ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 51:26-45 Common Language Bible (BCL)

26. သင်​ယို​ယွင်း​ပျက်​စီး​ရာ​မှ​ကျန်​ရစ်​သော​ကျောက် တုံး​များ​ကို အ​ဆောက်​အ​အုံ​တည်​ဆောက်​ရာ​တွင် နောင်​အ​ဘယ်​အ​ခါ​၌​မျှ​အ​သုံး​ပြု​ကြ​တော့ မည်​မ​ဟုတ်။ သင်​သည်​ထာ​ဝ​စဉ်​လူ​သူ​ကင်း​မဲ့ ရာ​ဖြစ်​၍​နေ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။

27. ``တိုက်​ခိုက်​ရန်​အ​ချက်​ပေး​ကြ​လော့။ လူ​မျိုး တကာ​တို့​ကြား​ကြ​စေ​ရန်​တံ​ပိုး​ခ​ရာ​မှုတ် ကြ​လော့။ ဗာ​ဗု​လုန်​မြို့​ကို​စစ်​ချီ​ရန်​လူ​မျိုး တ​ကာ​တို့​အား​အ​သင့်​ပြင်​ဆင်​စေ​ကြ​လော့။ အာ​ရ​ရတ်​ပြည်၊ မိန္နိ​ပြည်​နှင့်​အာ​ရှ​ကေ​နတ် ပြည်​တို့​အား​တိုက်​ခိုက်​ရန်​ပြော​ကြား​ကြ​လော့။ ဦး​ဆောင်​တိုက်​ခိုက်​နိုင်​ရန်​စစ်​သေ​နာ​ပ​တိ​ကို ခန့်​ထား​ကြ​လော့။ ကျိုင်း​ကောင်​အုပ်​ကဲ့​သို့​မြင်း တို့​ကို​ချီ​တက်​စေ​ကြ​လော့။-

28. မေ​ဒိ​ဘု​ရင်​များ၊ ခေါင်း​ဆောင်​များ​နှင့်​အ​ရာ​ရှိ များ​အား​လည်း​ကောင်း၊ သူ​တို့​၏​လက်​အောက်​ခံ နိုင်​ငံ​အ​ပေါင်း​အား​လည်း​ကောင်း​ဗာ​ဗု​လုန်​မြို့ ကို​တိုက်​ခိုက်​ရန်​အ​သင့်​ပြင်​စေ​ကြ​လော့။-

29. ထာ​ဝ​ရ​ဘုရား​သည်​မိ​မိ​၏​အ​ကြံ​အ​စည် တော်​ကို​အ​ကောင်​အ​ထည်​ဖော်​တော်​မူ​ပြီ​ဖြစ်​၍ ကမ္ဘာ​မြေ​ကြီး​သည်​တုန်​လှုပ်​၍​သွား​၏။ ကိုယ် တော်​သည်​ဗာ​ဗု​လုန်​မြို့​ကို​လူ​သူ​ဆိတ်​ငြိမ် ရာ​ဒေ​သ​ဖြစ်​စေ​တော်​မူ​လိမ့်​မည်။-

30. ဗာ​ဗု​လုန်​စစ်​သည်​တပ်​သား​တို့​သည်​စစ်​မ​တိုက် ကြ​တော့​ဘဲ​မိ​မိ​တို့​ခံ​တပ်​များ​အ​တွင်း​၌​သာ လျှင်​နေ​လျက်​ရှိ​ကြ​၏။ သူ​တို့​သည်​စိတ်​ပျက် အား​လျော့​ကာ​အ​မျိုး​သ​မီး​များ​သ​ဖွယ်​ဖြစ် ကြ​လေ​ကုန်​ပြီ။ မြို့​တံ​ခါး​တို့​သည်​ကျိုး​ပေါက် ကုန်​လျက်​အိမ်​များ​သည်​လည်း​မီး​လောင်​၍​နေ​၏။-

31. ဗာ​ဗု​လုန်​မြို့​သည်​အ​ဘက်​ဘက်​မှ​ပြို​ကျ​လျက် ရှိ​ကြောင်း​ဗာ​ဗု​လုန်​ဘု​ရင်​အား​မင်း​လု​လင်​တို့ သည် တစ်​ဦး​ပြီး​တစ်​ဦး​လာ​ရောက်​လျှောက်​ထား ကြ​၏။-

32. ရန်​သူ​သည်​မြစ်​ကူး​လမ်း​ကို​သိမ်း​ပိုက်​ပြီး​လျှင် ရဲ​တိုက်​များ​ကို​မီး​ရှို့​ကြ​လေ​ပြီ။ ဗာ​ဗု​လုန် စစ်​သည်​တပ်​သား​တို့​သည်​လည်း​ထိတ်​လန့် တုန်​လှုပ်​၍​သွား​ကြ​လေ​ကုန်​ပြီ။-

33. မ​ကြာ​မီ​ပင်​ရန်​သူ​သည်​သူ​တို့​အား​ခုတ်​ထစ် ပြီး​လျှင် ကောက်​နယ်​တ​လင်း​မှ​စ​ပါး​များ​ကဲ့ သို့​နင်း​နယ်​ကြ​လိမ့်​မည်။ ဤ​ကား​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ​တန် ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

34. ဗာ​ဗု​လုန်​ဘု​ရင်​သည်​ယေ​ရု​ရှ​လင်​မြို့​ကို ခုတ်​ထစ်​ကိုက်​စား​ခဲ့​၏။သူ​သည်​ထို​မြို့​ကို​အိုး​သ​ဖွယ်​သွန်​မှောက်​ကာ မြွေ​န​ဂါး​ကဲ့​သို့​မျို​ချခဲ့​၏။သူ​သည်​မိ​မိ​အ​လို​ရှိ​ရာ​ကို​သိမ်း​ယူ​ပြီး လျှင် ကျန်​ပစ္စည်း​များ​ကို​မူ​ပစ်​ထုတ်​လိုက်​လေ​သည်။

35. ``ငါ​တို့​ခံ​ရ​သည့်​အ​ကြမ်း​ဖက်​မှု​များ အ​တွက် ဗာ​ဗု​လုန်​မြို့​တွင်တာ​ဝန်​ရှိ​စေ​သ​တည်း'' ဟု​ဇိ​အုန်​မြို့​သား​တို့ ပြော​ဆို​ကြ​စေ​၏။``ငါ​တို့​ခံ​စား​ရ​သည့်​ဘေး​ဒုက္ခ​များ​အ​တွက် ဗာ​ဗု​လုန်​မြို့​တွင်​တာ​ဝန်​ရှိ​စေ​သတည်း''ဟုယေ​ရု​ရှ​လင်​မြို့​သား​တို့​ပြော​ဆို​ကြ​စေ။

36. သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ယေ​ရု​ရှ​လင် မြို့​သူ​မြို့​သား​တို့​အား``ငါ​သည်​သင်​တို့​၏ အ​ကျိုး​ကို​ပြု​စု​၍​သင်​တို့​အ​တွက်​လက်​စား ချေ​မည်။ ဗာ​ဗု​လုန်​ပြည်​၏​စမ်း​ရေ​တွင်း​များ နှင့်​မြစ်​များ​ကို​ခန်း​ခြောက်​စေ​မည်။-

37. ထို​အ​ခါ​ဗာ​ဗု​လုန်​မြို့​သည်​တော​တိ​ရစ္ဆာန်​ခို အောင်း​ရာ အ​ဆောက်​အ​အုံ​ပျက်​များ​ဖြစ်​၍​နေ လိမ့်​မည်။ ယင်း​သည်​တုန်​လှုပ်​ချောက်​ချား​ဖွယ် ကောင်း​သော​မြင်​ကွင်း​ဖြစ်​၍ လူ​သူ​ဆိတ်​ငြိမ် ရာ​ဖြစ်​လိမ့်​မည်။-

38. ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​သည်​ခြင်္သေ့​များ ကဲ့​သို့​ဟောက်​ကြ​၏။ ခြင်္သေ့​ငယ်​များ​ကဲ့​သို့ ဟိန်း​ကြ​၏။-

39. သူ​တို့​သည်​အ​စား​ကြူး​သူ​များ​ပေ​လော။ ငါ သည်​သူ​တို့​အား​စား​ပွဲ​ကြီး​တစ်​ခု​တည်​ခင်း ကျွေး​မွေး​ကာ​မူး​ယစ်​ပျော်​ရွင်​စေ​မည်။ သူ​တို့ သည်​အိပ်​ပျော်​၍​သွား​ပြီး​လျှင်​နောင်​အ​ဘယ် အ​ခါ​၌​မျှ​နိုး​ထ​ကြ​တော့​မည်​မ​ဟုတ်။-

40. ငါ​သည်​သူ​တို့​အား​သိုး​သ​ငယ်​များ​ကဲ့​သို့ လည်း​ကောင်း၊ ဆိတ်​ထီး၊ သိုး​ထီး​များ​ကဲ့​သို့ လည်း​ကောင်း​သတ်​ရန်​ခေါ်​ဆောင်​သွား​မည် ဟု​မိန့်​တော်​မူ​၏။

41. ထာ​ဝ​ရ​ဘု​ရား​သည်​ဗာ​ဗု​လုန်​မြို့​အ​ကြောင်း နှင့်​ပတ်​သက်​၍​မိန့်​တော်​မူ​သည်​မှာ``ကမ္ဘာ​တစ် ဝှမ်း​လုံး​က​ချီး​မွမ်း​ထော​မ​နာ​ပြု​သည့်​ဗာ ဗု​လုန်​မြို့​သည်​အ​သိမ်း​ခံ​ရ​လေ​ပြီ။ ဗာ​ဗု လုန်​မြို့​သည်​လူ​မျိုး​တ​ကာ​တို့​အ​တွက် လန့်​ဖျပ်​တုန်​လှုပ်​စ​ရာ​ဖြစ်​၍​လာ​လေ​ပြီ။-

42. ပင်​လယ်​ရေ​သည်​ဗာ​ဗု​လုန်​ပြည်​ပေါ်​သို့ လှိမ့်​တက်​ကာ​လှိုင်း​တံ​ပိုး​များ​ဖြင့်​ဖုံး လွှမ်း​လိုက်​လေ​ပြီ။-

43. မြို့​တို့​သည်​လန့်​ဖျပ်​တုန်​လှုပ်​စ​ရာ​မြင်​ကွင်း ဖြစ်​လာ​ကြ​လျက်​လူ​သူ​ဆိတ်​ငြိမ်​ရာ၊ ရေ မ​ရှိ​သည့်​သဲ​ကန္တာ​ရ​နှင့်​တူ​ကြ​၏။ ထို​မြို့ များ​သို့​အ​ဘယ်​သူ​မျှ​လည်း​ခ​ရီး​မ​ပြု ကြ။-

44. ငါ​သည်​ဗာ​ဗု​လုန်​မြို့​၏​ဗေ​လ​ဘု​ရား​ကို အ​ပြစ်​ဒဏ်​ခတ်​၍ ခိုး​ရာ​ပါ​ပစ္စည်း​များ​ကို လည်း​ပြန်​အပ်​စေ​မည်။ လူ​မျိုး​တ​ကာ​တို့ သည်​သူ့​အား​နောက်​တစ်​ဖန်​ဝတ်​ပြု​ကိုး ကွယ်​ကြ​တော့​မည်​မ​ဟုတ်။``ဗာ​ဗု​လုန်​မြို့​ရိုး​များ​သည်​ပြို​ကျ​လေ​ပြီ။-

45. ဣ​သ​ရေ​လ​ပြည်​သား​တို့၊ ထို​မြို့​မှ​ထွက်​ပြေး ကြ​လော့။ လူ​အ​ပေါင်း​တို့​အ​သက်​ချမ်း​သာ ရာ​ရ​စေ​ရန် ငါ​၏​ပြင်း​ထန်​သော​အ​မျက် တော်​မှ​ရှောင်​ပြေး​ကြ​လော့။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 51