10. ``ငါ၏လူစုတော်က`ငါတို့ဖြောင့်မှန်ကြောင်း ကို ထာဝရဘုရားပြတော်မူလေပြီ။ ငါ တို့သည်ဇိအုန်မြို့သူမြို့သားတို့ထံသို့ သွား၍ ငါတို့၏ဘုရားသခင်ထာဝရ ဘုရားပြုတော်မူသောအမှုတော်ကို ပြောကြားကြကုန်အံ့' ဟုကြွေးကြော်၏'' ဟုမိန့်တော်မူ၏။
11. ထာဝရဘုရားသည်ဗာဗုလုန်မြို့ကိုသုတ် သင်ဖျက်ဆီးပစ်ရန်အကြံရှိတော်မူသဖြင့် မေဒိဘုရင်တို့ကိုလှုံ့ဆော်ပေးတော်မူလေ ပြီ။ ထိုနည်းအားဖြင့်ထာဝရဘုရားသည် ကိုယ်တော်၏ဗိမာန်တော်ဖျက်ဆီးခံခဲ့ ရခြင်းအတွက်လက်စားချေတော်မူမည်။တိုက်ခိုက်နေသူတပ်မတော်အရာရှိများ က``သင်တို့၏မြားများကိုချွန်ကြလော့။ ဒိုင်းလွှားများကိုကိုင်ဆောင်ကြလော့။-
12. ဗာဗုလုန်မြို့ရိုးတို့ကိုတိုက်ခိုက်ရန်အချက် ပေးကြလော့။ သင်တို့၏အစောင့်တပ်ကိုအား ဖြည့်ကြလော့။ ကင်းလုလင်တို့ကိုနေရာယူ စေကြလော့။ ခြုံခိုတိုက်ခိုက်မည့်တပ်သား တို့ကိုချထားကြလော့'' ဟုအမိန့်ပေး ကြ၏။ထာဝရဘုရားသည်မိမိကြံစည်ထားတော် မူသည်အတိုင်း၊ ဗာဗုလုန်ပြည်သားတို့အား မိမိကြိမ်းမောင်းထားသည်နှင့်အညီပြု တော်မူလေပြီ။-
13. ဗာဗုလုန်မြို့သည်မြစ်များနှင့်ပစ္စည်းဘဏ္ဍာ ပေါများကြွယ်ဝသောမြို့ဖြစ်သော်လည်း ပျက် စီးရန်အချိန်စေ့ပြီဖြစ်သဖြင့်ယင်း၏အသက် သွေးကြောပြတ်၍သွားတော့၏။-
14. အနန္တတန်ခိုးရှင်ထာဝရဘုရားသည်ဗာဗု လုန်မြို့ကိုတိုက်ခိုက်ရန်အတွက် ကျိုင်းကောင်များ သဖွယ်၊ မြောက်မြားစွာသောလူတို့ကိုခေါ်ဆောင် လာမည်ဟု မိမိ၏နာမတော်ကိုတိုင်တည်ကျိန် ဆိုတော်မူလေပြီ။ ထိုသူတို့သည်လည်းအောင် ပွဲရ၍ကြွေးကြော်ကြလိမ့်မည်။
15. ထာဝရဘုရားသည်တန်ခိုးတော်ဖြင့် ပထဝီမြေကြီးကိုဖြစ်ပေါ်စေတော်မူ၏။ကိုယ်တော်သည်ဉာဏ်ပညာတော်ဖြင့် လောကဋ္ဌာတ်ကိုဖန်ဆင်းတော်မူပြီးလျှင်၊အသိပညာတော်ဖြင့်မိုးကောင်းကင်ကို ဖြန့်ကြက်တော်မူ၏။
16. အမိန့်ပေးတော်မူသောအခါမိုးကောင်းကင် အထက်ရှိ ရေတို့သည်အသံမြည်ဟည်းကြကုန်၏။ကိုယ်တော်သည်မြေကြီးစွန်းမှမိုးတိမ်များကို တက်စေတော်မူ၏။မိုးရွာလျက်နေစဉ်လျှပ်စစ်များကိုပြက်စေ တော်မူကာမိမိသိုလှောင်ထားရာမှလေကိုလည်း တိုက်စေတော်မူ၏။
17. ဤသို့ပြုတော်မူသဖြင့်လူအပေါင်းတို့သည် ဉာဏ်ပညာ၊ အသိဉာဏ်ကင်းမဲ့သူများဖြစ်ရကြကုန်၏။ရုပ်တုကိုသွန်းသူမှန်သမျှသည်မိမိတို့သွန်းလုပ်သည့်ရုပ်တုများမှာဘုရား အစစ်အမှန်မဟုတ်သဖြင့်စိတ်ပျက်ကြ ကုန်၏။ထိုရုပ်တုများတွင်အသက်မရှိ။
18. ယင်းတို့သည်အချည်းနှီးသက်သက်ဖြစ်၍ စက်ဆုတ်ရွံရှာဖွယ်သာလျှင်ဖြစ်ပေသည်။ကိုယ်တော်သည်အပြစ်ဒဏ်စီရင်ရန် ကြွလာတော်မူသောအခါ၊ထိုရုပ်တုတို့ကိုသုတ်သင်ဖျက်ဆီးပစ်တော် မူလိမ့်မည်။
19. ယာကုပ်၏ဘုရားသခင်ကားရုပ်တုများ ကဲ့သို့မဟုတ်။ကိုယ်တော်သည်အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်၍၊ဣသရေလအမျိုးသားတို့ကိုမိမိကိုယ်ပိုင် လူစုတော်အဖြစ်ရွေးချယ်ထားတော်မူလေပြီ။ကိုယ်တော်၏နာမတော်ကားအနန္တတန်ခိုးရှင် ထာဝရဘုရားဖြစ်၏။
20. ထာဝရဘုရားက``အို ဗာဗုလုန်မြို့၊သင်သည်ငါ၏သံတူ၊စစ်တိုက်ရာတွင် ငါအသုံးပြုသည့်လက်နက်ဖြစ်၏။ငါသည်သင့်ကိုအသုံးပြု၍လူမျိုးတကာကို ချေမှုန်းခဲ့၏။တိုင်းနိုင်ငံတို့ကိုပြိုကွဲစေခဲ့၏။
21. မြင်းနှင့်မြင်းစီးသူရဲများကိုလည်းကောင်း၊ရထားနှင့်ရထားထိန်းများကိုလည်းကောင်း ကစဥ့်ကလျားဖြစ်စေခဲ့၏။
22. အမျိုးသား၊အမျိုးသမီးများကိုလည်းကောင်း၊အသက်ကြီးသူ၊အသက်ငယ်သူများ ကိုလည်းကောင်း၊ယောကျာ်းကလေးများနှင့်မိန်းကလေးများ ကိုလည်းကောင်းကွပ်မျက်ခဲ့၏။
23. သိုးထိန်းများနှင့်သိုးအုပ်များကိုသတ်ဖြတ်၍၊လယ်သမားများနှင့်သူတို့၏ထွန်နွားများ ကိုလည်းကောင်း၊မင်းများနှင့်မှူးမတ်များကိုလည်းကောင်း ချေမှုန်းခဲ့၏'' ဟုမိန့်တော်မူ၏။
24. ထာဝရဘုရားက``ဇိအုန်မြို့အားဗာဗုလုန် မြို့သူမြို့သားတို့ပြုကျင့်ခဲ့သည့်ဒုစရိုက် မကောင်းမှုများအတွက် ငါလက်စားချေ သည်ကိုသင်တို့တွေ့မြင်ရကြလိမ့်မည်။-