ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 44:20-30 Common Language Bible (BCL)

20. ထို​အ​ခါ​ငါ​သည်​မိ​မိ​အား​ဤ​သို့​ပြော ကြား​ကြ​သူ အ​မျိုး​သား​အ​မျိုး​သ​မီး များ​နှင့်​လူ​အ​ပေါင်း​တို့​အား၊-

21. ``ယု​ဒ​မြို့​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​လမ်း များ​တွင် သင်​တို့​နှင့်​သင်​တို့​ဘိုး​ဘေး​များ၊ သင် တို့​ဘု​ရင်​များ​နှင့်​ခေါင်း​ဆောင်​များ၊ ပြည်​သူ များ​ပူ​ဇော်​ခဲ့​ကြ​သည့်​ယဇ်​များ​နှင့်​ပတ် သက်​၍​ထာ​ဝ​ရ​ဘု​ရား​သိ​တော်​မ​မူ​ဟူ​၍ သော်​လည်း​ကောင်း၊ မေ့​လျော့​တော်​မူ​လေ​ပြီ ဟူ​၍​သော်​လည်း​ကောင်း​သင်​တို့​ထင်​မှတ် ကြ​ပါ​သ​လော။-

22. ယ​ခု​အ​ခါ​၌​ပင်​လျှင်​သင်​တို့​၏​ပြည်​သည် ယို​ယွင်း​ပျက်​စီး​ကာ​လူ​သူ​ဆိတ်​ညံ​လျက် ရှိ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​ယုတ် မာ​ဆိုး​ညစ်​သည့်​အ​ကျင့်​များ​ကို​သည်း​ခံ တော်​မ​မူ​နိုင်​သ​ဖြင့် ထို​ပြည်​သည်​လူ​တို့ ရှေ့​၌​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်​၍​နေ​လေ​ပြီ။ လူ​တို့​သည်​လည်း​ထို​ပြည်​၏​အ​မည်​နာ​မ ကို​ကျိန်​စာ​အ​ဖြစ်​အ​သုံး​ပြု​ကြ​လေ​ပြီ။-

23. သင်​တို့​သည်​အ​ခြား​ဘု​ရား​များ​ကို​ယဇ် ပူ​ဇော်​ကာ​အ​မိန့်​တော်​များ​ကို​မ​နာ​ခံ သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား ကြ​သည်​ဖြစ်​၍ ယ​ခု​အ​ခါ​ဤ​ကဲ့​သို့ ပင်​ကပ်​သင့်​ခဲ့​ရ​ကြ​ပေ​သည်''ဟု​ဆို​၏။

24-25. ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က အီ​ဂျစ်​ပြည်​တွင်​နေ​ထိုင်​ကြ​သော​ယု​ဒ​ပြည် သား​တို့​နှင့်​ပတ်​သက်​၍``သင်​တို့​နှင့်​သင်​တို့ ဇ​နီး​များ​သည်​ကောင်း​ကင်​ဘု​ရင်​မ​အား သစ္စာ​က​တိ​ပြု​ခဲ့​ကြ​၏။ သူ့​အား​ယဇ်​ပူ​ဇော် ပါ​မည်​ဟူ​၍​လည်း​ကောင်း၊ သူ​၏​အ​ဖို့​စ​ပျစ် ရည်​ပူ​ဇော်​သကာ​များ​ကို​သွန်း​လောင်း​ပါ​မည် ဟူ​၍​လည်း​ကောင်း က​တိ​ထား​ပြီး​လျှင်​ထို က​တိ​အ​တိုင်း​ပြု​ခဲ့​ကြ​ပေ​သည်။ ကောင်း လှ​ပြီ၊ သင်​တို့​က​တိ​ကို​တည်​စေ​ကြ​လော့။ သင်​တို့​သစ္စာ​ဋ္ဌိ​ဋ္ဌာန်​ပြု​သည်​အ​တိုင်း​ဆောင် ရွက်​ကြ​လော့။-

26. သို့​ရာ​တွင်​အီ​ဂျစ်​ပြည်​တွင်​ရှိ​သည့်​ဣ​သ ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား​ငါ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​မ​ဟာ​နာ​မ တော်​ကို​တိုင်​တည်​၍​မြွက်​ဆို​သည့်​က​တိ တော်​ကို ယ​ခု​သင်​တို့​နား​ထောင်​ကြ​လော့။ သင်​တို့​သစ္စာ​က​တိ​ပြု​ကြ​ရာ​တွင်`အ​ရှင် ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည် အ​တိုင်း' ဟု​ငါ​၏​နာ​မ​တော်​ကို​မြွက်​ဆို ရန်​နောင်​အ​ဘယ်​အ​ခါ​၌​မျှ​သင်​တို့​အား ငါ​ခွင့်​ပြု​လိမ့်​မည်​မ​ဟုတ်။-

27. သင်​တို့​သည်​ကောင်း​စား​မည့်​အ​စား​ဆုံး​ရှုံး ပျက်​စီး​ကြ​စေ​ရန်​ငါ​ပြု​မည်။ အီ​ဂျစ်​ပြည် တွင်​နေ​ထိုင်​လျက်​ရှိ​သော​ယု​ဒ​ပြည်​သူ​တို့ သည်​တစ်​ဦး​တစ်​ယောက်​မျှ​မ​ကျန်​သည်​တိုင် အောင်​စစ်​ဘေး​သော်​လည်း​ကောင်း၊ အ​နာ​ရော​ဂါ ဘေး​သော်​လည်း​ကောင်း​သင့်​၍​သေ​ရ​ကြ​လိမ့် မည်။-

28. သို့​ရာ​တွင်​သင်​တို့​အ​ချို့​သည်​အသက်​ဘေး မှ​လွတ်​မြောက်​၍ အီ​ဂျစ်​ပြည်​မှ​ယု​ဒ​ပြည် သို့​ပြန်​ကြ​လိမ့်​မည်။ ထို​အ​ခါ​အီ​ဂျစ်​ပြည် သို့​လာ​ရောက်​ကြ​သော​ယု​ဒ​ပြည်​သူ​အ​ကြွင်း အ​ကျန်​များ​သည် မိ​မိ​တို့​စ​ကား​နှင့်​ငါ့ စ​ကား၊ မည်​သည်​က​မှန်​၍​နေ​သည်​ကို​သိ ရှိ​ကြ​လိမ့်​မည်။-

29. ငါ​သည်​ဤ​ဒေ​သ​တွင်​သင်​တို့​အား​အ​ပြစ် ဒဏ်​ခတ်​မည်​ဟူ​၍​လည်း​ကောင်း၊ သင်​တို့​ကို သုတ်​သင်​ဖျက်​ဆီး​မည်​ဟူ​၍​ထား​ခဲ့​သော ငါ ၏​က​တိ​တော်​သည်​အ​မှန်​တ​ကယ်​ဖြစ်​လာ လိမ့်​မည်​ဖြစ်​ကြောင်း​ကို သင်​တို့​အား​ငါ ထာ​ဝ​ရ​ဘု​ရား​သက်​သေ​ပြ​မည်။-

30. ငါ​သည်​ယု​ဒ​ဘုရင်​ဇေ​ဒ​ကိ​ကို​မိ​မိ​အား သတ်​ဖြတ်​လို​၍ မိ​မိ​၏​ရန်​သူ​ဖြစ်​သော​ဗာ​ဗု လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​ထံ​အပ်​နှင်း​သ​ကဲ့ သို့ အီ​ဂျစ်​ဘု​ရင်​ဟော​ဖ​ရာ​ကို​လည်း​မိ​မိ အား​သတ်​ဖြတ်​လို​သော​ရန်​သူ​များ​လက် သို့​အပ်​နှင်း​မည်'' ဟု​မိန့်​တော်​မူ​ကြောင်း​လူ အ​ပေါင်း​တို့​အား အ​ထူး​သ​ဖြင့်​အ​မျိုး သ​မီး​များ​အား​ဆင့်​ဆို​လေ​သည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 44