ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 51:17-27 Common Language Bible (BCL)

17. ဤ​သို့​ပြု​တော်​မူ​သ​ဖြင့်​လူ​အ​ပေါင်း​တို့​သည် ဉာဏ်​ပ​ညာ၊ အ​သိ​ဉာဏ်​ကင်း​မဲ့​သူ​များ​ဖြစ်​ရ​ကြ​ကုန်​၏။ရုပ်​တု​ကို​သွန်း​သူ​မှန်​သ​မျှ​သည်မိ​မိ​တို့​သွန်း​လုပ်​သည့်​ရုပ်​တု​များ​မှာ​ဘု​ရား အ​စစ်​အ​မှန်​မ​ဟုတ်​သ​ဖြင့်​စိတ်​ပျက်​ကြ ကုန်​၏။ထို​ရုပ်​တု​များ​တွင်​အ​သက်​မ​ရှိ။

18. ယင်း​တို့​သည်​အ​ချည်း​နှီး​သက်​သက်​ဖြစ်​၍ စက်​ဆုတ်​ရွံ​ရှာ​ဖွယ်​သာ​လျှင်​ဖြစ်​ပေ​သည်။ကိုယ်​တော်​သည်​အ​ပြစ်​ဒဏ်​စီ​ရင်​ရန် ကြွ​လာ​တော်​မူ​သော​အ​ခါ၊ထို​ရုပ်​တု​တို့​ကို​သုတ်​သင်​ဖျက်​ဆီး​ပစ်​တော် မူ​လိမ့်​မည်။

19. ယာ​ကုပ်​၏​ဘု​ရား​သ​ခင်​ကား​ရုပ်​တု​များ ကဲ့​သို့​မ​ဟုတ်။ကိုယ်​တော်​သည်​အ​ရာ​ခပ်​သိမ်း​ကို ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ဖြစ်​၍၊ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​မိ​မိ​ကိုယ်​ပိုင် လူ​စု​တော်​အ​ဖြစ်​ရွေး​ချယ်​ထား​တော်​မူ​လေ​ပြီ။ကိုယ်​တော်​၏​နာ​မ​တော်​ကား​အ​နန္တ​တန်ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။

20. ထာ​ဝ​ရ​ဘု​ရား​က``အို ဗာ​ဗု​လုန်​မြို့၊သင်​သည်​ငါ​၏​သံ​တူ၊စစ်​တိုက်​ရာ​တွင် ငါ​အ​သုံး​ပြု​သည့်​လက်​နက်​ဖြစ်​၏။ငါ​သည်​သင့်​ကို​အ​သုံး​ပြု​၍​လူ​မျိုး​တ​ကာ​ကို ချေ​မှုန်း​ခဲ့​၏။တိုင်း​နိုင်​ငံ​တို့​ကို​ပြို​ကွဲ​စေ​ခဲ့​၏။

21. မြင်း​နှင့်​မြင်း​စီး​သူ​ရဲ​များ​ကို​လည်း​ကောင်း၊ရ​ထား​နှင့်​ရ​ထား​ထိန်း​များ​ကို​လည်း​ကောင်း က​စဥ့်​က​လျား​ဖြစ်​စေ​ခဲ့​၏။

22. အ​မျိုး​သား၊အ​မျိုး​သ​မီး​များ​ကို​လည်း​ကောင်း၊အ​သက်​ကြီး​သူ၊အ​သက်​ငယ်​သူ​များ ကို​လည်း​ကောင်း၊ယောကျာ်း​က​လေး​များ​နှင့်​မိန်း​က​လေး​များ ကို​လည်း​ကောင်း​ကွပ်​မျက်​ခဲ့​၏။

23. သိုး​ထိန်း​များ​နှင့်​သိုး​အုပ်​များ​ကို​သတ်​ဖြတ်​၍၊လယ်​သ​မား​များ​နှင့်​သူ​တို့​၏​ထွန်​နွား​များ ကို​လည်း​ကောင်း၊မင်း​များ​နှင့်​မှူး​မတ်​များ​ကို​လည်း​ကောင်း ချေ​မှုန်း​ခဲ့​၏'' ဟု​မိန့်​တော်​မူ​၏။

24. ထာ​ဝ​ရ​ဘု​ရား​က``ဇိ​အုန်​မြို့​အား​ဗာ​ဗု​လုန် မြို့​သူ​မြို့​သား​တို့​ပြု​ကျင့်​ခဲ့​သည့်​ဒု​စ​ရိုက် မ​ကောင်း​မှု​များ​အ​တွက် ငါ​လက်​စား​ချေ သည်​ကို​သင်​တို့​တွေ့​မြင်​ရ​ကြ​လိမ့်​မည်။-

25. အို ဗာ​ဗု​လုန်​မြို့၊ သင်​သည်​ကမ္ဘာ​မြေ​ပြင်​တစ်​ခု လုံး​ကို​ဖျက်​ဆီး​တတ်​သည့်​တောင်​နှင့်​တူ​၏။ သို့​ရာ​တွင်​ငါ​ထာ​ဝ​ရ​ဘု​ရား​ကား​သင်​၏ ရန်​သူ​ဖြစ်​ပေ​သည်။ ငါ​သည်​သင့်​ကို​ဆွဲ​ကိုင် ကာ​မြေ​ပြင်​နှင့်​တစ်​ညီ​တည်း​ဖြစ်​စေ​မည်။ သင့်​အား​ပြာ​ပုံ​ဆိုက်​စေ​မည်။-

26. သင်​ယို​ယွင်း​ပျက်​စီး​ရာ​မှ​ကျန်​ရစ်​သော​ကျောက် တုံး​များ​ကို အ​ဆောက်​အ​အုံ​တည်​ဆောက်​ရာ​တွင် နောင်​အ​ဘယ်​အ​ခါ​၌​မျှ​အ​သုံး​ပြု​ကြ​တော့ မည်​မ​ဟုတ်။ သင်​သည်​ထာ​ဝ​စဉ်​လူ​သူ​ကင်း​မဲ့ ရာ​ဖြစ်​၍​နေ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။

27. ``တိုက်​ခိုက်​ရန်​အ​ချက်​ပေး​ကြ​လော့။ လူ​မျိုး တကာ​တို့​ကြား​ကြ​စေ​ရန်​တံ​ပိုး​ခ​ရာ​မှုတ် ကြ​လော့။ ဗာ​ဗု​လုန်​မြို့​ကို​စစ်​ချီ​ရန်​လူ​မျိုး တ​ကာ​တို့​အား​အ​သင့်​ပြင်​ဆင်​စေ​ကြ​လော့။ အာ​ရ​ရတ်​ပြည်၊ မိန္နိ​ပြည်​နှင့်​အာ​ရှ​ကေ​နတ် ပြည်​တို့​အား​တိုက်​ခိုက်​ရန်​ပြော​ကြား​ကြ​လော့။ ဦး​ဆောင်​တိုက်​ခိုက်​နိုင်​ရန်​စစ်​သေ​နာ​ပ​တိ​ကို ခန့်​ထား​ကြ​လော့။ ကျိုင်း​ကောင်​အုပ်​ကဲ့​သို့​မြင်း တို့​ကို​ချီ​တက်​စေ​ကြ​လော့။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 51