ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရု​သ 1:8-17 Common Language Bible (BCL)

8. နော​မိ​က​ချွေး​မ​များ​အား``သင်​တို့​သည် ကိုယ့်​မိ​ခင်​များ​အိမ်​သို့​ပြန်​ကြ​လော့။ သင်​တို့​သည်​ငါ​၏​အ​ပေါ်​၌​သော်​လည်း​ကောင်း၊ ကွယ်​လွန်​သွား​သူ​တို့​၏​အ​ပေါ်​၌​လည်း​ကောင်း ကျေး​ဇူး​ပြု​ခဲ့​ကြ​သည်​နည်း​တူ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​ကျေး​ဇူး​ပြု​တော်​မူ​ပါ​စေ​သော။-

9. ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​နှစ်​ယောက် စ​လုံး​အား နောက်​အိမ်​ထောင်​နှင့်​ပျော်​ရွှင်​စွာ နေ​ထိုင်​ခွင့်​ကို​ပေး​သ​နား​တော်​မူ​ပါ​စေ သော'' ဟု​ဆို​၏။ဤ​သို့​ဆို​ပြီး​လျှင်​နော​မိ​သည် သူ​တို့​အား နမ်း​ရှုတ်​နှုတ်​ဆက်​လေ​၏။ သို့​ရာ​တွင်​သူ​တို့ သည်​ငို​ကြွေး​လျက်၊-

10. ``ကျွန်​မ​တို့​သည်​အိမ်​သို့​မ​ပြန်​လို​ပါ။ မိ​ခင် နှင့်​အ​တူ မိ​ခင်​၏​အ​မျိုး​သား​များ​ထံ​သို့ လိုက်​ပါ​မည်'' ဟု​ဆို​ကြ​၏။

11. နော​မိ​က​လည်း``ငါ့​သ​မီး​တို့၊ ပြန်​သွား​ကြ လော့။ အ​ဘယ်​ကြောင့်​ငါ​နှင့်​လိုက်​လို​ကြ​ပါ သ​နည်း။ သင်​တို့​နှင့်​လက်​ထပ်​ထိမ်း​မြား​ရန် အ​တွက် ငါ​သည်​နောက်​ထပ်​သား​များ​ကို မွေး​ဖွား​ပေး​နိုင်​ပါ​သ​လော။-

12. အိမ်​သို့​ပြန်​ကြ​လော့။ ငါ​သည်​နောက်​ထပ်​အိမ် ထောင်​ပြု​ရန်​အ​ရွယ်​လွန်​လေ​ပြီ။ အ​ကယ်​၍ ငါ့​မှာ​မျှော်​လင့်​စ​ရာ​ရှိ​သေး​သ​ဖြင့် ယ​ခု ပင်​အိမ်​ထောင်​ကျ​၍​သား​များ​ကို​ရ​ရှိ​သည် ဟု​ဆို​စေ​ကာ​မူ၊-

13. သင်​တို့​သည်​ထို​သား​များ​ကြီး​ပြင်း​လာ​သည် တိုင်​အောင် စောင့်​ဆိုင်း​နေ​ကြ​ပါ​မည်​လော။ ယင်း သို့​စောင့်​ဆိုင်း​ကာ​နောက်​အိမ်​ထောင်​မ​ပြု​ဘဲ​နေ ကြ​ပါ​မည်​လော။ ငါ့​သ​မီး​တို့​ဤ​သို့​မ​ဖြစ်​နိုင် ကြောင်း​ကို​သင်​တို့​သိ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား သည်​ငါ့​ကို​ဒဏ်​ခတ်​တော်​မူ​ပြီ​ဖြစ်​၍ ငါ​သည် သင်​တို့​အ​တွက်​အ​လွန်​ဝမ်း​နည်း​ပါ​၏'' ဟု ဆို​၏။

14. သူ​တို့​သည်​လည်း​တစ်​ဖန်​ငို​ကြွေး​ကြ​၏။ ထို နောက်​သြ​ရ​ပ​သည် မိ​မိ​၏​ယောက္ခ​မ​အား နမ်း​ရှုတ်​နှုတ်​ဆက်​ပြီး​လျှင်​အိမ်​သို့​ပြန်​လေ​၏။ ရု​သ​မူ​ကား​မ​ပြန်​ဘဲ​နေ​၏။-

15. သို့​ဖြစ်​၍​နော​မိ​က``ရု​သ၊ သင့်​အစ်​မ​သည် မိ​မိ​အ​မျိုး​သား​များ၊ မိ​မိ​၏​ဘု​ရား​ထံ သို့​ပြန်​သွား​လေ​ပြီ။ သင်​သည်​လည်း​သူ နှင့်​အ​တူ​ပြန်​သွား​ပါ​လော့'' ဟု​ပြော​၏။

16. သို့​ရာ​တွင်​ရုသ​က``မိ​ခင်​ကို​စွန့်​ခွာ​ရန် ကျွန်​မ အား​မ​တိုက်​တွန်း​ပါ​နှင့်။ မိ​ခင်​နှင့်​လိုက်​ခွင့်​ပြု ပါ။ ကျွန်​မ​သည်​မိ​ခင်​သွား​ရာ​သို့​သွား​ပါ မည်။ မိ​ခင်​နေ​ထိုင်​ရာ​တွင်​နေ​ထိုင်​ပါ​မည်။ မိ​ခင်​၏​အမျိုး​သား​များ​သည်​ကျွန်​မ​၏ အ​မျိုး​သား​များ၊ မိ​ခင်​၏​ဘု​ရား​သည် ကျွန်​မ​၏​ဘု​ရား​ဖြစ်​ပါ​မည်။-

17. မိ​ခင်​သေ​ရာ​အ​ရပ်​တွင်​ကျွန်​မ​သေ​ပါ မည်။ ထို​အ​ရပ်​တွင်​သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ပါ​မည်။ အ​ကယ်​၍​ကျွန်​မ​သည် သေ​ခြင်း​မှ​တစ်​ပါး အ​ခြား​အ​ကြောင်း​တစ်​ခု​ခု​ကြောင့် မိ​ခင်​နှင့် ခွဲ​ခွာ​ခဲ့​လျှင်​ဘု​ရား​သ​ခင်​သည် ကျွန်​မ​အား အ​ဆိုး​ရွား​ဆုံး​သော​အ​ပြစ်​ဒဏ်​ကို​ပေး တော်​မူ​ပါ​စေ​သော'' ဟု​ပြန်​ပြော​လေ​သည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရု​သ 1