7. တန်ခိုးတော်အရှင်ထာဝရဘုရားသခင် သည်ဧဒုံပြည်ကိုရည်မှတ်၍``ဧဒုံပြည်သား တို့သည်ဆင်ခြင်တိုင်းထွာနိုင်စွမ်းမရှိကြ တော့ပြီလော။ သူတို့၏ပညာရှိများသည် လည်းအဘယ်အမှုကိုပြုသင့်ကြောင်း အကြံဉာဏ်မပေးနိုင်ကြတော့ပြီလော။ သူတို့၏အသိပညာမှန်သမျှသည် ပျောက်ကွယ်သွားလေပြီလော။-
8. အို ဒေဒန်မြို့သူမြို့သားတို့၊ လှည့်၍ထွက်ပြေး ကြလော့။ ပုန်းအောင်း၍နေကြလော့။ ဧသော ၏သားမြေးတို့အားအပြစ်ဒဏ်ခတ်မည့် အချိန်ကာလကျရောက်လာပြီဖြစ်၍ ငါသည်သူတို့ကိုသုတ်သင်ဖျက်ဆီးမည်။-
9. လူတို့သည်စပျစ်သီးများကိုလာ၍ဆွတ် ခူးကြသောအခါ စပျစ်ကိုင်းများတွင်အ သီးအနည်းငယ်ချန်ထားတတ်ကြ၏။ ညဥ့် အခါ၌ဋ္ဌားပြများလာရောက်လျှင်လည်း မိမိတို့နှစ်သက်ရာပစ္စည်းများကိုသာ လျှင်ယူသွားတတ်ကြ၏။-
10. သို့ရာတွင်ငါမူကားဧသော၏သားမြေး များထံမှရှိသမျှသောပစ္စည်းဥစ္စာများ ကိုရုပ်သိမ်းမည်။ သူတို့ဆက်လက်ပုန်းအောင်း ၍မနေနိုင်စေရန်သူတို့ပုန်းအောင်းရာအရပ် များကိုဖော်ထုတ်မည်။ ဧဒုံပြည်သားအပေါင်း တို့အားငါသုတ်သင်ပယ်ရှားလိုက်လေပြီ။ သူတို့တစ်စုံတစ်ယောက်မျှမကျန်ရှိကြ တော့ပေ။-
11. သင်တို့၏မိဘမဲ့ကလေးများကိုငါနှင့် ထားခဲ့ကြလော့။ သူတို့အားငါကြည့်ရှု ပြုစုမည်။ သင်တို့၏မုဆိုးမများသည် ငါ့ကိုမှီခိုအားကိုးနိုင်၏။
12. ``အပြစ်ဒဏ်မခံသင့်သူများပင်လျှင်ခံ ရကြပါမူ၊ သင်တို့သည်အပြစ်ဒဏ်ခွက် ဖလားမှမသောက်ဘဲနေရကြလိမ့်မည် ဟုထင်မှတ်ကြသလော။ သင်တို့သည်ဧကန် မုချအပြစ်ခွက်ဖလားမှသောက်ရကြ မည်။-
13. ဗောဇရမြို့သည်တွေ့မြင်ရသူတို့လန့်ဖျပ် တုန်လှုပ်ဖွယ်လူသူကင်းမဲ့ရာအရပ်ဖြစ်စေ ရန်လည်းကောင်း၊ လူတို့သည်ထိုမြို့ကိုပြက် ရယ်ပြု၍ယင်း၏အမည်နာမကိုကျိန်စာ အဖြစ်အသုံးပြုကြစေရန်လည်းကောင်း ငါကိုယ်တိုင်ပင်ကျိန်ဆိုကတိပြုပြီ။ နီး နားဝန်းကျင်ရှိကျေးရွာအပေါင်းတို့သည် ထာဝစဉ်ယိုယွင်းပျက်စီးလျက်နေလိမ့် မည်။ ဤကားငါထာဝရဘုရားမြွက်ဆို သည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
14. ငါက``အချင်းဧဒုံပြည်၊ ထာဝရဘုရား ၏ထံတော်မှဗျာဒိတ်တော်ကိုငါခံရပြီ။ ကိုယ်တော်သည်လူမျိုးတကာတို့အား သင် တို့၏တပ်မတော်များကိုစုဝေး၍ဧဒုံ ပြည်ကိုတိုက်ခိုက်ကြလော့။ စစ်ပွဲဝင်ရန် အသင့်ပြင်ကြလော့ဟုပြောကြားရန် တမန်တော်တစ်ဦးကိုစေလွှတ်တော် မူလေပြီ။-
15. ထာဝရဘုရားသည်သင်တို့နိုင်ငံကိုအား အင်ချည့်နဲ့စေတော်မူမည်ဖြစ်၍ အဘယ်သူ မျှသင်တို့ကိုလေးစားကြလိမ့်မည်မဟုတ်။-
16. သင်တို့၏မာန်မာနကသင်တို့အားလှည့် စားလေပြီ။ သင်တို့ထင်မှတ်သကဲ့သို့အ ဘယ်သူမျှသင်တို့အားမကြောက်ကြ။ သင် တို့သည်တောင်ထိပ်ပေါ်ရှိကျောက်ဆောင်မြင့် ပေါ်တွင်နေထိုင်လျက်ရှိကြ၏။ သို့ရာတွင် ယင်းကဲ့သို့လင်းယုန်သဖွယ်မြင့်မားသည့် အရပ်တွင် သင်တို့နေထိုင်ကြသော်လည်း ငါသည်သင်တို့အားဆွဲချမည်။ ဤကား ငါထာဝရဘုရားမြွက်ဆိုသည့်စကား ဖြစ်၏ဟုမိန့်တော်မူလေပြီ'' ဟုဆို၏။
17. ``ဧဒုံပြည်သည်များစွာယိုယွင်းပျက်စီး သွားမည်ဖြစ်သဖြင့် အနီးမှဖြတ်သန်းသွား လာသူတို့သည်ထိုပြည်ဖြစ်ပျက်ရပုံအခြင်း အရာကိုမြင်သောအခါလန့်ဖျပ်တုန်လှုပ် ကြလိမ့်မည်။-
18. သောဒုံမြို့၊ ဂေါမောရမြို့နှင့်နီးနားဝန်း ကျင်ကျေးရွာများသည် သုတ်သင်ဖျက်ဆီး ခြင်းကိုခံရသည့်နည်းတူဧဒုံပြည်သည် လည်းခံရလိမ့်မည်။ ကာလအနည်းငယ်မျှ ပင်လျှင်ထိုပြည်တွင်နေထိုင်မည့်သူတစ်ဦး တစ်ယောက်မျှရှိလိမ့်မည်မဟုတ်။ ဤကား ငါထာဝရဘုရားမြွက်ဆိုသည့်စကား ဖြစ်၏။-