ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 44:17-27 Common Language Bible (BCL)

17. ငါ​တို့​သည်​မိ​မိ​တို့​ယ​ခင်​က​ပြော​ကြား​ခဲ့ သည့်​အ​မှု​တို့​ကို​သာ​ပြု​ကြ​ပါ​မည်။ ယု​ဒ မြို့​များ​နှင့်​ယေ​ရု​ရှ​လင်​လမ်း​များ​တွင်​ငါ တို့​နှင့်​ငါ​တို့​ဘိုး​ဘေး​များ၊ ငါ​တို့​ဘု​ရင် နှင့်​ခေါင်း​ဆောင်​များ​ပြု​လေ့​ရှိ​သည့်​အ​တိုင်း ကောင်း​ကင်​ဘု​ရင်​မ​ဟု​အ​မည်​တွင်​သော နတ်​သ​မီး​ကို​ယဇ်​ပူ​ဇော်​၍ သူ​၏​အ​ဖို့ စ​ပျစ်​ရည်​ပူ​ဇော်​သကာ​များ​ကို​သွန်း​လောင်း ပါ​မည်။ ထို​စဉ်​အ​ခါ​က​ငါ​တို့​သည်​ဝ​စွာ စား​ရ​ကြ​၏။ ချမ်း​သာ​ကြွယ်​ဝ​လျက်​ဘေး ဒုက္ခ​နှင့်​ကင်း​ဝေး​ခဲ့​ကြ​၏။-

18. သို့​ရာ​တွင်​ကောင်း​ကင်​ဘု​ရင်​မ​ကို​ယဇ်​ပူ​ဇော် မှု၊ သူ့​အ​ဖို့​စ​ပျစ်​ရည်​ပူ​ဇော်​သ​ကာ​သွန်း လောင်း​မှု​တို့​ကို​မ​ပြု​ကြ​တော့​သည့်​အ​ချိန် မှ​အ​စ​ပြု​၍ ငါ​တို့​သည်​များ​စွာ​ချို့​တဲ့ လျက်​ငါ​တို့​အ​မျိုး​သား​များ​သည်​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​သင့်​၍​သေ​ရ ကြ​ပါ​၏'' ဟု​ပြော​ကြား​ကြ​လေ​သည်။

19. ထို​နောက်​အ​မျိုး​သ​မီး​များ​က``ငါ​တို့​သည် ကောင်း​ကင်​ဘု​ရင်​မ​၏​ရုပ်​ပုံ​တူ​မုန့်​များ​ကို ဖုတ်​လုပ်​၍ ထို​နတ်​သ​မီး​အား​ယဇ်​ပူ​ဇော်​ကာ သူ​၏​အ​ဖို့​စ​ပျစ်​ရည်​ပူ​ဇော်​သ​ကာ​များ ကို​သွန်း​လောင်း​ကြ​သော​အ​ခါ ငါ​တို့​၏​ခင် ပွန်း​များ​က​လည်း​ငါ​တို့​ပြု​သည့်​အ​မှု​ကို လက်​ခံ​အ​တည်​ပြု​ခဲ့​ကြ​ပါ​သည်'' ဟု​ထပ် လောင်း​ပြော​ဆို​ကြ​၏။

20. ထို​အ​ခါ​ငါ​သည်​မိ​မိ​အား​ဤ​သို့​ပြော ကြား​ကြ​သူ အ​မျိုး​သား​အ​မျိုး​သ​မီး များ​နှင့်​လူ​အ​ပေါင်း​တို့​အား၊-

21. ``ယု​ဒ​မြို့​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​လမ်း များ​တွင် သင်​တို့​နှင့်​သင်​တို့​ဘိုး​ဘေး​များ၊ သင် တို့​ဘု​ရင်​များ​နှင့်​ခေါင်း​ဆောင်​များ၊ ပြည်​သူ များ​ပူ​ဇော်​ခဲ့​ကြ​သည့်​ယဇ်​များ​နှင့်​ပတ် သက်​၍​ထာ​ဝ​ရ​ဘု​ရား​သိ​တော်​မ​မူ​ဟူ​၍ သော်​လည်း​ကောင်း၊ မေ့​လျော့​တော်​မူ​လေ​ပြီ ဟူ​၍​သော်​လည်း​ကောင်း​သင်​တို့​ထင်​မှတ် ကြ​ပါ​သ​လော။-

22. ယ​ခု​အ​ခါ​၌​ပင်​လျှင်​သင်​တို့​၏​ပြည်​သည် ယို​ယွင်း​ပျက်​စီး​ကာ​လူ​သူ​ဆိတ်​ညံ​လျက် ရှိ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​ယုတ် မာ​ဆိုး​ညစ်​သည့်​အ​ကျင့်​များ​ကို​သည်း​ခံ တော်​မ​မူ​နိုင်​သ​ဖြင့် ထို​ပြည်​သည်​လူ​တို့ ရှေ့​၌​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်​၍​နေ​လေ​ပြီ။ လူ​တို့​သည်​လည်း​ထို​ပြည်​၏​အ​မည်​နာ​မ ကို​ကျိန်​စာ​အ​ဖြစ်​အ​သုံး​ပြု​ကြ​လေ​ပြီ။-

23. သင်​တို့​သည်​အ​ခြား​ဘု​ရား​များ​ကို​ယဇ် ပူ​ဇော်​ကာ​အ​မိန့်​တော်​များ​ကို​မ​နာ​ခံ သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား ကြ​သည်​ဖြစ်​၍ ယ​ခု​အ​ခါ​ဤ​ကဲ့​သို့ ပင်​ကပ်​သင့်​ခဲ့​ရ​ကြ​ပေ​သည်''ဟု​ဆို​၏။

24-25. ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က အီ​ဂျစ်​ပြည်​တွင်​နေ​ထိုင်​ကြ​သော​ယု​ဒ​ပြည် သား​တို့​နှင့်​ပတ်​သက်​၍``သင်​တို့​နှင့်​သင်​တို့ ဇ​နီး​များ​သည်​ကောင်း​ကင်​ဘု​ရင်​မ​အား သစ္စာ​က​တိ​ပြု​ခဲ့​ကြ​၏။ သူ့​အား​ယဇ်​ပူ​ဇော် ပါ​မည်​ဟူ​၍​လည်း​ကောင်း၊ သူ​၏​အ​ဖို့​စ​ပျစ် ရည်​ပူ​ဇော်​သကာ​များ​ကို​သွန်း​လောင်း​ပါ​မည် ဟူ​၍​လည်း​ကောင်း က​တိ​ထား​ပြီး​လျှင်​ထို က​တိ​အ​တိုင်း​ပြု​ခဲ့​ကြ​ပေ​သည်။ ကောင်း လှ​ပြီ၊ သင်​တို့​က​တိ​ကို​တည်​စေ​ကြ​လော့။ သင်​တို့​သစ္စာ​ဋ္ဌိ​ဋ္ဌာန်​ပြု​သည်​အ​တိုင်း​ဆောင် ရွက်​ကြ​လော့။-

26. သို့​ရာ​တွင်​အီ​ဂျစ်​ပြည်​တွင်​ရှိ​သည့်​ဣ​သ ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား​ငါ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​မ​ဟာ​နာ​မ တော်​ကို​တိုင်​တည်​၍​မြွက်​ဆို​သည့်​က​တိ တော်​ကို ယ​ခု​သင်​တို့​နား​ထောင်​ကြ​လော့။ သင်​တို့​သစ္စာ​က​တိ​ပြု​ကြ​ရာ​တွင်`အ​ရှင် ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည် အ​တိုင်း' ဟု​ငါ​၏​နာ​မ​တော်​ကို​မြွက်​ဆို ရန်​နောင်​အ​ဘယ်​အ​ခါ​၌​မျှ​သင်​တို့​အား ငါ​ခွင့်​ပြု​လိမ့်​မည်​မ​ဟုတ်။-

27. သင်​တို့​သည်​ကောင်း​စား​မည့်​အ​စား​ဆုံး​ရှုံး ပျက်​စီး​ကြ​စေ​ရန်​ငါ​ပြု​မည်။ အီ​ဂျစ်​ပြည် တွင်​နေ​ထိုင်​လျက်​ရှိ​သော​ယု​ဒ​ပြည်​သူ​တို့ သည်​တစ်​ဦး​တစ်​ယောက်​မျှ​မ​ကျန်​သည်​တိုင် အောင်​စစ်​ဘေး​သော်​လည်း​ကောင်း၊ အ​နာ​ရော​ဂါ ဘေး​သော်​လည်း​ကောင်း​သင့်​၍​သေ​ရ​ကြ​လိမ့် မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 44