာရှုန်၊ စာလမုန်၊ ဗောဇ၊ သြဗက်၊ ယေရှဲ၊ ဒါဝိဒ်ဟူ၍ဖြစ်သတည်း။ ရုသဝတ္ထုပြီး၏။