ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 50:12-18 Common Language Bible (BCL)

12. သင်​တို့​၏​မြို့​သည်​အ​ရှက်​ကွဲ​၍​အ​သ​ရေ ပျက်​လိမ့်​မည်။ နိုင်​ငံ​တ​ကာ​တို့​တွင်​ဗာ​ဗု​လုန် နိုင်​ငံ​သည် အ​သိမ်​ငယ်​ဆုံး​သော​နိုင်​ငံ​ဖြစ် လိမ့်​မည်။ ယင်း​သည်​ခြောက်​သွေ့​၍​ရေ​မ​ရှိ သည့်​သဲ​ကန္တာ​ရ​ဖြစ်​လိမ့်​မည်။-

13. ငါ​၏​အ​မျက်​တော်​ကြောင့်​ဗာ​ဗု​လုန်​မြို့ တွင် အ​ဘယ်​သူ​မျှ​နေ​ထိုင်​ရ​ကြ​လိမ့်​မည် မ​ဟုတ်။ ထို​မြို့​သည်​ယို​ယွင်း​ပျက်​စီး​လျက် ကျန်​ရစ်​လိမ့်​မည်။ အ​နီး​မှ​ဖြတ်​သန်း​သွား လာ​သူ​အ​ပေါင်း​တို့​သည်​ထို​မြို့​ကြုံ​တွေ့ ရ​သည့်​အ​ဖြစ်​အ​ပျက်​ကို​မြင်​၍ လန့်​ဖျပ် တုန်​လှုပ်​ကာ​အံ့​သြ​၍​သွား​ကြ​လိမ့်​မည်။

14. ``လေး​သ​မား​တို့၊ စစ်​ရေး​စစ်​ရာ​ခင်း​ကျင်း လျက်​ဗာ​ဗု​လုန်​မြို့​ကို​တိုက်​ခိုက်​ဝိုင်း​ရံ​ကြ လော့။ ဗာ​ဗု​လုန်​မြို့​သည်​ငါ​ထာ​ဝ​ရ​ဘု​ရား အား​ပြစ်​မှား​လေ​ပြီ။ သို့​ဖြစ်​၍​သင်​တို့​၏ မြား​ရှိ​သ​မျှ​ကို​ထို​မြို့​ထဲ​သို့​ပစ်​လွှတ် ကြ​လော့။-

15. မြို့​ပတ်​လည်​တွင်​စစ်​တိုက်​သံ​များ​ကို​ကြွေး ကြော်​ကြ​လော့။ ယ​ခု​ဗာ​ဗု​လုန်​မြို့​သည် လက်​နက်​ချ​လေ​ပြီ။ မြို့​တံ​တိုင်း​တို့​သည် ကျိုး​ပေါက်​ပြို​ကျ​သွား​လေ​ပြီ။ ငါ​သည် ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​အား​လက်​စား ချေ​လျက်​နေ​သည်​ဖြစ်​၍ သင်​တို့​သည်​သူ​တို့ အ​ပေါ်​၌​လက်​စား​ချေ​ကြ​လော့။ သူ​တစ်​ပါး တို့​အား​သူ​တို့​ပြု​ကျင့်​ခဲ့​ကြ​သည့်​အ​တိုင်း သူ​တို့​အား​ပြု​ကျင့်​ကြ​လော့။-

16. ဗာ​ဗု​လုန်​ပြည်​တွင်​ပျိုး​ကြဲ​ခွင့်​မ​ပြု​ကြ နှင့်။ သူ​တို့​ကို​လည်း အ​သီး​အ​နှံ​များ​ရိတ် သိမ်း​ခွင့်​မ​ပေး​ကြ​နှင့်။ ထို​အ​ရပ်​တွင်​နေ ထိုင်​လျက်​ရှိ​သည့်​လူ​မျိုး​ခြား​မှန်​သ​မျှ သည် ယ​ခု​စစ်​ဆင်​လျက်​ရှိ​သည့်​တပ်​မ​တော် ကို​ကြောက်​သ​ဖြင့် မိ​မိ​တို့​ပြည်​သို့​ပြန် ကြ​လိမ့်​မည်။

17. ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​ပြည်​သား တို့​သည်​ခြင်္သေ့​များ​ကိုက်​သ​ဖြင့် ကွဲ​လွင့်​သွား သည့်​သိုး​များ​နှင့်​တူ​ကြ​၏။ ဦး​စွာ​ပ​ထ​မ အာ​ရှု​ရိ​ဘု​ရင်​သည်​သူ​တို့​အား​တိုက်​ခိုက်​၏။ ထို​နောက်​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ က​သူ​တို့​၏​အ​ရိုး​များ​ကို​တ​တိ​တိ​ကိုက် ဖဲ့​လေ​သည်။-

18. ဤ​အ​ကြောင်း​ကြောင့်​ဣသ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ​တန်​ခိုး​ရှင် ငါ​ထာ​ဝ​ရ​ဘု​ရား​သည် အာ​ရှု​ရိ​ဘု​ရင် ကို​အ​ပြစ်​ဒဏ်​ခတ်​သည့်​နည်း​တူ​နေ​ဗု​ခဒ် နေ​ဇာ​မင်း​နှင့်​သူ​၏​နိုင်​ငံ​ကို​အ​ပြစ်​ဒဏ် ခတ်​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 50