ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရု​သ 4:11-18-22 Common Language Bible (BCL)

11. မြို့​အ​ကြီး​အ​ကဲ​များ​နှင့်​အ​ခြား​သူ​တို့ က​လည်း``ငါ​တို့​သည်​အ​သိ​သက်​သေ​ဖြစ် ကြ​ပါ​၏။ သင်​၏​ဇ​နီး​အား​ယာ​ကုပ်​အ​တွက် သား​သ​မီး​အ​မြောက်​အ​မြား​မွေး​ဖွား​ပေး သည့်​ရာ​ခေ​လ​နှင့်​လေ​အာ​တို့​ကဲ့​သို့​ဖြစ် စေ​ရန် ထာ​ဝ​ရ​ဘု​ရား​ကူ​မ​တော်​မူ​ပါ​စေ သော။ သင်​သည်​လည်း​ဧ​ဖ​ရတ်​သား​ချင်း​စု တွင်​ချမ်း​သာ​ကြွယ်​ဝ​လျက် ဗက်​လင်​မြို့ ၌​ထင်​ပေါ်​ကျော်​စော​ပါ​စေ​သော။-

12. ဤ​အ​မျိုး​သ​မီး​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​သား​သ​မီး​များ​သည် ယု​ဒ နှင့်​တာ​မာ​တို့​၏​သား​ဖာ​ရက်​၏​အိမ်​ထောင် စု​ဝင်​များ​ကဲ့​သို့​ဖြစ်​ကြ​ပါ​စေ​သော'' ဟု ဆို​ကြ​၏။

13. သို့​ဖြစ်​၍​ဗော​ဇ​သည်​ရု​သ​အား​မိ​မိ​၏ ဇနီး​အ​ဖြစ်​သိမ်း​ပိုက်​ပြီး​လျှင် အိမ်​သို့​ခေါ် ဆောင်​သွား​လေ​သည်။ ထာ​ဝ​ရ​ဘု​ရား​သည် ရု​သ​အား​ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့် သူ​သည်​ကိုယ်​ဝန်​ဆောင်​၍​သား​ကို​ဖွား မြင်​၏။-

14. အ​မျိုး​သ​မီး​များ​က​နော​မိ​အား``ထာ​ဝ​ရ ဘု​ရား​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ လော့။ ကိုယ်​တော်​သည်​သင့်​ကို​ကြည့်​ရှု​စောင့် ရှောက်​ရန်​အ​တွက် မြေး​ယောကျာ်း​က​လေး​ကို ယ​နေ့​ပေး​သ​နား​တော်​မူ​လေ​ပြီ။ ထို​သူ​ငယ် သည် ဣ​သ​ရေ​လ​ပြည်​တွင်​ထင်​ပေါ်​ကျော်​စော သူ​ဖြစ်​လာ​ပါ​စေ​သော။-

15. သင်​၏​ချွေး​မ​သည်​သင့်​ကို​ချစ်​သ​ဖြင့် သား ယောကျာ်း​ခု​နစ်​ယောက်​ထက်​ပင်​သင့်​အား​ပို ၍​ပြု​စု​ခဲ့​သူ​ဖြစ်​ပေ​သည်။ ယ​ခု​သူ​သည် မြေး​ယောကျာ်း​က​လေး​ကို မွေး​ဖွား​ပေး​လေ ပြီ။ ထို​သူ​ငယ်​သည်​သင့်​အား​ဘ​ဝ​သစ်​ကို ပေး​၍ သင်​အို​မင်း​မ​စွမ်း​ရှိ​ချိန်​၌​လုံ​ခြုံ မှု​ကို​ပေး​မည့်​သူ​ဖြစ်​ပါ​၏'' ဟု​ပြော​ဆို ကြ​၏။-

16. နော​မိ​သည်​က​လေး​ငယ်​ကို​ယူ​၍​ပိုက်​ချီ လျက်​ထိန်း​လေ​၏။

17. အိမ်​နီး​ချင်း​အ​မျိုး​သ​မီး​များ​က ထို​သူ ငယ်​ကို​သြ​ဗက်​ဟူ​သော​နာ​မည်​ကို​ပေး​ကြ လျက်``နော​မိ​သည်​သား​ယောကျာ်း​က​လေး ကို​ရ​ရှိ​လေ​ပြီ'' ဟု​လူ​အ​ပေါင်း​တို့​အား ပြော​ကြား​ကြ​၏။ သြ​ဗက်​သည် ဒါ​ဝိဒ်​၏ အ​ဖ​ဖြစ်​သူ​ယေရှဲ​၏​ဖ​ခင်​ဖြစ်​လာ​လေ သည်။

18-22. ဖာ​ရက်​မှ​ဒါ​ဝိဒ်​တိုင်​အောင် သား​စဉ်​မြေး​ဆက် များ​မှာ​ဖာ​ရက်၊ ဟေ​ဇ​ရုံ၊ အာ​ရံ၊ အ​မိ​န​ဒပ်၊ နာ​ရှုန်၊ စာ​လ​မုန်၊ ဗော​ဇ၊ သြ​ဗက်၊ ယေ​ရှဲ၊ ဒါ​ဝိဒ်​ဟူ​၍​ဖြစ်​သ​တည်း။ ရု​သ​ဝတ္ထု​ပြီး​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရု​သ 4