18. ဤအကြောင်းကြောင့်ဣသရေလအမျိုး သားတို့၏ဘုရားသခင်အနန္တတန်ခိုးရှင် ငါထာဝရဘုရားသည် အာရှုရိဘုရင် ကိုအပြစ်ဒဏ်ခတ်သည့်နည်းတူနေဗုခဒ် နေဇာမင်းနှင့်သူ၏နိုင်ငံကိုအပြစ်ဒဏ် ခတ်မည်။-
19. ဣသရေလပြည်သားတို့အားမိမိတို့ ပြည်သို့ငါပြန်လည်ပို့ဆောင်မည်။ သူတို့ သည်ကရမေလတောင်ထိပ်နှင့်ဗာရှန်ဒေသ တွင်စိုက်ပျိုးသည့်အသီးအနှံများကိုစား ရကြလိမ့်မည်။ ဧဖရိမ်နှင့်ဂိလဒ်နယ်မြေ များတွင်ပေါက်ရောက်သမျှသောအသီး အနှံများကိုအဝစားရကြလိမ့်မည်။-
20. ထိုအချိန်ကာလကျရောက်လာသောအခါ ငါသည်မိမိအသက်ရှင်ခွင့်ပေးထားသူတို့ ၏အပြစ်များကိုဖြေလွတ်ဖြေရှင်းမည်ဖြစ် ၍ ဣသရေလပြည်တွင်အပြစ်ဒုစရိုက်တစ် စုံတစ်ခုမျှတွေ့ရှိရလိမ့်မည်မဟုတ်။ ယုဒ ပြည်တွင်လည်းဆိုးညစ်မှုတစ်စုံတစ်ရာမျှ တွေ့ရှိရလိမ့်မည်မဟုတ်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့် တော်မူ၏။
21. ``ပုန်ကန်တတ်သောပြည်သားနှင့် အပြစ်ဒဏ် သင့်သည့်ပြည်သားတို့အားတိုက်ခိုက်ကြ လော့။ သူတို့အားသတ်ဖြတ်သုတ်သင်ကြ လော့။ ငါမိန့်မှာသမျှတို့ကိုပြုကြလော့။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။-
22. ထိုပြည်တွင်စစ်တိုက်သည့်အသံဗလံများ ကိုကြားရ၏။ ဆုံးပါးပျက်စီးမှုကား ကြီးလှပေ၏။-
23. ဗာဗုလုန်မြို့သည်တစ်ကမ္ဘာလုံးကိုသံတူ နှင့်ရိုက်နှက်ခဲ့၏။ သို့ရာတွင်ယခုအခါထို သံတူသည်အစိတ်စိတ်အမြွှာမြွှာကျိုးပဲ့၍ သွားလေပြီတကား။ လူမျိုးတကာတို့သည် ဗာဗုလုန်မြို့ကြုံတွေ့ရသည့်အဖြစ်အပျက် ကိုမြင်၍လန့်ဖျပ်တုန်လှုပ်ကြကုန်၏။-
24. အို ဗာဗုလုန်မြို့၊ သင်သည်ငါ့ကိုတိုက်ခိုက် ခဲ့၏။ ငါထောင်ထားသည့်ထောင်ချောက်တွင် အမှတ်မထင်ဖမ်းမိလေပြီ။-
25. ငါသည်အမျက်ထွက်သဖြင့်မိမိ၏လက် နက်တိုက်ကိုဖွင့်၍လက်နက်များကိုထုတ် ယူတော်မူလေပြီ။ အဘယ်ကြောင့်ဆိုသော် ဗာဗုလုန်မြို့တွင်အနန္တတန်ခိုးရှင်ငါထာ ဝရဘုရားပြုရန်အမှုရှိသောကြောင့် ဖြစ်၏။-
26. ထိုမြို့ကိုအဘက်ဘက်မှနေ၍တိုက်ခိုက်ကြ လော့။ စပါးကျီများကိုဖောက်ဖျက်ကြလော့။ တိုက်ခိုက်လုယက်၍ရသောဥစ္စာပစ္စည်းတို့ကို စပါးပုံများကဲ့သို့စုပုံထားကြလော့။ မြို့ ကိုသုတ်သင်ဖျက်ဆီးကြလော့။ အဘယ် အရာကိုမျှချန်လှပ်မထားကြနှင့်။-
27. စစ်သည်တပ်သားအပေါင်းကိုသတ်ဖြတ်ကြ လော့။ အစုလိုက်အပြုံလိုက်သတ်ကြလော့။ ဗာဗုလုန်ပြည်သားတို့သည်အမင်္ဂလာရှိ ကြ၏။ သူတို့အပြစ်ဒဏ်ခံရမည့်နေ့ရက် ကာလသည်ကျရောက်လာလေပြီ'' ဟု မိန့်တော်မူ၏။
28. (ဗာဗုလုန်ပြည်မှလွတ်မြောက်လာသောစစ် ပြေးဒုက္ခသည်များသည်ဇိအုန်မြို့သို့လာ ရောက်ပြီးလျှင် ကိုယ်တော်၏ဗိမာန်တော်ကို ဗာဗုလုန်ပြည်သားတို့ဖျက်ဆီးကြသည့် အတွက် ငါတို့ဘုရားသခင်ထာဝရ ဘုရားသည်သူတို့အားအဘယ်သို့လက် စားချေတော်မူကြောင်းကိုပြောပြကြ၏။)
29. ``ဗာဗုလုန်မြို့ကိုတိုက်ခိုက်ရန်လေးသမား တို့အားပြောကြားကြလော့။ လေးနှင့်မြား ကိုအသုံးပြုတတ်သူမှန်သမျှကိုစေလွှတ် ကြလော့။ မြို့ကိုဝိုင်းရံထားကြလော့။ အဘယ် သူမျှထွက်မပြေးစေနှင့်။ ထိုမြို့သားတို့အား လက်စားချေကြလော့။ သူတို့သည် သူတစ်ပါး တို့အားပြုကျင့်ခဲ့ကြသည့်အတိုင်းသူတို့ အားပြုကျင့်ကြလော့။ အဘယ်ကြောင့်ဆို သော်သူတို့သည်ဣသရေလအမျိုးသားတို့ ၏သန့်ရှင်းမြင့်မြတ်တော်မူသောအရှင် ဖြစ်သူငါ့ကိုမာနထောင်လွှားစွာဆန့် ကျင်ခဲ့ကြပြီ။-
30. သူတို့၏လူငယ်လူရွယ်များသည်မြို့လမ်း များပေါ်တွင်အသတ်ခံရကြလိမ့်မည်။ သူ တို့၏စစ်သည်တပ်သားအပေါင်းတို့သည် လည်းထိုနေ့၌သုတ်သင်ပယ်ရှင်းခြင်းကို ခံရကြလိမ့်မည်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏။
31. ``အို ဗာဗုလုန်မြို့၊ သင်သည်မာန်မာနနှင့် ပြည့်ဝလျက်နေသဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင်၊ ငါထာဝရဘုရားသည်သင့် ကိုအတိုက်အခံပြုမည်။ သင့်အားငါ အပြစ်ဒဏ်ခတ်ရမည့်နေ့ရက်ကာလ သည်ကျရောက်လာလေပြီ။-
32. မာန်မာနထောင်လွှားသည့်သင်တို့နိုင်ငံသည် ခြေချော်၍လဲလိမ့်မည်။ သင့်အားပြန်ထရန် အဘယ်သူမျှကူမလိမ့်မည်မဟုတ်။ ငါ သည်သင်တို့၏မြို့များကိုမီးလောင်ကျွမ်း စေမည်ဖြစ်၍ သင်တို့ပတ်လည်တွင်ရှိသမျှ သောအရာတို့သည်ပျက်စီးလိမ့်မည်'' ဟု မိန့်တော်မူ၏။