ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 8:1-4 Common Language Bible (BCL)

1. ``ထို​အ​ချိန်​ကာ​လ​၌​လူ​တို့​သည် ယု​ဒ ဘု​ရင်​များ​နှင့်​မှူး​မတ်​များ၊ ယဇ်​ပု​ရော​ဟိတ် များ၊ ပ​ရော​ဖက်​များ​နှင့်​အ​ခြား​ယေ​ရု​ရှ​လင် မြို့​သား​များ​၏​အ​ရိုး​တို့​ကို သက်​ဆိုင်​ရာ သင်္ချိုင်း​တွင်း​များ​မှ​တူး​ဖော်​ကြ​လိမ့်​မည်။-

2. သူ​တို့​သည်​မိ​မိ​တို့​နှစ်​သက်​ကြည်​ညို၊ ဝတ် ပြု​ရှိ​ခိုး၊ နှီး​နှော​တိုင်​ပင်​ခဲ့​ကြ​သည့်​နေ၊ လ၊ ကြယ်​များ​အောက်​တွင်​ထို​အ​ရိုး​တို့​ကို​ဖြန့် ကြဲ​ထား​လိမ့်​မည်။ ယင်း​တို့​ကို​စု​သိမ်း​သင်္ဂြိုဟ် မည့်​အ​စား​မြေ​သြ​ဇာ​သ​ဖွယ်​မြေ​ပေါ်​မှာ ခင်း​ကြ​လိမ့်​မည်။-

3. ငါ​ကွဲ​လွင့်​စေ​ရာ​အ​ရပ်​များ​တွင်​အ​သက် မ​သေ​ဘဲ​ကျန်​ရှိ​သူ၊ ဤ​ဆိုး​ညစ်​သည့်​ခေတ် မှ​လူ​တို့​သည် မိ​မိ​တို့​ဆက်​လက်​အ​သက်​ရှင် ရန်​ထက်​သေ​ရန်​ပို​မို​လို​လား​တောင့်​တ​ကြ လိမ့်​မည်။ ဤ​ကား​အ​နန္တ​တန်ခိုး​ရှင်​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု မိန့်​တော်​မူ​၏။

4. လူ​တို့​အား​ဆင့်​ဆို​ရန် ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သည်​မှာ``အ​ဘယ်​သူ​သည်​လဲ​ကျ​ပြီး နောက်​ပြန်​မ​ထ​ဘဲ​နေ​သ​နည်း။ အ​ဘယ်​သူ သည်​လမ်း​မှား​သွား​ပြီး​နောက်​ပြန်​မ​လှည့် ဘဲ​နေ​သ​နည်း။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 8