ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 49:12-23 Common Language Bible (BCL)

12. ``အ​ပြစ်​ဒဏ်​မ​ခံ​သင့်​သူ​များ​ပင်​လျှင်​ခံ ရ​ကြ​ပါ​မူ၊ သင်​တို့​သည်​အ​ပြစ်​ဒဏ်​ခွက် ဖ​လား​မှ​မ​သောက်​ဘဲ​နေ​ရ​ကြ​လိမ့်​မည် ဟု​ထင်​မှတ်​ကြ​သ​လော။ သင်​တို့​သည်​ဧ​ကန် မု​ချ​အ​ပြစ်​ခွက်​ဖ​လား​မှ​သောက်​ရ​ကြ မည်။-

13. ဗော​ဇ​ရ​မြို့​သည်​တွေ့​မြင်​ရ​သူ​တို့​လန့်​ဖျပ် တုန်​လှုပ်​ဖွယ်​လူ​သူ​ကင်း​မဲ့​ရာ​အ​ရပ်​ဖြစ်​စေ ရန်​လည်း​ကောင်း၊ လူ​တို့​သည်​ထို​မြို့​ကို​ပြက် ရယ်​ပြု​၍​ယင်း​၏​အ​မည်​နာ​မ​ကို​ကျိန်​စာ အ​ဖြစ်​အ​သုံး​ပြု​ကြ​စေ​ရန်​လည်း​ကောင်း ငါ​ကိုယ်​တိုင်​ပင်​ကျိန်​ဆို​က​တိ​ပြု​ပြီ။ နီး နား​ဝန်း​ကျင်​ရှိ​ကျေး​ရွာ​အ​ပေါင်း​တို့​သည် ထာ​ဝ​စဉ်​ယို​ယွင်း​ပျက်​စီး​လျက်​နေ​လိမ့် မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဆို သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

14. ငါ​က``အ​ချင်း​ဧ​ဒုံ​ပြည်၊ ထာ​ဝ​ရ​ဘု​ရား ၏​ထံ​တော်​မှ​ဗျာ​ဒိတ်​တော်​ကို​ငါ​ခံ​ရ​ပြီ။ ကိုယ်​တော်​သည်​လူ​မျိုး​တ​ကာ​တို့​အား သင် တို့​၏​တပ်​မ​တော်​များ​ကို​စု​ဝေး​၍​ဧ​ဒုံ ပြည်​ကို​တိုက်​ခိုက်​ကြ​လော့။ စစ်​ပွဲ​ဝင်​ရန် အ​သင့်​ပြင်​ကြ​လော့​ဟု​ပြော​ကြား​ရန် တ​မန်​တော်​တစ်​ဦး​ကို​စေ​လွှတ်​တော် မူ​လေ​ပြီ။-

15. ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​နိုင်​ငံ​ကို​အား အင်​ချည့်​နဲ့​စေ​တော်​မူ​မည်​ဖြစ်​၍ အ​ဘယ်​သူ မျှ​သင်​တို့​ကို​လေး​စား​ကြ​လိမ့်​မည်​မ​ဟုတ်။-

16. သင်​တို့​၏​မာန်​မာ​န​က​သင်​တို့​အား​လှည့် စား​လေ​ပြီ။ သင်​တို့​ထင်​မှတ်​သ​ကဲ့​သို့​အ ဘယ်​သူ​မျှ​သင်​တို့​အား​မ​ကြောက်​ကြ။ သင် တို့​သည်​တောင်​ထိပ်​ပေါ်​ရှိ​ကျောက်​ဆောင်​မြင့် ပေါ်​တွင်​နေ​ထိုင်​လျက်​ရှိ​ကြ​၏။ သို့​ရာ​တွင် ယင်း​ကဲ့​သို့​လင်း​ယုန်​သ​ဖွယ်​မြင့်​မား​သည့် အ​ရပ်​တွင် သင်​တို့​နေ​ထိုင်​ကြ​သော်​လည်း ငါ​သည်​သင်​တို့​အား​ဆွဲ​ချ​မည်။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဆို​သည့်​စ​ကား ဖြစ်​၏​ဟု​မိန့်​တော်​မူ​လေ​ပြီ'' ဟု​ဆို​၏။

17. ``ဧ​ဒုံ​ပြည်​သည်​များ​စွာ​ယို​ယွင်း​ပျက်​စီး သွား​မည်​ဖြစ်​သ​ဖြင့် အ​နီး​မှ​ဖြတ်​သန်း​သွား လာ​သူ​တို့​သည်​ထို​ပြည်​ဖြစ်​ပျက်​ရ​ပုံ​အ​ခြင်း အ​ရာ​ကို​မြင်​သော​အ​ခါ​လန့်​ဖျပ်​တုန်​လှုပ် ကြ​လိမ့်​မည်။-

18. သော​ဒုံ​မြို့၊ ဂေါ​မော​ရ​မြို့​နှင့်​နီး​နား​ဝန်း ကျင်​ကျေး​ရွာ​များ​သည် သုတ်​သင်​ဖျက်​ဆီး ခြင်း​ကို​ခံ​ရ​သည့်​နည်း​တူ​ဧ​ဒုံ​ပြည်​သည် လည်း​ခံ​ရ​လိမ့်​မည်။ ကာ​လ​အ​နည်း​ငယ်​မျှ ပင်​လျှင်​ထို​ပြည်​တွင်​နေ​ထိုင်​မည့်​သူ​တစ်​ဦး တစ်​ယောက်​မျှ​ရှိ​လိမ့်​မည်​မ​ဟုတ်။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဆို​သည့်​စ​ကား ဖြစ်​၏။-

19. ငါ​သည်​ယော်​ဒန်​မြစ်​တစ်​လျှောက်​ရှိ​ထူ​ထပ် သော​တော​အုပ်​ထဲ​မှ စိမ်း​လန်း​သော​မြက်​ခင်း ပြင်​သို့​ထွက်​လာ​သည့်​ခြင်္သေ့​ကဲ့​သို့​ထွက်​လာ ပြီး​လျှင် ဧ​ဒုံ​အ​မျိုး​သား​တို့​အား​မိ​မိ​တို့ ပြည်​မှ​ထွက်​ပြေး​စေ​မည်။ ထို​နောက်​ငါ​သည် ထို​နိုင်​ငံ​ကို​အုပ်​စိုး​ရန်​မင်း​တစ်​ပါး​အား ရွေး​ချယ်​ခန့်​ထား​မည်။ ငါ​နှင့်​အ​ဘယ်​သူ ကို​နှိုင်း​ယှဉ်​၍​ရ​မည်​နည်း။ အ​ဘယ်​သူ​သည် ငါ​နှင့်​အံ​တု​ဖက်​ပြိုင်​ဝံ့​မည်​နည်း။ အ​ဘယ် မည်​သော​မင်း​သည်​ငါ့​အား​အ​တိုက်​အ​ခံ ပြု​နိုင်​မည်​နည်း။-

20. သို့​ဖြစ်​၍​ဧ​ဒုံ​ပြည်​သူ​တို့​အ​တွက်​ငါ​ပြု လုပ်​ထား​သည့်​အ​ကြံ​အ​စည်​ကို​လည်း​ကောင်း၊ တေ​မန်​မြို့​သူ​မြို့​သား​တို့​အ​တွက်​ငါ​ကြံ စည်​ထား​သည့်​အ​မှု​အ​ရာ​ကို​လည်း​ကောင်း နား​ထောင်​ကြ​လော့။ ရန်​သူ​သည်​သူ​တို့​၏ သား​သ​မီး​များ​ကို​ပင်​လျှင်​ဒ​ယဥ့်​တိုက် ဆွဲ​၍​ခေါ်​ဆောင်​သွား​လိမ့်​မည်။-

21. ဧ​ဒုံ​ပြည်​ပြို​လဲ​သော​အ​ခါ​ကြီး​စွာ​သော အ​သံ​ဖြစ်​ပေါ်​လာ​သ​ဖြင့်​ကမ္ဘာ​မြေ​ကြီး သည်​တုန်​လှုပ်​၍​သွား​လိမ့်​မည်။ ကြောက်​လန့် အော်​ဟစ်​ကြ​သော​အ​သံ​များ​ကို​လည်း အ္ဂ​ဗာ​ပင်​လယ်​ကွေ့​တိုင်​အောင်​ကြား​ရ ကြ​လိမ့်​မည်။-

22. ကောင်း​ကင်​မှ​အ​တောင်​ကို​ဖြန့်​လျက်​ထိုး​ဆင်း လာ​သည့်​လင်း​ယုန်​ငှက်​ကဲ့​သို့ ရန်​သူ​သည် ဗော​ဇ​ရ​မြို့​ကို​တိုက်​ခိုက်​လိမ့်​မည်။ ထို​အ​ခါ ဧ​ဒုံ​စစ်​သည်​တပ်​သား​တို့​သည်​သား​ဖွား ဝေ​ဒ​နာ​ခံ​ရ​သည့်​အ​မျိုး​သ​မီး​ကဲ့​သို့ ထိတ်​လန့်​တုန်​လှုပ်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။

23. ထာ​ဝ​ရ​ဘု​ရား​သည်​ဒ​မာ​သက်​မြို့​ကို​ရည် မှတ်​၍​မိန့်​တော်​မူ​သည်​မှာ``ဟာ​မတ်​မြို့​နှင့်​အာ ပဒ်​မြို့​မှ​လူ​တို့​သည်​သ​တင်း​ဆိုး​ကို​ကြား ရ​ကြ​သ​ဖြင့် ပူ​ပန်​သော​က​ဖြစ်​ကာ​စိတ်​ဆင်း ရဲ​လျက်​နေ​ကြ​၏။ စိုး​ရိမ်​ပူ​ပန်​မှု​သည်​ပင်​လယ် လှိုင်း​လုံး​များ​သ​ဖွယ် သူ​တို့​အ​ပေါ်​သို့​လှိမ့်​၍ လာ​သ​ဖြင့်​သူ​တို့​သည်​ဆောက်​တည်​ရာ​မ​ရ နိုင်​ကြ။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 49