ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 50:31-45 Common Language Bible (BCL)

31. ``အို ဗာ​ဗု​လုန်​မြို့၊ သင်​သည်​မာန်​မာ​န​နှင့် ပြည့်​ဝ​လျက်​နေ​သ​ဖြင့် အ​နန္တ​တန်​ခိုး​ရှင် ဘု​ရား​သခင်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင့် ကို​အ​တိုက်​အ​ခံ​ပြု​မည်။ သင့်​အား​ငါ အ​ပြစ်​ဒဏ်​ခတ်​ရ​မည့်​နေ့​ရက်​ကာ​လ သည်​ကျ​ရောက်​လာ​လေ​ပြီ။-

32. မာန်​မာ​န​ထောင်​လွှား​သည့်​သင်​တို့​နိုင်​ငံ​သည် ခြေ​ချော်​၍​လဲ​လိမ့်​မည်။ သင့်​အား​ပြန်​ထ​ရန် အ​ဘယ်​သူ​မျှ​ကူ​မ​လိမ့်​မည်​မ​ဟုတ်။ ငါ သည်​သင်​တို့​၏​မြို့​များ​ကို​မီး​လောင်​ကျွမ်း စေ​မည်​ဖြစ်​၍ သင်​တို့​ပတ်​လည်​တွင်​ရှိ​သ​မျှ သော​အ​ရာ​တို့​သည်​ပျက်​စီး​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

33. အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ ရေ​လ​နှင့်​ယု​ဒ​ပြည်​သား​တို့​သည်​ညှင်း​ပန်း နှိပ်​စက်​ခြင်း​ကို​ခံ​ရ​ကြ​၏။ ဖမ်း​ဆီး​သိမ်း​ယူ သွား​သူ​များ​သည်​သူ​တို့​အား​ကြပ်​တည်း​စွာ အ​စောင့်​ချ​၍​ထား​ကြ​၏။ သူ​တို့​ကို​ထွက်​ခွာ သွား​ခွင့်​မ​ပြု​ကြ။-

34. သို့​ရာ​တွင်​ထို​သူ​တို့​အား​ကယ်​ဆယ်​တော်​မူ မည့်​အ​ရှင်​သည်​ခွန်​အား​ကြီး​မား​တော်​မူ​၏။ ထို​အ​ရှင်​၏​နာ​မ​တော်​မှာ​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သ​တည်း။ ထို​အ​ရှင်​ကိုယ် တော်​တိုင်​သူ​တို့​၏​အ​ကျိုး​ကို​ပြု​စု​တော်​မူ ၍ ပြည်​တော်​တွင်​ငြိမ်း​ချမ်း​သာ​ယာ​မှု​ရှိ​စေ တော်​မူ​လိမ့်​မည်။ ဗာ​ဗု​လုန်​အ​မျိုး​သား​တို့ ကို​မူ​ကား​ဒုက္ခ​ရောက်​စေ​တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

35. ထာ​ဝ​ရ​ဘု​ရား​က``ဗာ​ဗု​လုန်​ပြည်​သည် ပျက်​ပြုန်း ရ​လိမ့်​မည်။ပြည်​သူ​ပြည်​သား​များ၊အုပ်​စိုး​သူ​များ​နှင့် ပ​ညာ​ရှိ​များ​သည်​သေ​ဆုံး​ရ​ကြ​လိမ့်​မည်။

36. ထို​ပြည်​၏​မိစ္ဆာ​ပ​ရော​ဖက်​တို့​သည်​သေ​ဆုံး ရ​ကြ​လိမ့်​မည်။သူ​တို့​သည်​အ​လွန်​မိုက်​မဲ​သူ​များ​ဖြစ်​၏။ထို​ပြည်​၏​စစ်​သည်​တပ်​သား​တို့​သည် သေ​ဆုံး​ရကြ​လိမ့်​မည်။သူ​တို့​သည်​အ​လွန်​ကြောက်​လန့်​တုန်​လှုပ်​လျက် ရှိ​ကြ​၏။

37. သူ​တို့​၏​မြင်း​များ၊စစ်​ရ​ထား​များ​ကို ဖျက်​ဆီး​ပစ်​ကြ​လော့။ငှား​ရမ်း​ထား​သည့်​စစ်​သည်​တပ်​သား​တို့ သည် သေ​ဆုံး​ရ​ကြ​လိမ့်​မည်။သူ​တို့​သည်​အ​လွန်​အား​အင်​ချည့်​နဲ့​လျက် နေ​ကြ​၏။ဗာ​ဗု​လုန်​မြို့​၏​ပစ္စည်း​ဘဏ္ဍာ​များ​ကို ဖျက်​ဆီး​ပစ်​ကြ​လော့။ယင်း​တို့​ကို​တိုက်​ခိုက်​လု​ယက်​ကြ​လော့။

38. ထို​ပြည်​တွင်​မိုး​ခေါင်​စေ​၍​မြစ်​များ​ကို​ခန်း ခြောက် စေ​ကြ​လော့။ဗာ​ဗု​လုန်​ပြည်​သည်​ထိတ်​လန့်​ဖွယ်​ကောင်း​သည့် ရုပ်​တု​ပေါ​များ​သည့်​ပြည်​ဖြစ်​ပေ​သည်။ထို​ရုပ်​တု​များ​ကြောင့်​ပြည်​သူ​တို့​သည် မိုက်​မဲ​သူ​များ​ဖြစ်​ကြ​လေ​ပြီ။

39. ``သို့​ဖြစ်​၍​ဗာ​ဗု​လုန်​မြို့​သည်​နတ်​ဆိုး​များ၊ ဆိုး​ညစ်​သော​ဝိ​ညာဉ်​များ​နှင့် ငှက်​ဆိုး​များ ခို​အောင်း​ရာ​ဖြစ်​လိမ့်​မည်။ ထို​မြို့​သည်​နောင် ကာ​လ​အ​စဉ်​အ​ဆက်​လူ​သူ​ကင်း​မဲ့​ရာ အ​ရပ်​ဖြစ်​လိမ့်​မည်။-

40. သော​ဒုံ​မြို့၊ ဂေါ​မော​ရ​မြို့​နှင့်​နီး​နား​ဝန်း​ကျင် ကျေးရွာ​များ​သည် ငါ​၏​ဖျက်​ဆီး​ခြင်း​ကို​ခံ​ခဲ့ ရ​သည့်​နည်း​တူ ဗာ​ဗု​လုန်​မြို့​သည်​လည်း​ခံ​ရ လိမ့်​မည်။ ကာ​လ​အ​နည်း​ငယ်​မျှ​ပင်​လျှင်​ထို မြို့​တွင်​နေ​ထိုင်​သူ​တစ်​ဦး​တစ်​ယောက်​မျှ​ရှိ လိမ့်​မည်​မ​ဟုတ်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။

41. ``မြောက်​ဘက်​နိုင်​ငံ​တစ်​ခု​မှ​လူ​တို့​သည် ချီ​တက်​၍​လာ​လိမ့်​မည်။ရပ်​ဝေး​မှ​တန်​ခိုး​ကြီး​မား​သည့်​နိုင်​ငံ​ဖြစ်​သည်။ဘု​ရင်​များ​သည်​စစ်​တိုက်​ရန်​ပြင်​ဆင်​လျက်​ရှိ​၏။

42. သူ​တို့​သည်​မိ​မိ​တို့​လေး​များ​နှင့်​ဋ္ဌား​များ​ကို ကိုင်​စွဲ​ကြ​လေ​ပြီ။သူ​တို့​သည်​ရက်​စက်​ကြမ်း​ကြုတ်​၍ က​ရု​ဏာ​ကင်း​မဲ့​သူ​များ​ဖြစ်​ပေ​သည်။သူ​တို့​၏​မြင်း​ခွာ​သံ​များ​သည်​ပင်​လယ်​ရေ မြည်​ဟီး​သံ​နှင့်​တူ​၏။သူ​တို့​သည်​ဗာ​ဗု​လုန်​မြို့​ကို​တိုက်​ရန် အ​သင့်​ရှိ​ကြ​လေ​ပြီ။

43. ဗာ​ဗု​လုန်​ဘု​ရင်​သည်​ထို​သ​တင်း​ကို​ကြား သော​အ​ခါ မိ​မိ​၏​လက်​များ​ကို​ပင်​မ​လှုပ်​မ​ရှား​နိုင် တော့​ချေ။သူ​သည်​စိတ်​ဒုက္ခ​ရောက်​လျက်​သား​ဖွား​သည့် အ​မျိုး​သ​မီး​ကဲ့​သို့​ဝေ​ဒ​နာ​ခံ​ရ​လေ​သည်။

44. ``ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ယော်​ဒန်​မြစ်​တစ် လျှောက်​ရှိ​ထူ​ထပ်​သော​တော​အုပ်​ထဲ​မှ စိမ်း​လန်း သော​မြက်​ခင်း​ပြင်​သို့​ထွက်​လာ​သည့်​ခြင်္သေ့​ကဲ့ သို့​ထွက်​လာ​ပြီး​လျှင် ဗာ​ဗု​လုန်​မြို့​သား​တို့ အား​မိ​မိ​တို့​မြို့​မှ​ရုတ်​တ​ရက်​ထွက်​ပြေး​စေ မည်။ ထို​နောက်​ထို​မြို့​ကို​အုပ်​စိုး​ရန်​ဘု​ရင် တစ်​ပါး​ကို​ငါ​ရွေး​ချယ်​ခန့်​ထား​မည်။ ငါ​နှင့် အ​ဘယ်​သူ​ကို​နှိုင်း​ယှဉ်​၍​ရ​မည်​နည်း။ အ​ဘယ် သူ​သည်​ငါ​နှင့်​အံ​တု​ဖက်​ပြိုင်​ဝံ့​မည်​နည်း။ အ​ဘယ်​မည်​သော​မင်း​သည်​ငါ့​အား​အ​တိုက် အ​ခံ​ပြု​နိုင်​မည်​နည်း။-

45. သို့​ဖြစ်​၍​ဗာ​ဗု​လုန်​မြို့​အ​တွက်​ငါ​ပြု​လုပ် ထား​သည့်​အ​ကြံ​အ​စည်​ကို​လည်​ကောင်း၊ မြို့ သူ​မြို့​သား​များ​အ​တွက်​ငါ​ကြံ​စည်​ထား သည့်​အ​မှု​အ​ရာ​ကို​လည်း​ကောင်း​နား​ထောင် ကြ​လော့။ ရန်​သူ​သည်​သူ​တို့​၏​သား​သ​မီး များ​ကို​ပင်​လျှင်​ဒ​ယဥ့်​တိုက်​ဆွဲ​၍​ခေါ်​ဆောင် သွား​လိမ့်​မည်။ တွေ့​မြင်​ရ​သူ​အ​ပေါင်း​တို့ သည်​လန့်​ဖျပ်​တုန်​လှုပ်​ကြ​လိမ့်​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 50