ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 51:1-18 Common Language Bible (BCL)

1. ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ဗာ​ဗု​လုန်​မြို့​နှင့် မြို့​သူ​မြို့​သား​တို့​ကို​ဖျက်​ဆီး​ချေ​မှုန်း​ရန် လေ​ပြင်း​ထ​စေ​မည်။-

2. ဖွဲ​များ​ကို​လွင့်​စဉ်​အောင်​တိုက်​ခတ်​သည့်​လေ ကဲ့​သို့ ဗာ​ဗု​လုန်​မြို့​ကို​ဖျက်​ဆီး​ရန်​လူ​မျိုး ခြား​တို့​ကို​ငါ​စေ​လွှတ်​မည်။ ယင်း​သို့​ဆုံး​ပါး ဖျက်​ဆီး​ရာ​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ သော​အ​ခါ သူ​တို့​သည်​အ​ဘက်​ဘက်​မှ​နေ​၍ တိုက်​ခိုက်​ကာ​ထို​မြို့​ကို​အ​ကုန်​အ​စင်​ပယ် ရှင်း​လိမ့်​မည်။-

3. ဗာ​ဗု​လုန်​စစ်​သည်​တပ်​သား​များ​အား​မိ​မိ တို့​မြား​များ​ကို​ပစ်​လွှတ်​ခွင့်​ကို​သော်​လည်း ကောင်း၊ သံ​ချပ်​အင်္ကျီ​များ​ဝတ်​ဆင်​ခွင့်​ကို သော်​လည်း​ကောင်း​မ​ပေး​ကြ​နှင့်။ သူ​တို့​၏ လူ​ငယ်​လူ​ရွယ်​တို့​အား​ချမ်း​သာ​မ​ပေး ကြ​နှင့်။ တပ်​မ​တော်​တစ်​ခု​လုံး​ကို​ချေ​မှုန်း ပစ်​ကြ​လော့။-

4. သူ​တို့​သည်​ဒဏ်​ရာ​ရ​လျက်​မိ​မိ​တို့​၏ လမ်း​များ​တွင် သေ​ဆုံး​ကြ​လိမ့်​မည်။-

5. ဣ​သ​ရေ​လ​ပြည်​သား​နှင့်​ယုဒ​ပြည်​သား​တို့ သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း မြင့်​မြတ်​တော်​မူ​သော​အ​ရှင် ငါ့​အား​ပြစ်​မှား ကြ​သော်​လည်း​အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ ဘု​ရား​သည်​သူ​တို့​ကို​စွန့်​ပစ်​တော်​မ​မူ။-

6. ဗာ​ဗု​လုန်​မြို့​မှ​ထွက်​ပြေး​ကြ​လော့။ သင်​တို့ သည်​အ​သက်​ဘေး​မှ​လွတ်​မြောက်​ရန်​ထွက် ပြေး​လော့။ ဗာ​ဗု​လုန်​အ​ပြစ်​ကြောင့်​အ​သေ မ​ခံ​ကြ​နှင့်။ ယ​ခု​ငါ​သည်​ဗာ​ဗု​လုန်​မြို့ အာ​ခံ​သည့်​အ​ပြစ်​ဒဏ်​အ​တွက်​လက်​စား ချေ​လျက်​ရှိ​၏။-

7. ဗာ​ဗု​လုန်​မြို့​သည်​ငါ​ကိုင်​၍​ထား​သည့်​ရွှေ ဖ​လား၊ ကမ္ဘာ​တစ်​ဝှမ်း​လုံး​ကို​မူး​ယစ်​စေ​သည့် စ​ပျစ်​ရည်​ခွက်​ဖ​လား​နှင့်​တူ​၏။ လူ​မျိုး တ​ကာ​တို့​သည်​ထို​ခွက်​ဖ​လား​မှ​စ​ပျစ် ရည်​ကို​သောက်​၍​ရူး​သွတ်​ကြ​ကုန်​၏။-

8. ဗာ​ဗု​လုန်​မြို့​သည်​ရုတ်​တ​ရက်​ပြို​လဲ​ပျက် စီး​သွား​လေ​ပြီ။ ထို​မြို့​အ​တွက်​ငို​ကြွေး ကြ​လော့။ သူ​၏​ဒဏ်​ရာ​များ​အ​တွက်​ဆေး ဝါး​ကို​ရှာ​ကြ​လော့။ သူ့​အား​အ​နာ​ရော​ဂါ ပျောက်​ကင်း​အောင်​ကု​သ​ကောင်း​ကု​သ​နိုင် ပေ​လိမ့်​မည်။-

9. `ငါ​တို့​သည်​ဗာ​ဗု​လုန်​မြို့​ကို​ကူ​မ​ရန်​ကြိုး စား​ကြ​ပါ​သော်​လည်း​များ​စွာ​နောက်​ကျ​၍ နေ​လေ​ပြီ။ လာ​ကြ။ ထို​မြို့​မှ​ထွက်​ခွာ​၍​ငါ တို့​ပြည်​သို့​ပြန်​ကြ​ကုန်​အံ့။ ဘု​ရား​သခင်​သည် အ​နန္တ​တန်​ခိုး​တော်​ဖြင့်​ဗာ​ဗု​လုန်​မြို့​ကို​အ ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ပြီ။ လုံး​ဝ​သုတ်​သင် ဖျက်​ဆီး​တော်​မူ​ပြီ' ဟု​ဆို​ကြ​၏။

10. ``ငါ​၏​လူ​စု​တော်​က`ငါ​တို့​ဖြောင့်​မှန်​ကြောင်း ကို ထာ​ဝ​ရ​ဘု​ရား​ပြ​တော်​မူ​လေ​ပြီ။ ငါ တို့​သည်​ဇိ​အုန်​မြို့​သူ​မြို့​သား​တို့​ထံ​သို့ သွား​၍ ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ပြု​တော်​မူ​သော​အ​မှု​တော်​ကို ပြော​ကြား​ကြ​ကုန်​အံ့' ဟု​ကြွေး​ကြော်​၏'' ဟု​မိန့်​တော်​မူ​၏။

11. ထာ​ဝ​ရ​ဘု​ရား​သည်​ဗာ​ဗု​လုန်​မြို့​ကို​သုတ် သင်​ဖျက်​ဆီး​ပစ်​ရန်​အ​ကြံ​ရှိ​တော်​မူ​သ​ဖြင့် မေ​ဒိ​ဘု​ရင်​တို့​ကို​လှုံ့​ဆော်​ပေး​တော်​မူ​လေ ပြီ။ ထို​နည်း​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​၏​ဗိ​မာန်​တော်​ဖျက်​ဆီး​ခံ​ခဲ့ ရ​ခြင်း​အ​တွက်​လက်​စား​ချေ​တော်​မူ​မည်။တိုက်​ခိုက်​နေ​သူ​တပ်​မ​တော်​အ​ရာ​ရှိ​များ က``သင်​တို့​၏​မြား​များ​ကို​ချွန်​ကြ​လော့။ ဒိုင်း​လွှား​များ​ကို​ကိုင်​ဆောင်​ကြ​လော့။-

12. ဗာ​ဗု​လုန်​မြို့​ရိုး​တို့​ကို​တိုက်​ခိုက်​ရန်​အ​ချက် ပေး​ကြ​လော့။ သင်​တို့​၏​အ​စောင့်​တပ်​ကို​အား ဖြည့်​ကြ​လော့။ ကင်း​လု​လင်​တို့​ကို​နေ​ရာ​ယူ စေ​ကြ​လော့။ ခြုံ​ခို​တိုက်​ခိုက်​မည့်​တပ်​သား တို့​ကို​ချ​ထား​ကြ​လော့'' ဟု​အ​မိန့်​ပေး ကြ​၏။ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​ကြံ​စည်​ထား​တော် မူ​သည်​အ​တိုင်း၊ ဗာ​ဗု​လုန်​ပြည်​သား​တို့​အား မိ​မိ​ကြိမ်း​မောင်း​ထား​သည်​နှင့်​အ​ညီ​ပြု တော်​မူ​လေ​ပြီ။-

13. ဗာ​ဗု​လုန်​မြို့​သည်​မြစ်​များ​နှင့်​ပစ္စည်း​ဘဏ္ဍာ ပေါ​များ​ကြွယ်​ဝ​သော​မြို့​ဖြစ်​သော်​လည်း ပျက် စီး​ရန်​အ​ချိန်​စေ့​ပြီ​ဖြစ်​သ​ဖြင့်​ယင်း​၏​အ​သက် သွေး​ကြော​ပြတ်​၍​သွား​တော့​၏။-

14. အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဗာ​ဗု လုန်​မြို့​ကို​တိုက်​ခိုက်​ရန်​အ​တွက် ကျိုင်း​ကောင်​များ သ​ဖွယ်၊ မြောက်​မြား​စွာ​သော​လူ​တို့​ကို​ခေါ်​ဆောင် လာ​မည်​ဟု မိ​မိ​၏​နာ​မ​တော်​ကို​တိုင်​တည်​ကျိန် ဆို​တော်​မူ​လေ​ပြီ။ ထို​သူ​တို့​သည်​လည်း​အောင် ပွဲ​ရ​၍​ကြွေး​ကြော်​ကြ​လိမ့်​မည်။

15. ထာ​ဝ​ရ​ဘု​ရား​သည်​တန်​ခိုး​တော်​ဖြင့် ပ​ထ​ဝီ​မြေ​ကြီး​ကို​ဖြစ်​ပေါ်​စေ​တော်​မူ​၏။ကိုယ်​တော်​သည်​ဉာဏ်​ပ​ညာ​တော်​ဖြင့် လော​က​ဋ္ဌာတ်​ကို​ဖန်​ဆင်း​တော်​မူ​ပြီး​လျှင်၊အ​သိ​ပ​ညာ​တော်​ဖြင့်​မိုး​ကောင်း​ကင်​ကို ဖြန့်​ကြက်​တော်​မူ​၏။

16. အ​မိန့်​ပေး​တော်​မူ​သော​အ​ခါ​မိုး​ကောင်း​ကင် အထက်​ရှိ ရေ​တို့​သည်​အ​သံ​မြည်​ဟည်း​ကြ​ကုန်​၏။ကိုယ်​တော်​သည်​မြေ​ကြီး​စွန်း​မှ​မိုး​တိမ်​များ​ကို တက်​စေ​တော်​မူ​၏။မိုး​ရွာ​လျက်​နေ​စဉ်​လျှပ်​စစ်​များ​ကို​ပြက်​စေ တော်​မူ​ကာမိ​မိ​သို​လှောင်​ထား​ရာ​မှ​လေ​ကို​လည်း တိုက်​စေ​တော်​မူ​၏။

17. ဤ​သို့​ပြု​တော်​မူ​သ​ဖြင့်​လူ​အ​ပေါင်း​တို့​သည် ဉာဏ်​ပ​ညာ၊ အ​သိ​ဉာဏ်​ကင်း​မဲ့​သူ​များ​ဖြစ်​ရ​ကြ​ကုန်​၏။ရုပ်​တု​ကို​သွန်း​သူ​မှန်​သ​မျှ​သည်မိ​မိ​တို့​သွန်း​လုပ်​သည့်​ရုပ်​တု​များ​မှာ​ဘု​ရား အ​စစ်​အ​မှန်​မ​ဟုတ်​သ​ဖြင့်​စိတ်​ပျက်​ကြ ကုန်​၏။ထို​ရုပ်​တု​များ​တွင်​အ​သက်​မ​ရှိ။

18. ယင်း​တို့​သည်​အ​ချည်း​နှီး​သက်​သက်​ဖြစ်​၍ စက်​ဆုတ်​ရွံ​ရှာ​ဖွယ်​သာ​လျှင်​ဖြစ်​ပေ​သည်။ကိုယ်​တော်​သည်​အ​ပြစ်​ဒဏ်​စီ​ရင်​ရန် ကြွ​လာ​တော်​မူ​သော​အ​ခါ၊ထို​ရုပ်​တု​တို့​ကို​သုတ်​သင်​ဖျက်​ဆီး​ပစ်​တော် မူ​လိမ့်​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 51