ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 46:9-16 Common Language Bible (BCL)

9. မြင်း​များ​တို့​တက်​ကြ​လော့။ ရ​ထား​များ​တို့၊အ​ပြင်း​နှင်​ကြ​လော့။ဒိုင်း​လွှား​ကိုင်​ဆောင်​သူ​ဆူ​ဒန်​ပြည်​သား​နှင့်လစ်​ဗျား​ပြည်​သား​တို့​လု​ဒ​ပြည်​သား​လေး သည်​တော် အ​စ​ရှိ​သည့်စစ်​သည်​တော်​တို့​ထွက်​သွား​ကြ​လော့' ဟု​ဆို​၏'' ဟူ​၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။

10. ဤ​နေ့​သည်​အ​နန္တ​တန်​ခိုး​ရှင်​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​၏​နေ့​တော်​ဖြစ်​၏။ကိုယ်​တော်​သည်​ရန်​သူ​တို့​အား​ယ​နေ့​ပင် လက်​စား​ချေ​တော်​မူ​မည်။သူ​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​မည်။ကိုယ်​တော်​၏​ဋ္ဌား​သည်​သူ​တို့​အ​သား​ကို​အ​ဝ စား​၍ သူ​တို့​၏​သွေး​ကို​အ​ဝ​သောက်​လိမ့်​မည်။ယ​နေ့​အ​နန္တ​တန်​ခိုး​ရှင်​သည်​ဥ​ဖ​ရတ်​မြစ် အ​နီး မြောက်​ဘက်​ဒေ​သ​၌မိ​မိ​၏​ယဇ်​ကောင်​များ​ကို​ပူ​ဇော်​တော်​မူ​၏။

11. အီ​ဂျစ်​ပြည်​သူ​ပြည်​သား​တို့၊ ဂိ​လဒ်​ပြည်​သို့​သွား​၍ ဆေး​ဝါး​များ​ကို​ရှာ​ကြ​လော့။သင်​တို့​၏​ဆေး​များ​သည်​တန်​ခိုး​အာ​နိ​သင် မ​ရှိ။သင်​တို့​၏​အ​နာ​ရော​ဂါ​ကို​မ​ပျောက်​ကင်း​စေ​နိုင်။

12. လူ​မျိုး​တ​ကာ​တို့​သည်​သင်​တို့​အ​ရှက်​ကွဲ​မှု​ကို ကြား​သိ​ကြ​လေ​ပြီ။သင်​တို့​ငို​ကြွေး​သံ​ကို​လူ​တိုင်း​ကြား​ရ​ကြ​၏။စစ်​သူ​ရဲ​သည်​တစ်​ဦး​နှင့်​တစ်​ဦး​တိုက်​မိ​သ​ဖြင့် နှစ်​ဦး​စ​လုံး​မြေ​ပေါ်​သို့​လဲ​ကျ​ကြ​လေ​ပြီ။

13. အီ​ဂျစ်​ပြည်​ကို​တိုက်​ခိုက်​ရန်​ဗာ​ဗု​လုန်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​လာ​ရောက်​သော​အ​ခါ ထာ​ဝ​ရ ဘု​ရား​သည်​ငါ့​အား​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။ ကိုယ်​တော်​က၊

14. ``အီ​ဂျစ်​မြို့​များ​ဖြစ်​သော​မိ​ဂ​ဒေါ​လ၊နော​ဖ​နှင့် တာ​ပ​နက်​မြို့​တို့​အား၊သင်​တို့​သည်​မိ​မိ​တို့​အ​တွက်​ခု​ခံ​ကာ​ကွယ် အ​သင့်​ပြင်​ဆင်​ကြ​လော့။သင်​တို့​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့​သည် စစ်​ပွဲ​တွင် ဆုံး​ရှုံး​ပျက်​စီး​လိမ့်​မည်။''

15. သင်​တို့​၏​တန်​ခိုး​ကြီး​သော​ဘု​ရား​အာ​ပိ သည် အ​ဘယ်​ကြောင့်​ပြို​လဲ​ရ​သ​နည်း။သူ့​အား​ထာ​ဝ​ရ​ဘု​ရား​တွန်း​ချ​တော်​မူ​လေပြီ။

16. သင်​တို့​၏​စစ်​သူ​ရဲ​များ​သည်​ခြေ​ချော်​၍​လဲ ကြ​ကုန်​၏။သူ​တို့​တစ်​ယောက်​ကို​တစ်​ယောက်`မြန်​မြန်​လာ​ကြ။ငါ​တို့​သည်​မိ​မိ​တို့​နေ​ရင်း​ပြည်​သို့​ပြန်​ကြ ကုန်​အံ့။ရန်​သူ​၏​ဋ္ဌား​ဘေး​မှ​လွတ်​မြောက်​ရန်​ပြေး​ကြ ကုန်​အံ့' ဟု​ဆို​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 46