ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 49:31-38 Common Language Bible (BCL)

31. `လာ​ကြ၊ ငါ​တို့​သည်​ဘေး​မဲ့​လုံ​ခြုံ​မှု​ရှိ​လှ ပြီ​ဟု​ထင်​မှတ်​သူ​ထို​လူ​မျိုး​ကို​တိုက်​ခိုက် ကြ​ကုန်​အံ့။ သူ​တို့​၏​မြို့​သည်​မြို့​တံ​ခါး​နှင့် ကန့်​လန့်​ပင်​မ​ရှိ။ လုံ​ခြုံ​မှု​ကင်း​မဲ့​သည့်​မြို့ ဖြစ်​သည်' ဟု​ဆို​၏။

32. ``သူ​တို့​၏​ကု​လား​အုတ်​မှ​စ​၍​တိ​ရစ္ဆာန် အ​ပေါင်း​ကို​ယူ​ကြ​လော့။ ငါ​သည်​ဆံ​ပင် ဖြတ်​သူ​တို့​ကို​အ​ရပ်​တ​ကာ​သို့​ကွဲ​လွင့်​စေ​၍ အ​ရပ်​ရပ်​မှ​ဘေး​အန္တ​ရာယ်​ဆိုး​နှင့်​တွေ့​ကြုံ စေ​မည်။-

33. ဟာ​ဇော်​မြို့​သည်​ခွေး​အ​များ​ခို​အောင်း​ရာ၊ ထာ​ဝ​စဉ်​လူ​သူ​ကင်း​မဲ့​လျက်​နေ​လိမ့်​မည်။ ထို​အ​ရပ်​တွင်​နောက်​တစ်​ဖန်​နေ​ထိုင်​သူ​တစ်​စုံ တစ်​ယောက်​မျှ​ရှိ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့် တော်​မူ​၏။

34. ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ​နန်း​တက်​ပြီး​နောက် မ​ကြာ​မီ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား သည် ဧ​လံ​ပြည်​ကို​ရည်​မှတ်​၍​ငါ့​အား​ဗျာ ဒိတ်​ပေး​တော်​မူ​သည်​မှာ၊-

35. ``ငါ​သည်​ဧ​လံ​ပြည်​ကို​လွန်​စွာ​တန်​ခိုး ကြီး​မား​အောင်​ပြု​စု​ပေး​သူ လေး​သည်​တော် အ​ပေါင်း​အား​ကွပ်​မျက်​မည်။-

36. ကောင်း​ကင်​အ​ရပ်​လေး​မျက်​နှာ​မှ​လာ​သော လေ​ကို​ဧ​လံ​ပြည်​သို့​တိုက်​ခတ်​စေ​၍ ပြည်​သူ တို့​အား​အ​ရပ်​တ​ကာ​သို့​ကွဲ​လွင့်​စေ​မည်။ ထို ဒုက္ခ​သည်​များ​မ​ရောက်​ကြ​သည့်​တိုင်း​နိုင်​ငံ တစ်​ခု​မျှ​ရှိ​လိမ့်​မည်​မ​ဟုတ်။-

37. ဧ​လံ​ပြည်​သား​တို့​သည်​မိ​မိ​တို့​ကို​သတ်​ဖြတ် လို​သူ​ရန်​သူ​များ​အား​ကြောက်​လန့်​အောင်​ငါ ပြု​မည်။ ငါ​သည်​ပြင်း​စွာ​အ​မျက်​ထွက်​၍​သူ တို့​အား​သုတ်​သင်​ပယ်​ရှင်း​မည်။ သူ​တို့​အား လုံး​ဝ​သုတ်​သင်​ပယ်​ရှင်း​သည်​တိုင်​အောင် တပ်​မ​တော်​များ​ကို​ငါ​စေ​လွှတ်​၍​တိုက်​ခိုက် စေ​မည်။-

38. ငါ​သည်​ဧ​လံ​ဘု​ရင်​များ​နှင့်​ခေါင်း​ဆောင် များ​ကို​သုတ်​သင်​ပယ်​ရှင်း​ကာ​ထို​ပြည်​တွင် ငါ​၏​ရာ​ဇ​ပလ္လင်​ကို​တည်​ထား​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 49