19. ဣသရေလပြည်သားတို့အားမိမိတို့ ပြည်သို့ငါပြန်လည်ပို့ဆောင်မည်။ သူတို့ သည်ကရမေလတောင်ထိပ်နှင့်ဗာရှန်ဒေသ တွင်စိုက်ပျိုးသည့်အသီးအနှံများကိုစား ရကြလိမ့်မည်။ ဧဖရိမ်နှင့်ဂိလဒ်နယ်မြေ များတွင်ပေါက်ရောက်သမျှသောအသီး အနှံများကိုအဝစားရကြလိမ့်မည်။-
20. ထိုအချိန်ကာလကျရောက်လာသောအခါ ငါသည်မိမိအသက်ရှင်ခွင့်ပေးထားသူတို့ ၏အပြစ်များကိုဖြေလွတ်ဖြေရှင်းမည်ဖြစ် ၍ ဣသရေလပြည်တွင်အပြစ်ဒုစရိုက်တစ် စုံတစ်ခုမျှတွေ့ရှိရလိမ့်မည်မဟုတ်။ ယုဒ ပြည်တွင်လည်းဆိုးညစ်မှုတစ်စုံတစ်ရာမျှ တွေ့ရှိရလိမ့်မည်မဟုတ်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့် တော်မူ၏။
21. ``ပုန်ကန်တတ်သောပြည်သားနှင့် အပြစ်ဒဏ် သင့်သည့်ပြည်သားတို့အားတိုက်ခိုက်ကြ လော့။ သူတို့အားသတ်ဖြတ်သုတ်သင်ကြ လော့။ ငါမိန့်မှာသမျှတို့ကိုပြုကြလော့။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။-
22. ထိုပြည်တွင်စစ်တိုက်သည့်အသံဗလံများ ကိုကြားရ၏။ ဆုံးပါးပျက်စီးမှုကား ကြီးလှပေ၏။-
23. ဗာဗုလုန်မြို့သည်တစ်ကမ္ဘာလုံးကိုသံတူ နှင့်ရိုက်နှက်ခဲ့၏။ သို့ရာတွင်ယခုအခါထို သံတူသည်အစိတ်စိတ်အမြွှာမြွှာကျိုးပဲ့၍ သွားလေပြီတကား။ လူမျိုးတကာတို့သည် ဗာဗုလုန်မြို့ကြုံတွေ့ရသည့်အဖြစ်အပျက် ကိုမြင်၍လန့်ဖျပ်တုန်လှုပ်ကြကုန်၏။-
24. အို ဗာဗုလုန်မြို့၊ သင်သည်ငါ့ကိုတိုက်ခိုက် ခဲ့၏။ ငါထောင်ထားသည့်ထောင်ချောက်တွင် အမှတ်မထင်ဖမ်းမိလေပြီ။-
25. ငါသည်အမျက်ထွက်သဖြင့်မိမိ၏လက် နက်တိုက်ကိုဖွင့်၍လက်နက်များကိုထုတ် ယူတော်မူလေပြီ။ အဘယ်ကြောင့်ဆိုသော် ဗာဗုလုန်မြို့တွင်အနန္တတန်ခိုးရှင်ငါထာ ဝရဘုရားပြုရန်အမှုရှိသောကြောင့် ဖြစ်၏။-