ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 7:13-29 Common Language Bible (BCL)

13. သင်​တို့​သည်​အ​ထက်​က​ငါ​ဖော်​ပြ​ခဲ့​သည့် အ​ပြစ်​အ​ပေါင်း​ကို​ကူး​လွန်​ကြ​လေ​ပြီ။ အ​ကြိမ်​ကြိမ်​အ​ဖန်​ဖန်​ငါ​ပြော​သော်​လည်း သင်​တို့​နား​မ​ထောင်​ကြ။ သင်​တို့​အား​ငါ ခေါ်​သော​အ​ခါ​၌​မ​ထူး​ကြ။-

14. သို့​ဖြစ်​၍​သင်​တို့​ယုံ​ကြည်​အား​ထား​သည့် ဤ​ငါ​၏​ဗိ​မာန်၊ ငါ​၏​နာ​မ​ကို​ဆောင်​သော ဤ​အိမ်​တော်​ကို​ရှိ​လော​ရွာ​နည်း​တူ​ငါ​ပြု မည်။ သင်​တို့​ဘိုး​ဘေး​များ​နှင့်​သင်​တို့​အား ငါ​ပေး​ခဲ့​သည့်​ဤ​အ​ရပ်​ဌာ​န​ကို​ရှိ​လော ရွာ​နည်း​တူ​ငါ​ပြု​မည်။-

15. ငါ​သည်​သင်​တို့​၏​ဆွေ​မျိုး​ဖြစ်​သည့်​ဧ​ဖ​ရိမ် ပြည်​သား​တို့​အား ငါ့​ရှေ့​မှောက်​မှ​နှင်​ထုတ် သ​ကဲ့​သို့​သင်​တို့​အား​နှင်​ထုတ်​မည်'' ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ခဲ့​၏။

16. ``အ​ချင်း​ယေ​ရ​မိ၊ ဤ​လူ​တို့​အ​ဖို့​ဆု​တောင်း ပတ္ထ​နာ​မ​ပြု​နှင့်။ သူ​တို့​အ​တွက်​တောင်း​ပန်​မှု ကို​သော်​လည်း​ကောင်း၊ အ​သ​နား​ခံ​မှု​ကို သော်​လည်း​ကောင်း​မ​ပြု​နှင့်။ ငါ​သည်​သင် ၏​စ​ကား​ကို​နား​ထောင်​လိမ့်​မည်​မ​ဟုတ် သ​ဖြင့်​ငါ့​အား​မ​လျှောက်​မ​လဲ​နှင့်။-

17. ယု​ဒ​မြို့​များ၊ ယေ​ရု​ရှ​လင်​လမ်း​များ​၌ သူ​တို့​ပြု​ကျင့်​လျက်​ရှိ​သော​အ​မှု​တို့​ကို သင်​မ​မြင်​သ​လော။-

18. က​လေး​သူ​ငယ်​များ​သည်​ထင်း​ခွေ​၍​အ​မျိုး သား​ကြီး​များ​က​မီး​မွေး​ကာ​အ​မျိုး​သ​မီး ကြီး​များ​က ကောင်း​ကင်​မိ​ဖု​ရား​အ​မည်​တွင် သော​နတ်​သ​မီး​အား​ပူ​ဇော်​ရန်​မုန့်​ညက်​ကို နယ်​၍​မုန့်​ဖုတ်​ကြ​၏။ သူ​တို့​သည်​ငါ့​စိတ်​တော် မ​သာ​မ​ယာ​စေ​ရန်​အ​ခြား​ဘု​ရား​များ အ​တွက် စ​ပျစ်​ရည်​ပူ​ဇော်​သကာ​ကို​လည်း သွန်း​လောင်း​ဆက်​သ​ကြ​၏။-

19. သို့​ရာ​တွင်​အ​ကယ်​ပင်​စိတ်​မ​သာ​မ​ယာ​ဖြစ်​သူ မှာ​ငါ​ပေ​လော'' မ​ဟုတ်​ပေ။ ``သူ​တို့​သည်​သာ လျှင်​မိ​မိ​တို့​စိတ်​ကို​မ​သာ​မ​ယာ​စေ​လျက် အ​ရှက်​ကွဲ​ရ​ကြ​ပေ​သည်။-

20. သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​ပြင်း​ထန်​သော​အ​မျက်​တော်​ကို ဤ ဗိ​မာန်​ပေါ်​သို့​သွန်း​လောင်း​မည်။ လူ​များ​နှင့် တိ​ရစ္ဆာန်​များ​အ​ပေါ်​သို့​လည်း​ကောင်း၊ သစ်​ပင် များ​နှင့်​အ​သီး​အ​နှံ​များ​အ​ပေါ်​သို့​လည်း ကောင်း​ငါ​သွန်း​လောင်း​မည်။ ငါ​၏​အ​မျက် တော်​သည်​အ​ဘယ်​သူ​မျှ​မ​ငြိမ်း​မ​သတ် နိုင်​သည့်​မီး​နှင့်​တူ​၏။

21. ဤ​သို့​လျှင်​အ​နန္တ​တန်​ခိုး​ရှင်​ဣ​သ​ရေ​လ လူ​မျိုး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။ ``ငါ​၏​လူ​မျိုး​တော်၊ သင်​တို့ သည်​မိ​မိ​တို့​စား​ခွင့်​ရှိ​သည့်​ယဇ်​များ​ရှိ သ​လို​ယဇ်​ပလ္လင်​ပေါ်​တွင်​တင်​၍ တစ်​ကောင် လုံး​မီး​ရှို့​ပူ​ဇော်​သည့်​ယဇ်​များ​လည်း​ရှိ သည်။ ထို​ယဇ်​နှစ်​မျိုး​စ​လုံး​ကို​ပင်​စား ကြ​လော့။-

22. သင်​တို့​၏​ဘိုး​ဘေး​များ​အား​အီ​ဂျစ်​ပြည် မှ​ထုတ်​ဆောင်​လာ​စဉ်​အ​ခါ​က ငါ​သည်​မီး ရှို့​ရာ​ပူ​ဇော်​သကာ​များ​နှင့်​ပတ်​သက်​၍​လည်း ကောင်း၊ အ​ခြား​ပူ​ဇော်​ရာ​ယဇ်​များ​နှင့်​ပတ် သက်​၍​လည်း​ကောင်း​အ​ဘယ်​ပညတ်​ကို မျှ​မ​ပေး​မ​အပ်​ခဲ့။-

23. သို့​ရာ​တွင်​ငါ​သည်​သူ​တို့​၏​ဘု​ရား​သ​ခင် ဖြစ်​၍​သူ​တို့​သည်​လည်း ငါ​၏​လူ​မျိုး​တော် ဖြစ်​စိမ့်​သော​ငှာ​ငါ့​စ​ကား​ကို​နား​ထောင်​ကြ ရန်​ကို​မူ​ငါ​ပ​ညတ်​ခဲ့​၏။ အ​စ​စ​အ​ရာ​ရာ အ​ဆင်​ပြေ​ရေး​အ​တွက် ငါ​ချ​ပေး​သည့် လမ်း​စဉ်​အ​တိုင်း​လိုက်​လျှောက်​ပြု​ကျင့် ကြ​ရန်​ငါ​မှာ​ကြား​ခဲ့​၏။-

24. သို့​ရာ​တွင်​သူ​တို့​သည်​ငါ​၏​စ​ကား​ကို​နား မ​ထောင်၊ အ​လေး​ဂ​ရု​လည်း​မ​ပြု​ကြ။ သူ​တို့ သည်​မိ​မိ​တို့​၏​ခိုင်​မာ​ဆိုး​ညစ်​သည့်​စိတ်​နှ လုံး​မှ​ပေါ်​ထွက်​လာ​သည့်​အ​ကြံ​အ​စည်​များ အ​တိုင်း​ပြု​မူ​ကြ​ကုန်​သည်။ သူ​တို့​သည်​ပို​မို ကောင်း​မွန်​လာ​မည့်​အ​စား​ဆိုး​ယုတ်​၍​လာ ကြ​၏။-

25. အီ​ဂျစ်​ပြည်​က​သင်​တို့​၏​ဘိုး​ဘေး​များ​ထွက် လာ​သော​နေ့​မှ​အ​စ​ပြု​၍ ယ​နေ့​တိုင်​အောင် ငါ​သည်​မိ​မိ​၏​အ​စေ​ခံ​ပ​ရော​ဖက်​များ ကို​အ​မြဲ​တ​စေ စေ​လွှတ်​ခဲ့​၏။-

26. သို့​ရာ​တွင်​သင်​တို့​သည်​ငါ့​စ​ကား​ကို​နား မ​ထောင်။ အ​လေး​ဂ​ရု​လည်း​မ​ပြု​ကြ။ သင် တို့​သည်​မိ​မိ​တို့​၏​ဘိုး​ဘေး​များ​ထက်​ပင် ပို​မို​၍​ခေါင်း​မာ​ပုန်​ကန်​သူ​များ​ဖြစ်​လာ ကြ​လေ​သည်။

27. ``သို့​ဖြစ်​၍​အ​ချင်း​ယေ​ရ​မိ၊ သင်​သည်​ဤ စ​ကား​များ​ကို​သူ​တို့​အား​ပြော​ကြား​သော် လည်း သူ​တို့​နား​ထောင်​ကြ​လိမ့်​မည်​မ​ဟုတ်။ သင်​သည်​သူ​တို့​အား​ခေါ်​သော်​လည်း သူ​တို့ ထူး​ကြ​လိမ့်​မည်​မ​ဟုတ်။-

28. သူ​တို့​သည်​မိ​မိ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​စ​ကား​ကို​နား​ထောင်​ကာ အ​ပြစ် ဒဏ်​ခံ​ရ​မှု​မှ​သင်​ခန်း​စာ​ကို​ခံ​ယူ​မည့်​လူ မျိုး​မ​ဟုတ်​ကြောင်း​ကို​သူ​တို့​အား​ပြော ကြား​လော့။ သစ္စာ​စ​ကား​သည်​ကွယ်​ပျောက် သွား​ပြီ။ ဟုတ်​မှန်​ရာ​ကို​မ​ပြော​ကြ​တော့​ပြီ။

29. ``ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ငို​ကြွေး​မြည်​တမ်း ကြ​လော့။ သင်​တို့​၏​ဆံ​ပင်​ကို​ဖြတ်​၍​ပစ်​ထုတ်​လိုက် ကြ​လော့။ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အ​မျက်​တော် ရှ​သည့် လူ​မျိုး​တော်​အား​ပစ်​ပယ်​စွန့်​လွှတ်​လိုက်​ပြီ ဖြစ်​၍သင်​တို့​သည်​တောင်​ထိပ်​များ​ပေါ်​တွင်​အ​သု​ဘ သီ​ချင်း​ကို​ဆို​ကြ​လော့။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 7