1. ထာဝရဘုရားသည်အမ္မုန်ပြည်သားတို့ ကိုရည်မှတ်၍မိန့်တော်မူသည်မှာ``ဣသရေလ အမျိုးသားများကားအဘယ်မှာနည်း။ သူ တို့၏ပြည်အတွက်ခုခံကာကွယ်မည့်သူ တစ်စုံတစ်ယောက်မျှမရှိသလော။ သူတို့ သည်အဘယ်ကြောင့်မိလကုံဘုရားကို ဝတ်ပြုကိုးကွယ်သူတို့အား ဂဒ်အနွယ်၏ နယ်မြေကိုသိမ်းယူစေကာထိုအရပ်တွင် နေထိုင်ခွင့်ပြုကြသနည်း။-
2. ငါသည်ရဗ္ဗာမြို့သူမြို့သားတို့အားစစ်တိုက် သံများကို ကြားစေမည့်အချိန်ကာလကျ ရောက်လာလိမ့်မည်။ ထိုမြို့သည်ပျက်စီးလျက် ယင်း၏ကျေးလက်တောရွာများသည်လည်း မီးလောင်ကျွမ်းလိမ့်မည်။ ထိုအခါဣသရေလ အမျိုးသားတို့သည်မိမိတို့ပြည်ကိုသိမ်းယူ ထားသူတို့၏လက်မှပြန်လည်ရရှိကြ လိမ့်မည်။-
3. ဟေရှဘုန်မြို့သားတို့ငိုကြွေးကြလော့။ သင်တို့၏အာဣမြို့သည်ပျက်စီးသွားလေ ပြီ။ ရဗ္ဗာမြို့သူတို့၊ ဝမ်းနည်းကြွေကွဲမှုကိုပြ ကြလော့။ လျှော်တေကိုဝတ်၍ဝမ်းနည်းကြေ ကွဲမှုကိုပြကြလော့။ ကယောင်ချောက်ချား ပြေးလွှားကြလော့။ သင်တို့၏မိလကုံဘုရား သည်သူ၏ယဇ်ပုရောဟိတ်များ၊ မင်းသား များနှင့်အတူပြည်နှင်ဒဏ်ခံရလိမ့်မည်။-
4. သစ္စာမရှိသောလူမျိုးတို့၊ သင်တို့သည်အဘယ် ကြောင့်ကြွားဝါသနည်း။ သင်တို့၏အင်အား သည်ချည့်နဲ့နေပြီ။ သင်တို့သည်အဘယ်ကြောင့် မိမိတို့တန်ခိုးစွမ်းရည်ကိုယုံစား၍`ငါတို့ အားအဘယ်သူမျှတိုက်ခိုက်ရဲလိမ့်မည် မဟုတ်' ဟုဆိုကြသနည်း။-
5. ငါသည်ပတ်ဝန်းကျင်ရှိလူတို့အားသင်တို့ ကိုတိုက်ခိုက်စေမည်ဖြစ်၍သင်တို့သည်ထွက် ပြေးရကြလိမ့်မည်။ လူတိုင်းပင်မိမိတို့ အသက်ဘေးအတွက်ထွက်ပြေးကြမည် ဖြစ်သဖြင့်သင်တို့၏တပ်သားများကို ပြန်လည်စုရုံးပေးမည့်သူတစ်စုံတစ် ယောက်မျှရှိလိမ့်မည်မဟုတ်။
6. ``သို့ရာတွင်နောင်အခါ၌ငါသည်အမ္မုန် ပြည်သားတို့အားတစ်ဖန်ပြန်၍ကောင်း စားစေမည်။ ဤကားငါထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏။'' ဟုမိန့်တော် မူ၏။
7. တန်ခိုးတော်အရှင်ထာဝရဘုရားသခင် သည်ဧဒုံပြည်ကိုရည်မှတ်၍``ဧဒုံပြည်သား တို့သည်ဆင်ခြင်တိုင်းထွာနိုင်စွမ်းမရှိကြ တော့ပြီလော။ သူတို့၏ပညာရှိများသည် လည်းအဘယ်အမှုကိုပြုသင့်ကြောင်း အကြံဉာဏ်မပေးနိုင်ကြတော့ပြီလော။ သူတို့၏အသိပညာမှန်သမျှသည် ပျောက်ကွယ်သွားလေပြီလော။-
8. အို ဒေဒန်မြို့သူမြို့သားတို့၊ လှည့်၍ထွက်ပြေး ကြလော့။ ပုန်းအောင်း၍နေကြလော့။ ဧသော ၏သားမြေးတို့အားအပြစ်ဒဏ်ခတ်မည့် အချိန်ကာလကျရောက်လာပြီဖြစ်၍ ငါသည်သူတို့ကိုသုတ်သင်ဖျက်ဆီးမည်။-
9. လူတို့သည်စပျစ်သီးများကိုလာ၍ဆွတ် ခူးကြသောအခါ စပျစ်ကိုင်းများတွင်အ သီးအနည်းငယ်ချန်ထားတတ်ကြ၏။ ညဥ့် အခါ၌ဋ္ဌားပြများလာရောက်လျှင်လည်း မိမိတို့နှစ်သက်ရာပစ္စည်းများကိုသာ လျှင်ယူသွားတတ်ကြ၏။-
10. သို့ရာတွင်ငါမူကားဧသော၏သားမြေး များထံမှရှိသမျှသောပစ္စည်းဥစ္စာများ ကိုရုပ်သိမ်းမည်။ သူတို့ဆက်လက်ပုန်းအောင်း ၍မနေနိုင်စေရန်သူတို့ပုန်းအောင်းရာအရပ် များကိုဖော်ထုတ်မည်။ ဧဒုံပြည်သားအပေါင်း တို့အားငါသုတ်သင်ပယ်ရှားလိုက်လေပြီ။ သူတို့တစ်စုံတစ်ယောက်မျှမကျန်ရှိကြ တော့ပေ။-
11. သင်တို့၏မိဘမဲ့ကလေးများကိုငါနှင့် ထားခဲ့ကြလော့။ သူတို့အားငါကြည့်ရှု ပြုစုမည်။ သင်တို့၏မုဆိုးမများသည် ငါ့ကိုမှီခိုအားကိုးနိုင်၏။