ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရု​သ 2:1-14 Common Language Bible (BCL)

1. နော​မိ​တွင်​ဗော​ဇ​ဆို​သူ ဆွေ​မျိုး​တစ်​ဦး​ရှိ ၏။ သူ​သည်​နော​မိ​၏​ခင်​ပွန်း​ဧ​လိ​မ​လက်​၏ သား​ချင်း​စု​ဝင်၊ ချမ်း​သာ​ကြွယ်​ဝ​၍ သြ​ဇာ ရှိ​သူ​တစ်​ဦး​ဖြစ်​ပေ​သည်။-

2. ရု​သ​က​နော​မိ​အား``ကောက်​ရိတ်​သူ​တို့​ချန် ထား​ခဲ့​သည့်​ကောက်​သင်း​ကို​ကောက်​ရန် ကျွန်​မ အား​လယ်​ကွင်း​များ​သို့​သွား​ခွင့်​ပြု​ပါ။ ကျွန် မ​သည်​ဤ​သို့​ကောက်​ခွင့်​ပြု​မည့်​တစ်​စုံ​တစ် ယောက်​ကို​တွေ့​ပါ​လိမ့်​မည်'' ဟု​ဆို​လျှင်၊နော​မိ​က​လည်း``ငါ့​သ​မီး၊ သွား​လေ​တော့'' ဟု​ပြန်​ပြော​၏။

3. သို့​ဖြစ်​၍​ရုသ​သည်​လယ်​ကွင်း​များ​သို့​သွား ပြီး​လျှင် ကောက်​ရိတ်​သ​မား​များ​၏​နောက်​မှ လိုက်​၍ သူ​တို့​ချန်​ထား​ခဲ့​သည့်​ကောက်​သင်း ကို​ကောက်​၏။ သူ​သွား​ရောက်​မိ​သည့်​လယ်​ကွင်း မှာ​ဗော​ဇ​ပိုင်​သော​လယ်​ကွင်း​ဖြစ်​နေ​သည်။

4. အ​ချိန်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ ဗော​ဇ ကိုယ်​တိုင်​ပင်​ဗက်​လင်​မြို့​မှ​ရောက်​ရှိ​လာ​လျက် မိ​မိ​၏​အလုပ်​သ​မား​များ​အား``ထာ​ဝ​ရ ဘု​ရား​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ ပါ​စေ​သော'' ဟု​ဆို​၍​နှုတ်​ဆက်​၏။ကောက်​ရိတ်​သ​မား​များ​က``ထာ​ဝ​ရ​ဘု​ရား သည် အ​ရှင့်​အား​ကောင်းချီး​ပေး​တော်​မူ​ပါ​စေ သော'' ဟု​ပြန်​ပြော​ကြ​၏။

5. ဗော​ဇ​သည်​အ​လုပ်​သ​မား​ခေါင်း​ဆောင် အား``ထို​သူ​ငယ်​မ​သည်​အ​ဘယ်​သူ​ဖြစ် ပါ​သ​နည်း'' ဟု​မေး​၏။

6. အ​လုပ်​သ​မား​ခေါင်း​ဆောင်​က``ထို​သူ​ငယ်​မ သည် မော​ဘ​ပြည်​မှ​နော​မိ​နှင့်​အ​တူ​လိုက်​လာ သည့်​မော​ဘ​အ​မျိုး​သ​မီး​ဖြစ်​ပါ​သည်။-

7. သူ​သည်​ကောက်​ရိတ်​သ​မား​များ​၏​နောက်​မှ လိုက်​၍ ကောက်​သင်း​ကောက်​ခွင့်​ကို​ကျွန်​တော် ၏​ထံ​တွင်​တောင်း​ခံ​ကာ နံ​နက်​စော​စော​မှ​စ ၍​ကောက်​သင်း​ကောက်​လျက်​နေ​ခဲ့​ပါ​၏။ ယ​ခု မှ​သာ​လျှင်​လယ်​တဲ​တွင်​ခေတ္တ​နား​နေ​ပါ​သည်'' ဟု​ပြန်​လည်​ဖြေ​ကြား​၏။

8. ထို​အ​ခါ​ဗော​ဇ​က​ရု​သ​အား``နား​ထောင်​ပါ ငါ့​သ​မီး၊ ဤ​လယ်​ကွင်း​မှ​တစ်​ပါး​အ​ခြား လယ်​ကွင်း​များ​သို့​သွား​၍ ကောက်​သင်း​မ​ကောက် ပါ​နှင့်။ ဤ​လယ်​ကွင်း​တွင်​နေ​၍​အ​မျိုး​သမီး များ​နှင့်​အ​တူ​လုပ်​ဆောင်​ပါ​လော့။-

9. သူ​တို့​အ​ဘယ်​နေ​ရာ​တွင်​ကောက်​ရိတ်​ကြ​သည် ကို​စောင့်​၍ ကြည့်​ကာ​သူ​တို့​နှင့်​အ​တူ​လိုက်​သွား ပါ​လော့။ သင့်​အား​အ​နှောင့်​အ​ယှက်​မ​ပေး​ရန် ငါ​၏​အ​လုပ်​သ​မား​များ​ကို​မှာ​ထား​ပြီ။ သင် ရေ​ငတ်​သည့်​အ​ခါ​အိုး​ထား​ရာ​သို့​သွား​၍ သူ တို့​ခပ်​ထား​သည်​ရေ​ကို​သောက်​ပါ​လော့'' ဟု ဆို​၏။

10. ရု​သ​သည်​မြေ​သို့​တိုင်​အောင်​ဦး​ညွှတ်​ပျပ်​ဝပ် လျက် ဗော​ဇ​အား``အ​ရှင်​သည်​အ​ဘယ်​ကြောင့် ကျွန်​မ​ကဲ့​သို့​နိုင်​ငံ​ခြား​သူ​တစ်​ဦး​ကို ဤ​မျှ ဂ​ရု​တ​စိုက်​ပြု​၍​သ​နား​ကြင်​နာ​ပါ​သ​နည်း'' ဟု​ဆို​လျှင်၊

11. ဗော​ဇ​က``သင်​သည်​ခင်ပွန်း​ကွယ်​လွန်​ချိန်​မှ​စ ၍ မိ​မိ​၏​ယောက္ခ​မ​အား​အ​ဘယ်​သို့​ပြု​စု​ခဲ့ သည်​ကို​ငါ​ကြား​သိ​ပြီး​ပါ​ပြီ။ သင်​သည် အ​ဘယ်​သို့​မိ​မိ​၏​မိ​ဘ​များ​နှင့်​တိုင်း​ပြည် ကို​စွန့်​ခွာ​လျက် ယ​ခင်​အ​ဘယ်​အ​ခါ​က​မျှ မ​တွေ့​မ​မြင်​ဘူး​သည့်​အ​မျိုး​သား​တို့​နှင့် အ​တူ​နေ​ထိုင်​ရန်​လာ​ရောက်​ခဲ့​ကြောင်း​ကို လည်း​ငါ​သိ​ပါ​၏။-

12. ထာ​ဝ​ရ​ဘု​ရား​သည်​ယင်း​သို့​သင်​ပြု​သည့် အ​တွက် သင့်​အား​ဆု​ကျေး​ဇူး​တော်​ကို​ချ ပေး​တော်​မူ​ပါ​စေ​သော။ သင်​ခို​လှုံ​ချဉ်း​ကပ် သည့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား သခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ဆု ကျေး​ဇူး​တော်​ကို​အ​ပြည့်​အ​ဝ​ချ​ပေး တော်​မူ​ပါ​စေ​သော'' ဟု​ဆို​လေ​၏။

13. ရု​သ​က​လည်း``အ​ရှင်၊ အ​ရှင်​သည်​ကျွန်​မ အ​ပေါ်​တွင်​များ​စွာ​က​ရု​ဏာ​ထား​ပါ​ပြီ။ ကျွန်​မ​သည်​အ​ရှင့်​အ​စေ​ခံ​များ​၏​အ​ဆင့် အ​တန်း​ကို​မီ​သူ​ပင်​မ​ဟုတ်​သော်​လည်း အ​ရှင် သည်​ချို​သာ​စွာ​ပြော​ဆို​ခြင်း​အား​ဖြင့်​ကျွန်​မ ကို​အား​တက်​စေ​ပါ​၏'' ဟု​ပြန်​ပြော​၏။

14. ထ​မင်း​စား​ချိန်​ရောက်​သော​အ​ခါ​၌ ဗော​ဇ သည်​ရု​သ​အား``လာ​၍​မုန့်​သုံး​ဆောင်​လော့။ မုန့်​ကို​အ​ချဉ်​ရည်​တွင်​နှစ်​၍​စား​လော့'' ဟု ဆို​၏။ သို့​ဖြစ်​၍​ရု​သ​သည် အ​လုပ်​သ​မား များ​နှင့်​အ​တူ​ထိုင်​လေ​သည်။ ထို​အ​ခါ​ဗော​ဇ သည်​သူ့​အား​ပေါက်​ပေါက်​အ​နည်း​ငယ်​ကို လှမ်း​၍​ပေး​၏။ ရု​သ​သည်​ဝ​အောင်​စား​ပြီး နောက်​မုန့်​ကျန်​သေး​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရု​သ 2