ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 44:3-13 Common Language Bible (BCL)

3. ယင်း​သို့​ငါ​ဖြစ်​စေ​ရ​သည့်​အ​ကြောင်း​မှာ​ထို မြို့​တို့​မှ​မြို့​သူ​မြို့​သား​များ​သည်​မ​ကောင်း မှု​များ​ကို​ပြု​၍ ငါ​၏​အ​မျက်​တော်​ကို​လှုံ့ ဆော်​ကြ​သော​ကြောင့်​ဖြစ်​၏။ သူ​တို့​သည် အ​ခြား​ဘု​ရား​များ​ကို​ယဇ်​ပူ​ဇော်​ကြ လျက် သူ​တို့​ကိုယ်​တိုင်​သင်​တို့​နှင့်​သင်​တို့ ဘိုး​ဘေး​များ​အ​ဘယ်​အ​ခါ​က​မျှ​ရှိ မ​ခိုး​ဝတ်​မ​ပြု​ခဲ့​သည့်​ဘု​ရား​များ​ကို ရှိ​ခိုး​ဝတ်​ပြု​ကြ​၏။-

4. ငါ​သည်​မိ​မိ​၏​အ​စေ​ခံ​ပ​ရော​ဖက်​များ​ကို သင်​တို့​ထံ​သို့ အ​ဖန်​ဖန်​အ​ထပ်​ထပ်​စေ​လွှတ် ခဲ့​၏။ သူ​တို့​က​လည်း​သင်​တို့​အား​ငါ​မုန်း ထား​စက်​ဆုပ်​သည့်​အ​မှု​ကို​မ​ပြု​ရန်​ပြော ကြား​ခဲ့​ကြ​၏။-

5. သို့​ရာ​တွင်​သင်​တို့​သည်​နား​မ​ထောင်​ကြ။ ပ​မာ​ဏ​မ​ပြု​ကြ။ အ​ခြား​ဘုရား​များ အား​ယဇ်​ပူ​ဇော်​သည့်​အ​ကျင့်​ကို​လည်း မ​ဖျောက်​ကြ။-

6. သို့​ဖြစ်​၍​ငါ​သည်​ယု​ဒ​မြို့​များ​နှင့်​ယေ​ရု ရှ​လင်​လမ်း​များ​အ​ပေါ်​သို့ ငါ​၏​ဒေါ​သ အ​မျက်​တော်​ကို​သွန်း​လောင်း​၍ ထို​မြို့​တို့​ကို မီး​လောင်​စေ​တော်​မူ​၏။ ထို​မြို့​များ​သည်​ယို ယွင်း​ပျက်​စီး​လျက်​ကျန်​ရစ်​ပြီး​လျှင် ယ​နေ့ တွေ့​မြင်​နေ​ရ​သည့်​အ​တိုင်း​လူ​တို့​ရှေ့​တွင် စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်​၍​နေ​၏။

7. ``သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ ဘု​ရား​က သင်​တို့​သည်​အ​ဘယ်​ကြောင့်​မိ​မိ တို့​အ​ပေါ်​သို့​ဤ​သို့​သော​ဘေး​အန္တ​ရာယ်​ဆိုး သက်​ရောက်​အောင် ဆိုး​ညစ်​သော​အ​မှု​ကို​ပြု ကြ​သ​နည်း။ သင်​တို့​သည်​မိ​မိ​တို့​အ​မျိုး ပြုတ်​စေ​ရန်​အ​မျိုး​သား၊ အ​မျိုး​သ​မီး၊ က​လေး​သူ​ငယ်​နှင့်​နို့​စို့​အ​ရွယ်​တို့​အား ဆုံး​ပါး​ပျက်​စီး​စေ​လို​ကြ​သ​လော။-

8. သင်​တို့​နေ​ထိုင်​ရန်​လာ​ရောက်​သည့်​ဤ​အီ​ဂျစ် ပြည်​တွင် သင်​တို့​သည်​ရုပ်​တု​များ​အား​ဖြင့် လည်း​ကောင်း၊ အ​ခြား​ဘု​ရား​များ​ကို​ဝတ်​ပြု ရှိ​ခိုး​ခြင်း​အား​ဖြင့်​လည်း​ကောင်း အ​ဘယ် ကြောင့်​ငါ​၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ကြ သ​နည်း။ သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​တိုင်​ဆုံး ပါး​ပျက်​စီး​စေ​၍​ကမ္ဘာ​မြေ​ပေါ်​ရှိ​လူ​မျိုး တ​ကာ​တို့​ကဲ့​ရဲ့​စ​ရာ၊ ပြက်​ရယ်​ပြု​စ​ရာ ဖြစ်​လာ​ကြ​လိမ့်​မည်။-

9. ယု​ဒ​မြို့​များ​နှင့်​ယေ​ရု​ရှ​လင်​လမ်း​များ​ပေါ် တွင် သင်​တို့​၏​ဘိုး​ဘေး​များ၊ ယုဒ​ဘု​ရင်​များ နှင့်​မိ​ဖု​ရား​များ၊ သင်​တို့​နှင့်​သင်​တို့​၏​ဇနီး များ​ပြု​ကျင့်​ခဲ့​ကြ​သည့်​အ​ကျင့်​ဆိုး​များ ကို​သင်​တို့​မေ့​လျော့​သွား​ကြ​လေ​ပြီ​လော။-

10. သင်​တို့​သည်​ယ​နေ့​တိုင်​အောင်​ပင်​စိတ်​နှ​လုံး နှိမ့်​ချ​မှု​မ​ရှိ​ကြ​သေး​ပေ။ ငါ့​ကို​ကြောက်​ရွံ့ ရို​သေ​မှု​မ​ရှိ။ သင်​တို့​နှင့်​သင်​တို့​၏​ဘိုး​ဘေး များ​အား ငါ​ပေး​အပ်​ခဲ့​သည့်​ပ​ညတ်​များ နှင့်​နည်း​ဥ​ပ​ဒေ​ကို​လည်း​လိုက်​နာ​ကျင့်​သုံး မှု​မ​ပြု​ကြ။

11. ``သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ ဘု​ရား​သည် သင်​တို့​အ​ပေါ်​သို့​ဘေး​အန္တ​ရာယ် ဆိုး​ကို​သက်​ရောက်​စေ​၍​ယု​ဒ​ပြည်​ကို​ပျက် ပြုန်း​စေ​မည်။-

12. ယု​ဒ​ပြည်​တွင်​ကျန်​ရှိ​ကာ​အီ​ဂျစ်​ပြည်​သို့ သွား​ရောက်​နေ​ထိုင်​ရန် သန္နိ​ဋ္ဌာန်​ချ​မှတ်​ထား​သူ တို့​မူ​ကား​တစ်​ယောက်​မ​ကျန်​ဆုံး​ပါး​ပျက်​စီး စေ​မည်။ ကြီး​ငယ်​မ​ဟူ​ထို​သူ​အ​ပေါင်း​တို့ သည်​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး သင့်​၍​အီ​ဂျစ်​ပြည်​တွင်​သေ​ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​လူ​တို့​ရှေ့​၌​စက်​ဆုပ်​ရွံ​ရှာ​ဖွယ် ဖြစ်​လိမ့်​မည်။ လူ​တို့​သည်​သူ​တို့​အား​ပြက် ရယ်​ပြု​လျက်​သူ​တို့​၏​အ​မည်​နာ​မ​ကို ကျိန်​စာ​အ​ဖြစ်​အ​သုံး​ပြု​ကြ​လိမ့်​မည်။-

13. ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​အား​အ​ပြစ်​ဒဏ် ခတ်​သ​ကဲ့​သို့​အီ​ဂျစ်​ပြည်​တွင်​နေ​ထိုင်​သူ တို့​ကို​လည်း​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး ခြင်း​ဘေး၊ အ​နာ​ရော​ဂါ​ဘေး​တို့​ဖြင့် အ​ပြစ်​ဒဏ်​ခတ်​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 44