ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 48:9-16 Common Language Bible (BCL)

9. မော​ဘ​ပြည်​အ​တွက်​သင်္ချိုင်း​ကမ္ပည်း​ကျောက်​တိုင် စိုက်​ထူ​ကြ​လော့။ထို​ပြည်​သည်​မ​ကြာ​မီ​ပျက်​စီး​ရ​လိမ့်​မည်။ထို​ပြည်​ရှိ​မြို့​များ​သည်​ပျက်​စီး​၍​လူ​သူ ဆိတ်​ငြိမ်​ရာ​ဖြစ်​လိမ့်​မည်။''

10. (ထာ​ဝ​ရ​ဘု​ရား​၏​အ​မှု​တော်​ကို​စိတ်​နှ​လုံး အ​ကြွင်း​မဲ့​နှင့်​မ​ထမ်း​ဆောင်​သူ​သည် ကျိန်​ဆဲ ခြင်း​ကို​ခံ​ရ​ပါ​စေ​သ​တည်း။ မိ​မိ​၏​ဋ္ဌား​နှင့် ခုတ်​၍​မ​သတ်​သော​သူ​သည်​ကျိန်​ဆဲ​ခြင်း​ကို ခံ​ရ​ပါ​စေ​သ​တည်း။)

11. ထာ​ဝ​ရ​ဘု​ရား​က``မော​ဘ​ပြည်​သူ​တို့​သည် အ​စဉ်​ပင်​ဘေး​မဲ့​လုံ​ခြုံ​စွာ​နေ​ခဲ့​ရ​၍​အ​ဘယ် အ​ခါ​၌​မျှ​ပြည်​နှင်​ဒဏ်​မ​သင့်​ခဲ့​ဘူး​ပေ။ မော​ဘ ပြည်​သည်​အိုး​တစ်​လုံး​မှ​တစ်​လုံး​သို့​မ​ပြောင်း၊ မွှေ နှောက်​မှု​လည်း​မ​ပြု​ဘဲ​အ​နည်​ထိုင်​ရန်​ထား​ရှိ သ​ဖြင့်​အ​နံ့​အ​ရ​သာ​မ​ပျက်၊ ကောင်း​မြဲ ကောင်း​လျက်​နေ​သည့်​စ​ပျစ်​ရည်​နှင့်​တူ​၏။

12. ``သို့​ဖြစ်​၍​မော​ဘ​ပြည်​ကို​စ​ပျစ်​ရည်​သ​ဖွယ် သွန်​မှောက်​မည့်​လူ​တို့​အား ငါ​စေ​လွှတ်​မည့်​အ​ချိန် ကာ​လ​ကျ​ရောက်​လာ​လိမ့်​မည်။ သူ​တို့​သည်​ထို ပြည်​၏​စ​ပျစ်​ရည်​အိုး​များ​ကို​သွန်​မှောက်​ကာ အ​စိတ်​စိတ်​အ​မြွှာ​မြွှာ​ခွဲ​ပစ်​ကြ​လိမ့်​မည်။-

13. ထို​အ​ခါ​မိ​မိ​တို့​ယုံ​ကြည်​ခဲ့​ကြ​သော​ဗေ​သ​လ ဘု​ရား​ကို ဣ​သ​ရေ​လ​အမျိုး​သား​တို့​စိတ်​ပျက် ကြ​သ​ကဲ့​သို့ မော​ဘ​ပြည်​သူ​တို့​သည်​မိ​မိ​တို့ ၏​ခေ​မု​ရှ​ဘု​ရား​ကို​လည်း​စိတ်​ပျက်​ကြ​လိမ့် မည်။

14. ``မော​ဘ​ပြည်​သား​တို့၊သင်​တို့​သည်​အ​ဘယ် ကြောင့်မိ​မိ​တို့​ကိုယ်​ကို၊အာ​ဇာ​နည်​များ၊စစ်​ပြန် သူ​ရဲ​ကောင်း​များ​ဟု​ပြော​ဆို​ကြ​သ​နည်း။

15. မော​ဘ​ပြည်​နှင့်​မြို့​တို့​သည်​ပျက်​စီး​ကာသူ​တို့​၏​လက်​ရွေး​စင်​လူ​ငယ်​လူ​ရွယ်​တို့​သည် အ​သတ်​ခံ​ရ​ကြ​လေ​ပြီ။ငါ​သည်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား တည်း​ဟူ​သော ဘု​ရင်​ဖြစ်​တော်​မူ​၏။ဤ​ကား​ငါ​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။

16. မော​ဘ​ပြည်​၏​ကံ​ကြမ္မာ​ဆိုး​သည်​ချဉ်း​ကပ်​လာ​လျက်ထို​ပြည်​ယို​ယွင်း​ပျက်​စီး​ရာ​ကာ​လ​သည်၊မ​ကြာ​မီ ရောက်​ရှိ​လာ​တော့​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 48