ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 51:46-63 Common Language Bible (BCL)

46. သင်​တို့​ကြား​ကြ​ရ​သည့်​ကော​လ​ဟ​လ သ​တင်း​များ​ကြောင့်​မ​ကြောက်​ကြ​နှင့်။ အား လည်း​မ​ငယ်​ကြ​နှင့်။ နှစ်​စဉ်​နှစ်​တိုင်း​သ​တင်း အ​မျိုး​မျိုး​ပေါ်​ထွက်​လာ​တတ်​၏။ နိုင်​ငံ​အ​တွင်း အ​ကြမ်း​ဖက်​သည့်​သ​တင်း​များ၊ ဘု​ရင်​တစ် ပါး​နှင့်​တစ်​ပါး​စစ်​ဖြစ်​ပွား​သည့်​သ​တင်း များ​ပျံ့​နှံ့​လာ​တတ်​၏။-

47. သို့​ဖြစ်​၍​ဗာ​ဗု​လုန်​ပြည်​ရှိ​ရုပ်​တု​များ​ကို ငါ​စီ​ရင်​မည့်​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ လိမ့်​မည်။ ထို​ပြည်​တစ်​ခု​လုံး​သည်​အ​ရှက်​ကွဲ လိမ့်​မည်။ ပြည်​သူ​အ​ပေါင်း​တို့​သည်​လည်း အ​သတ်​ခံ​ရ​ကြ​လိမ့်​မည်။-

48. မြောက်​အ​ရပ်​မှ​လာ​ရောက်​တိုက်​ခိုက်​သူ​တို့ ၏​လက်​တွင်း​သို့ ဗာ​ဗု​လုန်​မြို့​ကျ​ဆင်း​သွား သော​အ​ခါ​မြေ​ကြီး​ပေါ်​၌​လည်း​ကောင်း၊ မိုး ကောင်း​ကင်​၌​လည်း​ကောင်း​ရှိ​သ​မျှ​သော အ​ရာ​တို့​သည်​ဝမ်း​မြောက်​သဖြင့်​ကြွေး ကြော်​ကြ​လိမ့်​မည်။-

49. ဗာ​ဗု​လုန်​မြို့​ကြောင့်​ဣသ​ရေ​လ​အ​မျိုး​သား အ​မြောက်​အ​မြား​သည်​လည်း​ကောင်း၊ ကမ္ဘာ အ​ရပ်​ရပ်​ရှိ​လူ​တို့​သည်​လည်း​ကောင်း​သေ ကြေ​ပျက်​စီး​ရ​ကြ​သ​ဖြင့် ယ​ခု​အ​ခါ ဗာ​ဗု​လုန်​မြို့​သည်​ကျ​ဆုံး​ရ​လိမ့်​မည်​ဟူ ၍​တည်း။

50. ထာ​ဝ​ရ​ဘု​ရား​သည်​ဗာ​ဗု​လုန်​မြို့​ရှိ မိ​မိ ၏​လူ​စု​တော်​အား​မိန့်​တော်​မူ​သည်​မှာ``သင် တို့​သည်​သေ​ဘေး​မှ​လွတ်​မြောက်​ကြ​လေ​ပြီ။ ယ​ခု​ထွက်​ခွာ​သွား​ကြ​လော့။ ဆိုင်း​၍​မ​နေ နှင့်။ သင်​တို့​သည်​မိ​မိ​တို့​ပြည်​နှင့်​ဝေး​ကွာ လျက်​နေ​သော်​လည်း သင်​တို့​၏​ထာ​ဝ​ရ​ဘု​ရား တည်း​ဟူ​သော​ငါ့​ကို​သ​တိ​ရ​ကြ​လော့။ ယေ​ရု ရှ​လင်​မြို့​ကို​လည်း​သ​တိ​ရ​ကြ​လော့။-

51. သင်​တို့​က`ငါ​တို့​သည်​အ​သ​ရေ​ပျက်​၍ အ​ရှက်​ကွဲ​ရ​ကြ​လေ​ပြီ။ ဗိ​မာန်​တော်​မှ သန့်​ရှင်း​ရာ​ဌာ​န​တော်​တို့​ကို​လူ​မျိုး​ခြား များ​သိမ်း​ပိုက်​လိုက်​ကြ​ပြီ​ဖြစ်​၍ ငါ​တို့ သည်​ခို​ကိုး​ရာ​မဲ့​ကြ​ရ​ပါ​၏' ဟု​ဆို ကြ​၏။-

52. ထို့​ကြောင့်​ဗာ​ဗု​လုန်​ပြည်​ရှိ​ရုပ်​တု​များ ကို​ငါ​အ​ပြစ်​ဒဏ်​စီ​ရင်​၍ တစ်​တိုင်း​တစ် ပြည်​လုံး​တွင်​ဒဏ်​ရာ​ရ​ရှိ​သူ​တို့​ငြီး​တွား ကြ​မည့်​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​လိမ့် မည်။-

53. အ​ကယ်​၍​ဗာ​ဗု​လုန်​မြို့​သည်​မိုး​ကောင်း​ကင် သို့​တက်​၍ ခံ​တပ်​အ​ခိုင်​အ​မာ​ဆောက်​လုပ် နိုင်​သည်​ဟု​ပင်​ဆို​စေ​ကာ​မူ ငါ​သည်​ထို​မြို့ ကို​တိုက်​ဖျက်​ရန်​လူ​များ​ကို​စေ​လွှတ်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟူ​၍​တည်း။

54. ထာ​ဝ​ရ​ဘု​ရား​က၊``ဗာ​ဗု​လုန်​မြို့​၌​ငို​ကြွေး​နေ​ကြ​သော အ​သံ​ကို​လည်း​ကောင်း၊တိုင်း​ပြည်​ပျက်​သ​ဖြင့်​ဝမ်း​နည်း​ပူ​ဆွေး​ကြ​သော အ​သံ​ကို​လည်း​ကောင်း​နား​ထောင်​ကြ​လော့။

55. ငါ​သည်​ဗာ​ဗု​လုန်​မြို့​ကို​သုတ်​သင်​ဖျက်​ဆီး​မည်။ထို​မြို့​၏​အ​သံ​ဗ​လံ​များ​ကို​လည်း ဆိတ်​သုဉ်း​စေ​မည်။စစ်​သည်​ဗိုလ်​ခြေ​တို့​သည်​အ​သံ​မြည်​ဟီး​သော လှိုင်း​လုံး​များ​ကဲ့​သို့​အ​ပြင်း​ချီ​တက်​လာ​၍၊ဆူ​ညံ​စွာ​ကြွေး​ကြော်​တိုက်​ခိုက်​ကြ​၏။

56. သူ​တို့​သည်​ဗာ​ဗု​လုန်​မြို့​ကို​သုတ်​သင်​ဖျက်​ဆီး​ရန် ရောက်​ရှိ​လာ​ကြ​လေ​ပြီ။ဗာ​ဗု​လုန်​စစ်​သည်​တော်​တို့​သည် အ​ဖမ်း​ခံ​ရ​ကြ​၏။သူ​တို့​၏​လေး​များ​သည်​လည်း​ကျိုး​၍​သွား ကြ​၏။ငါ​သည်​ဒု​စ​ရိုက်​ပြု​သူ​တို့​ဆုံး​မ​တတ်​သော ဘု​ရား​ဖြစ်​၏။ဗာ​ဗု​လုန်​မြို့​အား​ထိုက်​လျောက်​သည့်​အ​တိုင်း အ​ပြစ်​ဒဏ်​စီ​ရင်​မည်။

57. ထို​မြို့​၏​စီ​မံ​အုပ်​ချုပ်​သူ​များ၊ပ​ညာ​ရှိ​များ၊ခေါင်း​ဆောင်​များ​နှင့်​စစ်​သည်​တပ်​သား​များ အား ငါ​မူး​ယစ်​စေ​မည်။သူ​တို့​သည်​အိပ်​ပျော်​သွား​ပြီး​လျှင်နောင်​အ​ဘယ်​အ​ခါ​၌​မျှ​နိုး​ထ​ကြ​လိမ့်​မည် မဟုတ်။ဤ​ကား​ငါ​ဘု​ရင်​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။ငါ​သည်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​သ​တည်း။

58. တန်​ခိုး​ကြီး​သည့်​ဗာ​ဗု​လုန်​မြို့​၏​မြို့​ရိုး​များ​သည် ပြို​ကျ​ရ​လိမ့်​မည်။မြင့်​မား​သော​မြို့​တံ​ခါး​တို့​သည်​လည်း မီး​လောင်​ကျွမ်း​၍​သွား​လိမ့်​မည်။လူ​မျိုး​တ​ကာ​တို့​လုပ်​ဆောင်​ထား​သော​အ​ရာ များ​သည် အ​ချည်း​နှီး​ဖြစ်​လျက်သူ​တို့​ကြိုး​ပမ်း​အား​ထုတ်​ခဲ့​မှု​များ​သည်​လည်း မီး​တောက်​တွင်​ပျောက်​လွင့်​သွား​ကြ​၏။ဤ​ကား​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

59. မာ​သေ​ယ​၏​မြေး၊ နေ​ရိ​၏​သား​စ​ရာ​ယ​သည် ဇေ​ဒ​ကိ​မင်း​၏​အ​ပါး​တော်​မြဲ​ဖြစ်​၏။ ယု​ဒ ဘု​ရင်​ဇေ​ဒ​ကိ​နန်း​စံ​စ​တုတ္ထ​နှစ်​၌​စ​ရာ​ယ သည်​ဗာ​ဗု​လုန်​မြို့​သို့​ရှင်​ဘု​ရင်​နှင့်​အ​တူ သွား​မည်​ဖြစ်​သ​ဖြင့် ငါ​သည်​သူ့​အား​အ​နည်း ငယ်​ညွှန်​ကြား​လိုက်​လေ​သည်။-

60. ငါ​သည်​ဗာ​ဗု​လုန်​မြို့​ကြုံ​တွေ့​ရ​မည့်​ပျက်​စီး မှု​မှန်​သ​မျှ​ကို​လည်း​ကောင်း၊ ဗာ​ဗု​လုန်​မြို့ နှင့်​သက်​ဆိုင်​သော​အ​ခြား​အ​မှု​ကိစ္စ​များ ကို​လည်း​ကောင်း​စာ​စောင်​တစ်​ခု​တွင်​ရေး သား​၍​ပေး​၏။-

61. ငါ​သည်​စ​ရာ​ယ​အား``ဗာ​ဗု​လုန်​မြို့​သို့ သင်​ရောက်​ရှိ​သော​အ​ခါ​ဤ​စာ​စောင်​တွင် ရေး​သား​ဖော်​ပြ​ထား​သ​မျှ​သော​အ​ကြောင်း အ​ရာ​တို့​ကို​လူ​တို့​အား​အော်​၍​ဖတ်​ပြ​ရန် မ​မေ့​နှင့်။-

62. ထို​နောက်`အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင် သည်​ဤ​အ​ရပ်​ကို​လူ​နှင့်​တိ​ရစ္ဆာန်​များ​ပါ မ​ကျန်၊ သက်​ရှိ​သတ္တ​ဝါ​တို့​ဆိတ်​သုဉ်း​ရာ သဲ​ကန္တာ​ရ​နှင့်​ထာ​ဝ​စဉ်​တူ​စေ​မည်​ဖြစ် ကြောင်း​မိန့်​တော်​မူ​ခဲ့​ပါ​၏' ဟု​ဆု​တောင်း ပတ္ထ​နာ​ပြု​လော့။-

63. စ​ရာ​ယ၊ သင်​သည်​ဤ​စာ​စောင်​ကို​ပြည်​သူ တို့​အား​ဖတ်​ပြ​ပြီး​သော​အ​ခါ ကျောက်​ခဲ တစ်​လုံး​တွင်​ကြိုး​နှင့်​ချည်​၍​ဥ​ဖ​ရတ်​မြစ် ထဲ​သို့​ပစ်​ချ​လော့။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 51