ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရု​သ 1:10-21 Common Language Bible (BCL)

10. ``ကျွန်​မ​တို့​သည်​အိမ်​သို့​မ​ပြန်​လို​ပါ။ မိ​ခင် နှင့်​အ​တူ မိ​ခင်​၏​အ​မျိုး​သား​များ​ထံ​သို့ လိုက်​ပါ​မည်'' ဟု​ဆို​ကြ​၏။

11. နော​မိ​က​လည်း``ငါ့​သ​မီး​တို့၊ ပြန်​သွား​ကြ လော့။ အ​ဘယ်​ကြောင့်​ငါ​နှင့်​လိုက်​လို​ကြ​ပါ သ​နည်း။ သင်​တို့​နှင့်​လက်​ထပ်​ထိမ်း​မြား​ရန် အ​တွက် ငါ​သည်​နောက်​ထပ်​သား​များ​ကို မွေး​ဖွား​ပေး​နိုင်​ပါ​သ​လော။-

12. အိမ်​သို့​ပြန်​ကြ​လော့။ ငါ​သည်​နောက်​ထပ်​အိမ် ထောင်​ပြု​ရန်​အ​ရွယ်​လွန်​လေ​ပြီ။ အ​ကယ်​၍ ငါ့​မှာ​မျှော်​လင့်​စ​ရာ​ရှိ​သေး​သ​ဖြင့် ယ​ခု ပင်​အိမ်​ထောင်​ကျ​၍​သား​များ​ကို​ရ​ရှိ​သည် ဟု​ဆို​စေ​ကာ​မူ၊-

13. သင်​တို့​သည်​ထို​သား​များ​ကြီး​ပြင်း​လာ​သည် တိုင်​အောင် စောင့်​ဆိုင်း​နေ​ကြ​ပါ​မည်​လော။ ယင်း သို့​စောင့်​ဆိုင်း​ကာ​နောက်​အိမ်​ထောင်​မ​ပြု​ဘဲ​နေ ကြ​ပါ​မည်​လော။ ငါ့​သ​မီး​တို့​ဤ​သို့​မ​ဖြစ်​နိုင် ကြောင်း​ကို​သင်​တို့​သိ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား သည်​ငါ့​ကို​ဒဏ်​ခတ်​တော်​မူ​ပြီ​ဖြစ်​၍ ငါ​သည် သင်​တို့​အ​တွက်​အ​လွန်​ဝမ်း​နည်း​ပါ​၏'' ဟု ဆို​၏။

14. သူ​တို့​သည်​လည်း​တစ်​ဖန်​ငို​ကြွေး​ကြ​၏။ ထို နောက်​သြ​ရ​ပ​သည် မိ​မိ​၏​ယောက္ခ​မ​အား နမ်း​ရှုတ်​နှုတ်​ဆက်​ပြီး​လျှင်​အိမ်​သို့​ပြန်​လေ​၏။ ရု​သ​မူ​ကား​မ​ပြန်​ဘဲ​နေ​၏။-

15. သို့​ဖြစ်​၍​နော​မိ​က``ရု​သ၊ သင့်​အစ်​မ​သည် မိ​မိ​အ​မျိုး​သား​များ၊ မိ​မိ​၏​ဘု​ရား​ထံ သို့​ပြန်​သွား​လေ​ပြီ။ သင်​သည်​လည်း​သူ နှင့်​အ​တူ​ပြန်​သွား​ပါ​လော့'' ဟု​ပြော​၏။

16. သို့​ရာ​တွင်​ရုသ​က``မိ​ခင်​ကို​စွန့်​ခွာ​ရန် ကျွန်​မ အား​မ​တိုက်​တွန်း​ပါ​နှင့်။ မိ​ခင်​နှင့်​လိုက်​ခွင့်​ပြု ပါ။ ကျွန်​မ​သည်​မိ​ခင်​သွား​ရာ​သို့​သွား​ပါ မည်။ မိ​ခင်​နေ​ထိုင်​ရာ​တွင်​နေ​ထိုင်​ပါ​မည်။ မိ​ခင်​၏​အမျိုး​သား​များ​သည်​ကျွန်​မ​၏ အ​မျိုး​သား​များ၊ မိ​ခင်​၏​ဘု​ရား​သည် ကျွန်​မ​၏​ဘု​ရား​ဖြစ်​ပါ​မည်။-

17. မိ​ခင်​သေ​ရာ​အ​ရပ်​တွင်​ကျွန်​မ​သေ​ပါ မည်။ ထို​အ​ရပ်​တွင်​သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ပါ​မည်။ အ​ကယ်​၍​ကျွန်​မ​သည် သေ​ခြင်း​မှ​တစ်​ပါး အ​ခြား​အ​ကြောင်း​တစ်​ခု​ခု​ကြောင့် မိ​ခင်​နှင့် ခွဲ​ခွာ​ခဲ့​လျှင်​ဘု​ရား​သ​ခင်​သည် ကျွန်​မ​အား အ​ဆိုး​ရွား​ဆုံး​သော​အ​ပြစ်​ဒဏ်​ကို​ပေး တော်​မူ​ပါ​စေ​သော'' ဟု​ပြန်​ပြော​လေ​သည်။

18. မိ​မိ​နှင့်​အ​တူ​လိုက်​ရန် ရု​သ​စိတ်​ပိုင်း​ဖြတ် ထား​ကြောင်း​နော​မိ​သိ​သော​အ​ခါ ထပ်​မံ မ​တိုက်​တွန်း​ဘဲ​နေ​၏။

19. သူ​တို့​သည်​ဗက်​လင်​မြို့​သို့​ရောက်​သည်​တိုင် အောင် ဆက်​လက်​သွား​ကြ​၏။ သူ​တို့​ရောက်​ရှိ ကြ​သော​အ​ခါ တစ်​မြို့​လုံး​လှုပ်​လှုပ်​ရှား​ရှား ဖြစ်​လျက်​အ​မျိုး​သ​မီး​များ​က``ဤ​သူ သည်​အ​ကယ်​ပင်​နော​မိ​ပေ​လော'' ဟု​မေး မြန်း​ကြ​၏။

20. နော​မိ​က​လည်း ``ငါ့​ကို နော​မိ'' ဟု​သင်​တို့ မ​ခေါ်​ကြ​ပါ​နှင့်။ အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​သည် ငါ့​အား​ခါး​သီး​စွာ​ပြု​တော်​မူ ပြီ​ဖြစ်​၍​ငါ့​ကို`မာ​ရ' ဟု​ခေါ်​ကြ​ပါ​လော့။-

21. ဤ​မြို့​မှ​ထွက်​ခွာ​သွား​စဉ်​အ​ခါ​က ငါ့​မှာ အ​စုံ​အ​လင်​ရှိ​သော်​လည်း ယ​ခု​ထာ​ဝ​ရ ဘု​ရား​သည် ငါ့​အား​လက်​ချည်း​သက်​သက် ပြန်​လည်​ပို့​ဆောင်​တော်​မူ​လေ​ပြီ။ အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​ပြစ်​ဒဏ် စီ​ရင်​တော်​မူ​လျက်​ဒုက္ခ​ရောက်​စေ​တော်​မူ ပြီ​ဖြစ်​၍ ငါ့​ကို​အ​ဘယ်​ကြောင့် `နော​မိ' ဟု ခေါ်​ကြ​ပါ​သ​နည်း'' ဟု​ပြန်​ပြော​လေ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရု​သ 1