ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 8:8-18 Common Language Bible (BCL)

8. ငါ​၏​တ​ရား​တော်​ကို​သိ​ရှိ​၍​သင်​တို့​သည် ပ​ညာ​ရှိ​ကြ​၏​ဟု​အ​ဘယ်​သို့​လျှင်​သင် တို့​ဆို​နိုင်​ကြ​မည်​နည်း။ ကြည့်​ရှု​ကြ​လော့၊ မ​ရိုး​မ​ဖြောင့်​သည့်​ကျမ်း​ကူး​ဆ​ရာ​တို့​က တ​ရား​တော်​ကို​ပြောင်း​လဲ​စေ​ကြ​လေ​ပြီ။-

9. သင်​တို့​၏​ပ​ညာ​ရှိ​များ​သည်​အ​ရှက်​ကွဲ ကြ​၏။ သူ​တို့​သည်​စိတ်​ရှုပ်​ထွေး​လျက်​ထောင် ချောက်​တွင်​မိ​ကြ​လေ​ပြီ။ သူ​တို့​သည်​ငါ​၏ နှုတ်​က​ပတ်​တော်​ကို​ပစ်​ပယ်​လိုက်​ကြ​ပြီ ဖြစ်​၍​ယ​ခု​အ​ခါ​၌​သူ​တို့​တွင်​အ​ဘယ် သို့​သော​ပ​ညာ​ဉာဏ်​ရှိ​တော့​မည်​နည်း။-

10. သို့​ဖြစ်​၍​သူ​တို့​လယ်​ယာ​များ​ကို​ပိုင်​ရှင် သစ်​များ​သို့​လည်း​ကောင်း၊ သူ​တို့​ဇ​နီး​များ ကို​အ​ခြား​သူ​တို့​ထံ​သို့​လည်း​ကောင်း​ငါ ပေး​အပ်​မည်။ ကြီး​ငယ်​မ​ဟူ​လူ​အ​ပေါင်း တို့​သည်​မ​တ​ရား​စီး​ပွား​ရှာ​ကြ​၏။ ပ​ရော ဖက်​များ​နှင့်​ယဇ်​ပု​ရော​ဟိတ်​များ​ပင်​လျှင် လူ​တို့​ကို​လိမ်​လည်​ကြ​၏။-

11. သူ​တို့​သည်​ငါ့​လူ​မျိုး​တော်​၏​အ​နာ​များ ကို​ပေါ့​ပေါ့​တန်​တန်​သ​ဘော​ထား​၍​ကုသ ကြ​၏။ `အ​စ​စ​အ​ရာ​ရာ​အ​ဆင်​မ​ပြေ ချိန်​၌​အ​စ​စ​အ​ရာ​ရာ​အ​ဆင်​ပြေ​ပါ သည်' ဟု​ဆို​ကြ​၏။-

12. ငါ​၏​လူ​မျိုး​တော်​သည်​ငါ​စက်​ဆုတ်​သည့် အ​မှု​အ​ရာ​တို့​ကို​ပြု​ကျင့်​သည့်​အ​တွက်​ရှက် ကြောက်​ကြ​သ​လော။ သင်​တို့​အ​လျှင်း​မ​ရှက် မ​ကြောက်​ကြ။ သင်​တို့​သည်​ရှက်​သွေး​ပင်​မ​သန်း တတ်​ကြ။ သို့​ဖြစ်​၍​သင်​တို့​သည်​အ​ခြား​သူ များ​နည်း​တူ​ပြို​လဲ​ရ​ကြ​လိမ့်​မည်။ ငါ​အ​ပြစ် ဒဏ်​ခတ်​သော​အ​ခါ​သင်​တို့​နာ​လန်​ထူ​နိုင် ကြ​တော့​မည်​မ​ဟုတ်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘုရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။

13. ``လူ​သည်​မိ​မိ​သီး​နှံ​ကို​ရိတ်​သိမ်း​သ​ကဲ့​သို့ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​လူ​မျိုး​တော် အား​ရိတ်​သိမ်း​လို​သည်။ သို့​သော်​သူ​တို့​သည် အ​ရွက်​များ​ပင်​ညှိုး​နွမ်း​လျက် အ​သီး​မ​ရှိ သည့်​စ​ပျစ်​ပင်​များ၊ အ​သီး​မ​သီး​သော​သင်္ဘော သ​ဖန်း​ပင်​များ​နှင့်​တူ​ကြ​၏။ ထို​ကြောင့်​ငါ ပေး​သော​ပြည်​တော်​ကို​တစ်​ပါး​သူ​တို့​၏ လက်​ထဲ​သို့​ရောက်​စေ​တော်​မူ​လေ​ပြီ။

14. ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​က``ငါ​တို့​သည် အ​ဘယ်​ကြောင့်​မ​လှုပ်​မ​ယှက်​ထိုင်​နေ​ကြ​ပါ သ​နည်း။ လာ​ကြ၊ ခံ​တပ်​မြို့​များ​သို့​ပြေး​၍ ငါ​တို့​သေ​ကြ​ကုန်​အံ့။ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​အား​သေ​ဒဏ် စီ​ရင်​တော်​မူ​ပြီ။ ငါ​တို့​သည်​ကိုယ်​တော်​ကို ပြစ်​မှား​သည်​ဖြစ်​၍ ကိုယ်​တော်​သည်​ငါ​တို့ သောက်​ရန်​အ​ဆိပ်​ပါ​သော​ရေ​ကို​တိုက်​တော် မူ​ပြီ။-

15. ငါ​တို့​သည်​ငြိမ်း​ချမ်း​မှု​ကို​မျှော်​လင့်​ကြ သော်​လည်း​အ​ချည်း​နှီး​ပင်​ဖြစ်​၏။ ကျန်း​မာ မှု​ကို​မျှော်​လင့်​သော်​လည်း​ကြောက်​လန့်​မှု သာ​လျှင်​ရ​ရှိ​ကြ​၏။-

16. ရန်​သူ​များ​သည်​မြောက်​ဘက်​ရှိ​ဒန်​မြို့​သို့ တိုင်​အောင်​ရောက်​ရှိ​လာ​ကြ​ရာ သူ​တို့​၏​မြင်း များ​နှာ​မှုတ်​သံ​ကို​ငါ​တို့​ကြား​ရ​ကြ​၏။ သူ​တို့​၏​မြင်း​များ​ဟီ​လိုက်​သော​အ​ခါ​၌ တစ်​တိုင်း​တစ်​ပြည်​လုံး​တုန်​လှုပ်​၍​သွား​၏။ သူ​တို့​သည်​ငါ​တို့​ပြည်​နှင့်​တ​ကွ ငါ​တို့ ပြည်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​များ၊ ငါ​တို့ မြို့​နှင့်​မြို့​သူ​မြို့​သား​များ​အား​သုတ်​သင် ဖျက်​ဆီး​ရန်​လာ​ရောက်​ကြ​လေ​ပြီ'' ဟု​ဆို ကြ​၏။

17. ထာ​ဝ​ရ​ဘု​ရား​က``သ​တိ​ဝိ​ရိ​ယ​နှင့်​နေ ကြ​လော့။ ငါ​သည်​သင်​တို့​အ​ထဲ​သို့​မြွေ​များ၊ အ​လမ္ပာယ်​ဆရာ​မ​နိုင်​သည့်​မြွေ​ဆိုး​များ​ကို စေ​လွှတ်​မည်။ ထို​မြွေ​တို့​သည်​သင်​တို့​ကို ကိုက်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

18. ငါ​၏​ဝမ်း​နည်း​မှု​ကို​ကု​စား​၍​မ​ရ​နိုင်။ငါ​၏​စိတ်​နှ​လုံး​သည်​ပူ​ဆွေး​လျက်​ရှိ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 8