ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 46:13-25 Common Language Bible (BCL)

13. အီ​ဂျစ်​ပြည်​ကို​တိုက်​ခိုက်​ရန်​ဗာ​ဗု​လုန်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​လာ​ရောက်​သော​အ​ခါ ထာ​ဝ​ရ ဘု​ရား​သည်​ငါ့​အား​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။ ကိုယ်​တော်​က၊

14. ``အီ​ဂျစ်​မြို့​များ​ဖြစ်​သော​မိ​ဂ​ဒေါ​လ၊နော​ဖ​နှင့် တာ​ပ​နက်​မြို့​တို့​အား၊သင်​တို့​သည်​မိ​မိ​တို့​အ​တွက်​ခု​ခံ​ကာ​ကွယ် အ​သင့်​ပြင်​ဆင်​ကြ​လော့။သင်​တို့​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့​သည် စစ်​ပွဲ​တွင် ဆုံး​ရှုံး​ပျက်​စီး​လိမ့်​မည်။''

15. သင်​တို့​၏​တန်​ခိုး​ကြီး​သော​ဘု​ရား​အာ​ပိ သည် အ​ဘယ်​ကြောင့်​ပြို​လဲ​ရ​သ​နည်း။သူ့​အား​ထာ​ဝ​ရ​ဘု​ရား​တွန်း​ချ​တော်​မူ​လေပြီ။

16. သင်​တို့​၏​စစ်​သူ​ရဲ​များ​သည်​ခြေ​ချော်​၍​လဲ ကြ​ကုန်​၏။သူ​တို့​တစ်​ယောက်​ကို​တစ်​ယောက်`မြန်​မြန်​လာ​ကြ။ငါ​တို့​သည်​မိ​မိ​တို့​နေ​ရင်း​ပြည်​သို့​ပြန်​ကြ ကုန်​အံ့။ရန်​သူ​၏​ဋ္ဌား​ဘေး​မှ​လွတ်​မြောက်​ရန်​ပြေး​ကြ ကုန်​အံ့' ဟု​ဆို​ကြ​၏။

17. ``အီ​ဂျစ်​ဘု​ရင်​ဖာ​ရော​အား`အ​ခွင့်​ကောင်း​ကို​လက်​လွတ်​သူ၊လေ​အိုး​ကြီး' ဟူ​သော​နာ​မည်​သစ်​ကို​ပေး​ကြ​လော့။

18. အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရင်​ဖြစ်​တော်​မူ​၏။ငါ​သည်​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ပေ​တည်း။တာ​ဗော်​တောင်​ထိပ်​သည်​တောင်​တ​ကာ​တို့ ထက် မြင့်​သ​ကဲ့​သို့​လည်း​ကောင်း၊က​ရ​မေ​လ​တောင်​ထိပ်​သည်​လည်း၊ပင်​လယ် အ​နီး​တွင် မြင့်​မား​စွာ​တည်​ရှိ​သကဲ့​သို့​လည်း​ကောင်း၊သင်​တို့​တိုက်​ခိုက်​မည့်​သူ​သည်​ခွန်​အား ကြီး​မား ပေ​လိမ့်​မည်။

19. အ​ချင်း​အီ​ဂျစ်​ပြည်​သား​တို့၊သုံ့​ပန်း​အ​ဖြစ်​ခေါ်​ဆောင်​ခြင်း​ကို​ခံ​ရန် အ​သင့် ပြင်​ဆင်​ထား​ကြ​လော့။နော​ဖ​မြို့​သည်​လူ​သူ​ဆိတ်​ငြိမ်​ရာ သဲ​ကန္တာ​ရ​ဖြစ်​လိမ့်​မည်။

20. အီ​ဂျစ်​ပြည်​သည်​မြောက်​အ​ရပ်​မှ မှက်​ကိုက်​ခံ​ရ​သည့် လှ​ပ​ဆူ​ဖြိုး​သည်​နွား​မ​နှင့်​တူ​၏။

21. အ​ငှား​စစ်​သည်​များ​ပင်​လျှင်​နွား​သ​ငယ်​များ သ​ဖွယ် ခို​ကိုး​ရာ​မဲ့​ဖြစ်​ကြ​၏။သူ​တို့​သည်​ခု​ခံ​တိုက်​ခိုက်​မှု​ကို​မ​ပြု​ဘဲ အား​လုံး​လှည့်​၍​ပြေး​ကြ​လေ​သည်။အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​ဆုံး​ပါး​ပျက်​စီး ရ​မည့်​နေ့၊ကံ​ကြမ္မာ​ဆိုး​ကြုံ​တွေ့​ရ​မည့်​နေ့​ရက်​ကာ​လ​သည် ကျ​ရောက်​လာ​ပြီ​ဖြစ်​သော​ကြောင့်​တည်း။

22. ရန်​သူ​တပ်​မ​တော်​နီး​ကပ်​လာ​သည်​နှင့်​အီ​ဂျစ် ပြည်​သည် မြည်​သံ​ပြု​သော​မြွေ​ကဲ့​သို့​ထွက်​ပြေး​လေ​၏။လူ​တို့​သစ်​ပင်​များ​ကို​ခုတ်​သ​ကဲ့​သို့​ရန်​သူ တို့​သည် သူ့​အား​ရဲ​တင်း​များ​နှင့်​တိုက်​ခိုက်​ကြ​၏။

23. သူ​တို့​သည်​သစ်​တော​ကို​ခုတ်​လှဲ​သ​ကဲ့​သို့တိုက်​ခိုက်​ကြ​၏။သူ​တို့​၏​လူ​များ​သည်​မ​ရေ​မ​တွက်​နိုင်​အောင် များ​ပြား​၍သူ​တို့​၏​စစ်​သူ​ရဲ​များ​သည်၊အ​ရေ​အ​တွက် အား​ဖြင့် ကျိုင်း​ကောင်​များ​ထက်​ပင်​များ​ပြား​ကြ​၏။

24. အီ​ဂျစ်​ပြည်​သူ​တို့​သည်​အ​ရှက်​ကွဲ​ရ​ကြ လေ​ပြီ။သူ​တို့​အား​မြောက်​အ​ရပ်​မှ​လူ​တို့​က နှိမ်​နင်း​လိုက်​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။

25. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည် သိ​ဘိ​မြို့​၌​ရှိ​သော​အမ္မုန်​ဘု​ရား​ကို​အီ​ဂျစ် ပြည်၊ အီ​ဂျစ်​ဘု​ရား​များ၊ ဘု​ရင်​များ​နှင့် အ​တူ​ဆုံး​မ​မည်။ အီ​ဂျစ်​ပြည်​ဘု​ရင်​နှင့် သူ့​ကို​အား​ထား​ယုံ​ကြည်​သူ​မှန်​သ​မျှ​ကို ငါ​ဆုံး​မ​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 46