ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 46:6-10 Common Language Bible (BCL)

6. လျင်​မြန်​စွာ​ပြေး​သူ​တို့​သည်​မ​လွတ်​နိုင်။စစ်​သူ​ရဲ​တို့​သည်​မ​လွတ်​မြောက်​နိုင်။သူ​တို့​သည်​မြောက်​ဘက်​ဒေ​သ၊ဥ​ဖ​ရတ် မြစ် အ​နီး​တွင်​ခြေ​ချော်​၍​လဲ​ကြ​ကုန်​၏။

7. ရေ​လျှံ​သော​မြစ်​ကဲ့​သို့​လည်း​ကောင်း၊ နိုင်း​မြစ်​ရေ​ကဲ့​သို့​လည်း​ကောင်း၊ချီ​တက်​လာ​သူ​ကား​အ​ဘယ်​သူ​နည်း။

8. ရေ​လျှံ​သော​မြစ်​ကဲ့​သို့​လည်း​ကောင်း၊ နိုင်း​မြစ်​ရေ​ကဲ့​သို့​လည်း​ကောင်းချီ​တက်​လာ​သူ​မှာ​အီ​ဂျစ်​နိုင်​ငံ​ဖြစ်​ပေ သည်။အီ​ဂျစ်​နိုင်​ငံ​က`ငါ​သည်​ချီ​တက်​၍​ကမ္ဘာ​ကို လွှမ်း​မိုး​မည်။မြို့​များ​နှင့်​မြို့​သူ​မြို့​သား​တို့​အား​ဖျက်​ဆီး​မည်။

9. မြင်း​များ​တို့​တက်​ကြ​လော့။ ရ​ထား​များ​တို့၊အ​ပြင်း​နှင်​ကြ​လော့။ဒိုင်း​လွှား​ကိုင်​ဆောင်​သူ​ဆူ​ဒန်​ပြည်​သား​နှင့်လစ်​ဗျား​ပြည်​သား​တို့​လု​ဒ​ပြည်​သား​လေး သည်​တော် အ​စ​ရှိ​သည့်စစ်​သည်​တော်​တို့​ထွက်​သွား​ကြ​လော့' ဟု​ဆို​၏'' ဟူ​၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။

10. ဤ​နေ့​သည်​အ​နန္တ​တန်​ခိုး​ရှင်​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​၏​နေ့​တော်​ဖြစ်​၏။ကိုယ်​တော်​သည်​ရန်​သူ​တို့​အား​ယ​နေ့​ပင် လက်​စား​ချေ​တော်​မူ​မည်။သူ​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​မည်။ကိုယ်​တော်​၏​ဋ္ဌား​သည်​သူ​တို့​အ​သား​ကို​အ​ဝ စား​၍ သူ​တို့​၏​သွေး​ကို​အ​ဝ​သောက်​လိမ့်​မည်။ယ​နေ့​အ​နန္တ​တန်​ခိုး​ရှင်​သည်​ဥ​ဖ​ရတ်​မြစ် အ​နီး မြောက်​ဘက်​ဒေ​သ​၌မိ​မိ​၏​ယဇ်​ကောင်​များ​ကို​ပူ​ဇော်​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 46