ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 48:15-37 Common Language Bible (BCL)

15. မော​ဘ​ပြည်​နှင့်​မြို့​တို့​သည်​ပျက်​စီး​ကာသူ​တို့​၏​လက်​ရွေး​စင်​လူ​ငယ်​လူ​ရွယ်​တို့​သည် အ​သတ်​ခံ​ရ​ကြ​လေ​ပြီ။ငါ​သည်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား တည်း​ဟူ​သော ဘု​ရင်​ဖြစ်​တော်​မူ​၏။ဤ​ကား​ငါ​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။

16. မော​ဘ​ပြည်​၏​ကံ​ကြမ္မာ​ဆိုး​သည်​ချဉ်း​ကပ်​လာ​လျက်ထို​ပြည်​ယို​ယွင်း​ပျက်​စီး​ရာ​ကာ​လ​သည်၊မ​ကြာ​မီ ရောက်​ရှိ​လာ​တော့​မည်။

17. ``နီး​နား​ပတ်​ဝန်း​ကျင်​တွင်​နေ​ထိုင်​သူ​တို့၊ထို နိုင်​ငံ​အ​တွက် ငို​ကြွေး​မြည်​တမ်း​ကြ​လော့။ထို​နိုင်​ငံ​၏​ဂုဏ်​သ​တင်း​ကို​သိ​ရှိ​ကြ​သူ အ​ပေါင်း​တို့`တန်​ခိုး​ကြီး​မား​သည့်​ဤ​နိုင်​ငံ​သည် ထီး​ကျိုး​စည်​ပေါက်​ဖြစ်​လျက်ယင်း​၏​ဘုန်း​အ​သ​ရေ​နှင့်​တန်​ခိုး​အာ​ဏာ​သည် ကွယ်​ပျောက်​သွား​လေ​ပြီ' ဟု​ပြော​ဆို​ကြ​လော့။

18. ဒိ​ဘုန်​မြို့​တွင်​နေ​ထိုင်​သူ​တို့၊သင်​တို့​သည်​ဂုဏ်​အ​သ​ရေ​ရှိ​သည့်​နေ​ရာ​မှ သက်​ဆင်း​၍​မြေ​မှုန့်​ပေါ်​တွင်​ထိုင်​ကြ​လော့။မော​ဘ​ပြည်​ကို​ပျက်​ပြုန်း​စေ​သော​သူ​သည်ဤ​အ​ရပ်​သို့​ရောက်​ရှိ​လာ​ကာ​သင်​၏​ခံ​တပ် များ​ကို ဖြို​ဖျက်​လိုက်​လေ​ပြီ။

19. အာ​ရော်​မြို့​တွင်​နေ​ထိုင်​သူ​တို့၊လမ်း​နံ​ဘေး တွင်​ရပ်​၍ စောင့်​နေ​ပြီး​လျှင်ထွက်​ပြေး​တိမ်း​ရှောင်​ကြ​သူ​တို့​အား​ဖြစ် ပျက်​သည့် အ​ချင်း​အ​ရာ​ကို​မေးမြန်း​လော့။

20. ထို​သူ​တို့​က`မော​ဘ​ပြည်​ကျ​ဆုံး​လေ​ပြီ။ထို​ပြည်​အ​တွက်​ငို​ကြွေး​ကြ​လော့။ ယင်း​သည်​အ​ရှက်​ကွဲ​လေ​ပြီ။မော​ဘ​ပြည်​ပျက်​သုဉ်း​၍​သွား​ကြောင်း​ကိုအာ​နုန်​မြစ်​ရိုး​တစ်​လျှောက်​တွင်​ကြွေး​ကြော် ကြ​လော့' ဟု​ပြန်​လည်​ဖြေ​ကြား​ကြ​လိမ့်​မည်။

21-24. ဟော​လုန်​မြို့၊ ယ​ဟာ​ဇ​မြို့၊ မေ​ဖတ်​မြို့၊ ဒိ​ဘုန်​မြို့၊ နေ​ဗော​မြို့၊ ဗက်​ဒိ​ဗ​လ​သိမ်​မြို့၊ ကိ​ရ​ယ​သိမ် မြို့၊ ဗက်​ဂ​မု​လ​မြို့၊ ဗက်​မောင်​မြို့၊ ကေ​ရုတ်​မြို့၊ ဗော​ဇ​ရ​မြို့​အ​စ​ရှိ​သည့်​ကုန်း​ပြင်​မြို့ အ​ပေါင်း​တို့​သည်​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ ခြင်း​ကို​ခံ​ရ​ကြ​လေ​ပြီ။ ရပ်​နီး​ရပ်​ဝေး​ရှိ မော​ဘ​မြို့​မှန်​သ​မျှ​သည်​အ​ပြစ်​ဒဏ်​စီ ရင်​တော်​မူ​ခြင်း​ကို​ခံ​ရ​ကြ​လေ​ပြီ။-

25. မော​ဘ​ပြည်​၏​အာ​ဏာ​တန်​ခိုး​သည်​ပျောက် ကွယ်​၍​သွား​လေ​ပြီ။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု မိန့်​တော်​မူ​၏။

26. ထာ​ဝ​ရ​ဘု​ရား​က``မော​ဘ​ပြည်​သည်​ငါ​ထာ​ဝ​ရ ဘု​ရား​အား​ပုန်​ကန်​ခဲ့​သည်​ဖြစ်​၍ ထို​ပြည်​ကို ယစ်​မူး​၍​နေ​စေ​ကြ​လော့။ သူ​သည်​မိ​မိ​၏​အန် ဖတ်​တွင်​လူး​လှိမ့်​၍​နေ​လိမ့်​မည်။ လူ​တို့​သည် လည်း​သူ့​အား​ပြောင်​လှောင်​ကြ​လိမ့်​မည်။-

27. အို မော​ဘ​ပြည်၊ ဣ​သ​ရေ​လ​ပြည်​သား​တို့ အား​အ​ဘယ်​သို့​သင်​ပြက်​ရယ်​ပြု​ခဲ့​သည် ကို​အောက်​မေ့​သ​တိ​ရ​လော့။ သင်​သည်​သူ တို့​အား​သူ​ခိုး၊ ဋ္ဌား​ပြ​ဂိုဏ်း​နှင့်​အ​တူ​ဖမ်း ဆီး​ရ​မိ​သူ​များ​သ​ဖွယ်​ပြု​ကျင့်​ခဲ့​ပေ သည်။

28. ``မော​ဘ​ပြည်​သူ​တို့၊ သင်​တို့​သည်​မိ​မိ​တို့ ၏​မြို့​များ​မှ​ထွက်​ခွာ​ပြီး​လျှင် ကျောက်​ကမ်း ပါး​သို့​သွား​ရောက်​နေ​ထိုင်​ကြ​လော့။ လျှို မြောင်​အ​ကြား​တွင်​အ​သိုက်​လုပ်​တတ်​သည့် ချိုး​ငှက်​ကဲ့​သို့​ပြု​ကြ​လော့။-

29. မော​ဘ​ပြည်​သည်​အ​လွန်​မာ​န​ကြီး​၏။ ပြည်​သူ တို့​သည်​အ​ဘယ်​မျှ​စိတ်​နေ​မြင့်​၍၊ မောက်​မာ ထောင်​လွှား​ကာ​မာန်​မာ​န​ကြီး​ကြ​ကြောင်း​ကို လည်း​ကောင်း၊ အ​ဘယ်​မျှ​ကိုယ်​ကျိုး​ရှာ​တတ် ကြောင်း​ကို​လည်း​ကောင်း​ငါ​ကြား​သိ​တော် မူ​ပြီ။-

30. သူ​တို့​၏​ကြွား​ဝါ​မှု​များ​သည်​အ​ရာ​မ​ရောက်။ သူ​တို့​ပြု​သော​အ​ရာ​များ​သည်​လည်း​တာ​ရှည် မ​ခံ။ သူ​တို့​၏​မောက်​မာ​ထောင်​လွှား​မှု​ကို​ငါ ထာ​ဝ​ရ​ဘု​ရား​သိ​၏။-

31. သို့​ဖြစ်​၍​ငါ​သည်​မော​ဘ​ပြည်​သူ​အ​ပေါင်း တို့​နှင့်​ကိ​ရ​ဟ​ရက်​မြို့​သူ​မြို့​သား​တို့ အ​တွက်​မျက်​ရည်​ကျ​မည်။-

32. ယာ​ဇာ​မြို့​သူ​မြို့​သား​တို့​အ​တွက်​ငို​ကြွေး သည်​ထက်​စိ​ဗ​မာ​မြို့​သူ​မြို့​သား​များ အ​တွက် ငါ​ပို​၍​ငို​ကြွေး​မည်။ အို စိ​ဗ​မာ​မြို့၊ သင်​သည်​ပင်​လယ်​သေ​ကို​ကျော်​ဖြတ်​၍ ယာ​ဇာ​မြို့​တိုင်​အောင်​ပျံ့​နှံ့​သွား​သည့်​စ​ပျစ် ပင်​နှင့်​တူ​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​သင် ၏​နွေ​ရာ​သီ​သစ်​သီး​ဝ​လံ​များ​နှင့်​စ​ပျစ် ပင်​များ​သည်​အ​ဖျက်​အ​ဆီး​ခံ​ရ​ကြ​လေ ပြီ။-

33. အ​သီး​အ​နှံ​ကြွယ်​ဝ​သည့်​မော​ဘ​ပြည်​မှ ရွှင်​လန်း​ဝမ်း​မြောက်​မှု​ကို​ရုပ်​သိမ်း​လိုက်​လေ ပြီ။ စ​ပျစ်​သီး​နယ်​ရာ​ကျင်း​မှ​စ​ပျစ်​ရည် များ​ယို​ထွက်​၍​မ​လာ​တော့​ပေ။ စ​ပျစ်​သီး ကို​နယ်​၍​ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​မည့် သူ​လည်း​တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ​တော့​ပေ။

34. ``ဟေ​ရှ​ဘုန်​မြို့​နှင့်​ဧ​လာ​လေ​မြို့​တို့​မှ လူ​တို့ ငို​ကြွေး​ကြ​သော​အ​သံ​ကို​ယာ​ဟတ်​မြို့​တိုင် အောင်​ကြား​ရ​ကြ​၏။ ထို​အ​သံ​ကို​ဇော​ရ​မြို့ မှ​ဟော​ရ​နိမ်​မြို့​နှင့်​ကေလက်​မြို့​တို့​မှ​ပင် ကြား​နိုင်​လေ​သည်။ နိ​မ​ရိမ်​ချောင်း​သည် လည်း​ခန်း​ခြောက်​၍​သွား​၏။-

35. ငါ​သည်​မော​ဘ​ပြည်​သား​တို့​အား​တောင် ထိပ်​များ​တွင်​မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ​များ ဆက်​ကပ်​မှု​နှင့် မိ​မိ​တို့​ဘု​ရား​များ​အား ယဇ်​ပူ​ဇော်​မှု​ကို​ရပ်​စဲ​စေ​မည်။ ဤ​ကား​ငါ ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏။

36. ``မော​ဘ​ပြည်​သား​များ​နှင့် ကိ​ရ​ဟ​ရက်​မြို့ သူ​မြို့​သား​များ​သည်​မိ​မိ​တို့​ပိုင်​ဆိုင်​သ​မျှ သော​ဥစ္စာ​ပစ္စည်း​များ​ဆုံး​ရှုံး​ကုန်​ကြ​ပြီ ဖြစ်​၍ ငါ​၏​စိတ်​နှ​လုံး​သည်​မ​သာ​သီ​ချင်း ကို​ပြွေ​မှုတ်​သူ​ကဲ့​သို့​ထို​သူ​တို့​၏​အ​တွက် ငို​ကြွေး​မြည်​တမ်း​မည်။-

37. လူ​တိုင်း​ပင်​ဆံမုတ်​ဆိတ်​ပယ်​ကြ​လေ​ပြီ။ သူ တို့​သည်​မိ​မိ​တို့​၏​လက်​များ​ကို​ထိ​ရှ​၍ လျှော်​တေ​ကို​ဝတ်​ဆင်​ထား​ကြ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 48