ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရု​သ 4:1-11 Common Language Bible (BCL)

1. ဗော​ဇ​သည်​မြို့​တံ​ခါး​ဝ​ရှိ​တ​ရား​စီ​ရင်​ရာ ဌာ​န​သို့ သွား​၍​ထိုင်​လျက်​နေ​၏။ ထို​အ​ခါ ဧ​လိ​မ​လက်​၏​အ​ရင်း​အ​ချာ​ဆုံး​သော​ဆွေ မျိုး​သား​ချင်း​ဖြစ်​သူ​သည် ရောက်​ရှိ​လာ​လေ သည်။ ထို​သူ​ကား​ယ​ခင်​က​ဗော​ဇ​ဖော်​ပြ​ခဲ့ သူ​ပင်​ဖြစ်​၏။ ဗော​ဇ​က​သူ့​အား``မိတ်​ဆွေ၊ ဤ နေ​ရာ​သို့​လာ​၍​ထိုင်​ပါ​လော့'' ဟု​ဆို​သ​ဖြင့် သူ​သည်​လာ​၍​ထိုင်​၏။-

2. ထို​နောက်​ဗော​ဇ​သည်​အ​ကြီး​အ​ကဲ​တစ်​ကျိပ် ကို​လည်း​ပင့်​ဖိတ်​ပြီး​လျှင် ထို​အ​ရပ်​တွင်​ထိုင် စေ​၏။ သူ​တို့​ထိုင်​ကြ​သော​အ​ခါ၊-

3. သူ​သည်​မိ​မိ​၏​သား​ချင်း​အား``ယ​ခု​အ​ခါ နော​မိ​သည်​မော​ဘ​ပြည်​မှ​ပြန်​လာ​ပြီ။ သူ သည်​ငါ​တို့​သား​ချင်း​ဧ​လိ​မ​လက်​ပိုင် သည့်​လယ်​မြေ​ကို​ရောင်း​ချ​လို​ပါ​သည်။-

4. ဤ​အ​ကြောင်း​ကို​သင်​သိ​သင့်​သည်​ဟု ငါ​ထင် မြင်​ပါ​၏။ အ​ကယ်​၍​သင်​ဝယ်​လို​ပါ​က​ယ​ခု ထိုင်​လျက်​နေ​သည့်​လူ​ကြီး​များ​၏​ရှေ့​မှောက် တွင်​ဝယ်​ယူ​ပါ​လော့။ သို့​ရာ​တွင်​မ​ဝယ်​လို​လျှင် မူ​ကား မ​ဝယ်​လို​ကြောင်း​ပြော​ပါ​လော့။ သင် မ​ဝယ်​မှ​ငါ​ဝယ်​ယူ​နိုင်​ခွင့်​ရှိ​ပါ​သည်'' ဟု ဆို​၏။ထို​သူ​က​လည်း``ငါ​ဝယ်​ယူ​ပါ​မည်'' ဟု ပြန်​ပြော​၏။

5. ဗော​ဇ​က``ထို​လယ်​မြေ​ကို​နော​မိ​ထံ​မှ​သင် ဝယ်​ယူ​ပါ​လျှင် ထို​လယ်​မြေ​သည်​သေ​လွန် သူ​၏​အိမ်​ထောင်​စု​လက်​ဝယ်​ဆက်​လက်​တည် ရှိ​နေ​စေ​ရန်​မော​ဘ​အ​မျိုး​သ​မီး၊ မု​ဆိုး​မ ဖြစ်​သူ​ရု​သ​ကို​လည်း​ဝယ်​ယူ​ရ​ပါ​မည်'' ဟု​ဆို​၏။

6. ထို​သူ​က``ထို​သို့​ဖြစ်​ပါ​မူ​ငါ့​သား​သ​မီး များ​က ထို​လယ်​မြေ​ကို​အ​မွေ​ခံ​ရ​ကြ​လိမ့် မည်​မ​ဟုတ်​သ​ဖြင့် ဝယ်​ယူ​ပိုင်​ခွင့်​ကို​ငါ​စွန့် လွှတ်​လိုက်​ပါ​ပြီ။ ငါ​မ​ဝယ်​ယူ​လို​တော့​ပါ။ သင်​ပင်​ဝယ်​ယူ​ပါ​လော့'' ဟု​ပြန်​ပြော​၏။

7. ထို​စဉ်​အ​ခါ​က အ​ရောင်း​အ​ဝယ်​ပြု​လုပ်​သည့် အ​ခါ​၌​သော်​လည်း​ကောင်း၊ ပစ္စည်း​ချင်း​လဲ​လှယ် သည့်​အ​ခါ​၌​သော်​လည်း​ကောင်း ရောင်း​သူ​သည် မိ​မိ​ဖိ​နပ်​ကို​ချွတ်​၍ ဝယ်​သူ​အား​ပေး​ရ​သည့် ဋ္ဌ​လေ့​ထုံး​စံ​ရှိ​ပေ​သည်။ ဤ​နည်း​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​ရောင်း အ​ဝယ်​ပြီး​ပြတ်​သည့်​အ​ထိမ်း​အ​မှတ်​ကို ပြု​ကြ​၏။

8. သို့​ဖြစ်​၍​ထို​သူ​သည်​ဗော​ဇ​အား``ထို​လယ် မြေ​ကို သင်​ပင်​လျှင်​ဝယ်​ယူ​ပါ​လော့'' ဟု ဆို​၍​မိ​မိ​ဖိ​နပ်​ကို​ချွတ်​ပေး​လေ​သည်။-

9. ထို​အ​ခါ​ဗောဇ​က​မြို့​အ​ကြီး​အ​ကဲ​များ နှင့် အ​ခြား​သူ​အ​ပေါင်း​တို့​အား``ဧ​လိ​မ​လက်၊ ခိ​လျုန်​နှင့်​မ​ဟာ​လုန်​တို့​ပိုင်​သော​ဥစ္စာ​ပစ္စည်း မှန်​သ​မျှ​ကို နော​မိ​ထံ​မှ​ယ​နေ့​ငါ​ဝယ်​ယူ ကြောင်း​သင်​တို့​အ​သိ​သက်​သေ​ဖြစ်​ကြ​၏။-

10. ထို့​အ​ပြင်​မ​ဟာ​လုန်​၏​မု​ဆိုး​မ၊ မော​ဘ အ​မျိုး​သ​မီး​ရု​သ​သည် ငါ​၏​gen 1gဇနီး​ဖြစ် လာ​လေ​ပြီ။ ဤ​နည်း​အား​ဖြင့်​ထို​ပစ္စည်း​ဥစ္စာ များ​သည် သေ​လွန်​သူ​၏​အိမ်​ထောင်​စု​လက် ဝယ်​တည်​ရှိ​နေ​ပါ​လိမ့်​မည်။ သေ​သူ​၏​ဆွေ စဉ်​မျိုး​ဆက်​သည်​လည်း သူ​၏​အ​မျိုး​သား များ​နှင့်​သူ​၏​နေ​ရင်း​မြို့​တွင်​မ​ပြတ်​ဘဲ ဆက်​လက်​ပွား​လျက်​နေ​ပါ​လိမ့်​မည်။ သင် တို့​သည်​ဤ​အ​မှု​တွင်​အ​သိ​သက်​သေ ဖြစ်​ကြ​၏'' ဟု​ဆို​၏။

11. မြို့​အ​ကြီး​အ​ကဲ​များ​နှင့်​အ​ခြား​သူ​တို့ က​လည်း``ငါ​တို့​သည်​အ​သိ​သက်​သေ​ဖြစ် ကြ​ပါ​၏။ သင်​၏​ဇ​နီး​အား​ယာ​ကုပ်​အ​တွက် သား​သ​မီး​အ​မြောက်​အ​မြား​မွေး​ဖွား​ပေး သည့်​ရာ​ခေ​လ​နှင့်​လေ​အာ​တို့​ကဲ့​သို့​ဖြစ် စေ​ရန် ထာ​ဝ​ရ​ဘု​ရား​ကူ​မ​တော်​မူ​ပါ​စေ သော။ သင်​သည်​လည်း​ဧ​ဖ​ရတ်​သား​ချင်း​စု တွင်​ချမ်း​သာ​ကြွယ်​ဝ​လျက် ဗက်​လင်​မြို့ ၌​ထင်​ပေါ်​ကျော်​စော​ပါ​စေ​သော။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရု​သ 4