ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 42:6-12 Common Language Bible (BCL)

6. အ​ရှင့်​အား​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရန်​ပန်​ကြား​ခဲ့​ကြ​၏။ အ​ကျွန်ုပ်​တို့​နှစ်​သက်​သည်​ဖြစ်​စေ၊ မ​နှစ်​သက် သည်​ဖြစ်​စေ​အ​မိန့်​တော်​များ​ကို​အ​ကျွန်ုပ် တို့​လိုက်​နာ​ကြ​ပါ​မည်။ ကိုယ်​တော်​ရှင်​၏ စ​ကား​ကို​နား​ထောင်​ပါ​မူ​အ​ကျွန်ုပ်​တို့ အ​ဖို့​အ​စ​စ​အ​ရာ​ရာ​အ​ဆင်​ပြေ​ပါ လိမ့်​မည်'' ဟု​ပြော​ကြား​ကြ​၏။

7. ဆယ်​ရက်​မျှ​ကြာ​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​သည် ငါ့​အား​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။-

8. သို့​ဖြစ်​၍​ငါ​သည်​ယော​ဟ​နန်၊ သူ​နှင့်​အ​တူ ရှိ​သည့်​တပ်​မှူး​များ​နှင့်​လူ​အ​ပေါင်း​တို့ အား​ခေါ်​၍၊-

9. ``သင်​တို့​ငါ့​ကို​စေ​လွှတ်​၍​အ​သ​နား​ခံ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က၊-

10. `အ​ကယ်​၍​သင်​တို့​သည်​ဤ​ပြည်​တွင်​ဆက်​လက် နေ​ထိုင်​လို​ကြ​ပါ​မူ၊ ငါ​သည်​သင်​တို့​အား​မ​ဖြို မ​ဖျက်​ဘဲ​တည်​ဆောက်​မည်။ ငါ​သည်​သင်​တို့​အား မ​ဆွဲ​မ​နုတ်​ဘဲ​စိုက်​ပျိုး​မည်။ သင်​တို့​အ​ပေါ်​သို့ ငါ​သက်​ရောက်​စေ​ခဲ့​သည့်​ဘေး​အန္တ​ရာယ်​ဆိုး အ​တွက်​ငါ​များ​စွာ​ကြေ​ကွဲ​ဝမ်း​နည်း​ပါ​၏။-

11. ဗာ​ဗု​လုန်​ဘု​ရင်​ကို​မ​ကြောက်​ကြ​နှင့်​တော့။ ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​ပြီ​ဖြစ်​၍​သင် တို့​အား​သူ​၏​လက်​မှ​ကယ်​တင်​မည်။-

12. ငါ​သည်​သင်​တို့​အ​ပေါ်​၌​က​ရု​ဏာ​ထား​သော ကြောင့် သူ့​အား​သင်​တို့​ကို​က​ရု​ဏာ​ထား​၍​မိ မိ​တို့​ပြည်​သို့​ပြန်​ခွင့်​ပြု​စေ​မည်။ ဤ​ကား​ငါ ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သော​စကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​လေ​ပြီ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 42