ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 48:17-25 Common Language Bible (BCL)

17. ``နီး​နား​ပတ်​ဝန်း​ကျင်​တွင်​နေ​ထိုင်​သူ​တို့၊ထို နိုင်​ငံ​အ​တွက် ငို​ကြွေး​မြည်​တမ်း​ကြ​လော့။ထို​နိုင်​ငံ​၏​ဂုဏ်​သ​တင်း​ကို​သိ​ရှိ​ကြ​သူ အ​ပေါင်း​တို့`တန်​ခိုး​ကြီး​မား​သည့်​ဤ​နိုင်​ငံ​သည် ထီး​ကျိုး​စည်​ပေါက်​ဖြစ်​လျက်ယင်း​၏​ဘုန်း​အ​သ​ရေ​နှင့်​တန်​ခိုး​အာ​ဏာ​သည် ကွယ်​ပျောက်​သွား​လေ​ပြီ' ဟု​ပြော​ဆို​ကြ​လော့။

18. ဒိ​ဘုန်​မြို့​တွင်​နေ​ထိုင်​သူ​တို့၊သင်​တို့​သည်​ဂုဏ်​အ​သ​ရေ​ရှိ​သည့်​နေ​ရာ​မှ သက်​ဆင်း​၍​မြေ​မှုန့်​ပေါ်​တွင်​ထိုင်​ကြ​လော့။မော​ဘ​ပြည်​ကို​ပျက်​ပြုန်း​စေ​သော​သူ​သည်ဤ​အ​ရပ်​သို့​ရောက်​ရှိ​လာ​ကာ​သင်​၏​ခံ​တပ် များ​ကို ဖြို​ဖျက်​လိုက်​လေ​ပြီ။

19. အာ​ရော်​မြို့​တွင်​နေ​ထိုင်​သူ​တို့၊လမ်း​နံ​ဘေး တွင်​ရပ်​၍ စောင့်​နေ​ပြီး​လျှင်ထွက်​ပြေး​တိမ်း​ရှောင်​ကြ​သူ​တို့​အား​ဖြစ် ပျက်​သည့် အ​ချင်း​အ​ရာ​ကို​မေးမြန်း​လော့။

20. ထို​သူ​တို့​က`မော​ဘ​ပြည်​ကျ​ဆုံး​လေ​ပြီ။ထို​ပြည်​အ​တွက်​ငို​ကြွေး​ကြ​လော့။ ယင်း​သည်​အ​ရှက်​ကွဲ​လေ​ပြီ။မော​ဘ​ပြည်​ပျက်​သုဉ်း​၍​သွား​ကြောင်း​ကိုအာ​နုန်​မြစ်​ရိုး​တစ်​လျှောက်​တွင်​ကြွေး​ကြော် ကြ​လော့' ဟု​ပြန်​လည်​ဖြေ​ကြား​ကြ​လိမ့်​မည်။

21-24. ဟော​လုန်​မြို့၊ ယ​ဟာ​ဇ​မြို့၊ မေ​ဖတ်​မြို့၊ ဒိ​ဘုန်​မြို့၊ နေ​ဗော​မြို့၊ ဗက်​ဒိ​ဗ​လ​သိမ်​မြို့၊ ကိ​ရ​ယ​သိမ် မြို့၊ ဗက်​ဂ​မု​လ​မြို့၊ ဗက်​မောင်​မြို့၊ ကေ​ရုတ်​မြို့၊ ဗော​ဇ​ရ​မြို့​အ​စ​ရှိ​သည့်​ကုန်း​ပြင်​မြို့ အ​ပေါင်း​တို့​သည်​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ ခြင်း​ကို​ခံ​ရ​ကြ​လေ​ပြီ။ ရပ်​နီး​ရပ်​ဝေး​ရှိ မော​ဘ​မြို့​မှန်​သ​မျှ​သည်​အ​ပြစ်​ဒဏ်​စီ ရင်​တော်​မူ​ခြင်း​ကို​ခံ​ရ​ကြ​လေ​ပြီ။-

25. မော​ဘ​ပြည်​၏​အာ​ဏာ​တန်​ခိုး​သည်​ပျောက် ကွယ်​၍​သွား​လေ​ပြီ။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု မိန့်​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 48