27. ``တိုက်ခိုက်ရန်အချက်ပေးကြလော့။ လူမျိုး တကာတို့ကြားကြစေရန်တံပိုးခရာမှုတ် ကြလော့။ ဗာဗုလုန်မြို့ကိုစစ်ချီရန်လူမျိုး တကာတို့အားအသင့်ပြင်ဆင်စေကြလော့။ အာရရတ်ပြည်၊ မိန္နိပြည်နှင့်အာရှကေနတ် ပြည်တို့အားတိုက်ခိုက်ရန်ပြောကြားကြလော့။ ဦးဆောင်တိုက်ခိုက်နိုင်ရန်စစ်သေနာပတိကို ခန့်ထားကြလော့။ ကျိုင်းကောင်အုပ်ကဲ့သို့မြင်း တို့ကိုချီတက်စေကြလော့။-
28. မေဒိဘုရင်များ၊ ခေါင်းဆောင်များနှင့်အရာရှိ များအားလည်းကောင်း၊ သူတို့၏လက်အောက်ခံ နိုင်ငံအပေါင်းအားလည်းကောင်းဗာဗုလုန်မြို့ ကိုတိုက်ခိုက်ရန်အသင့်ပြင်စေကြလော့။-
29. ထာဝရဘုရားသည်မိမိ၏အကြံအစည် တော်ကိုအကောင်အထည်ဖော်တော်မူပြီဖြစ်၍ ကမ္ဘာမြေကြီးသည်တုန်လှုပ်၍သွား၏။ ကိုယ် တော်သည်ဗာဗုလုန်မြို့ကိုလူသူဆိတ်ငြိမ် ရာဒေသဖြစ်စေတော်မူလိမ့်မည်။-
30. ဗာဗုလုန်စစ်သည်တပ်သားတို့သည်စစ်မတိုက် ကြတော့ဘဲမိမိတို့ခံတပ်များအတွင်း၌သာ လျှင်နေလျက်ရှိကြ၏။ သူတို့သည်စိတ်ပျက် အားလျော့ကာအမျိုးသမီးများသဖွယ်ဖြစ် ကြလေကုန်ပြီ။ မြို့တံခါးတို့သည်ကျိုးပေါက် ကုန်လျက်အိမ်များသည်လည်းမီးလောင်၍နေ၏။-
31. ဗာဗုလုန်မြို့သည်အဘက်ဘက်မှပြိုကျလျက် ရှိကြောင်းဗာဗုလုန်ဘုရင်အားမင်းလုလင်တို့ သည် တစ်ဦးပြီးတစ်ဦးလာရောက်လျှောက်ထား ကြ၏။-
32. ရန်သူသည်မြစ်ကူးလမ်းကိုသိမ်းပိုက်ပြီးလျှင် ရဲတိုက်များကိုမီးရှို့ကြလေပြီ။ ဗာဗုလုန် စစ်သည်တပ်သားတို့သည်လည်းထိတ်လန့် တုန်လှုပ်၍သွားကြလေကုန်ပြီ။-
33. မကြာမီပင်ရန်သူသည်သူတို့အားခုတ်ထစ် ပြီးလျှင် ကောက်နယ်တလင်းမှစပါးများကဲ့ သို့နင်းနယ်ကြလိမ့်မည်။ ဤကားဣသရေလ အမျိုးသားတို့၏ဘုရားသခင်အနန္တတန် ခိုးရှင်ထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။
34. ဗာဗုလုန်ဘုရင်သည်ယေရုရှလင်မြို့ကို ခုတ်ထစ်ကိုက်စားခဲ့၏။သူသည်ထိုမြို့ကိုအိုးသဖွယ်သွန်မှောက်ကာ မြွေနဂါးကဲ့သို့မျိုချခဲ့၏။သူသည်မိမိအလိုရှိရာကိုသိမ်းယူပြီး လျှင် ကျန်ပစ္စည်းများကိုမူပစ်ထုတ်လိုက်လေသည်။