ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 42:1-11 Common Language Bible (BCL)

1. ထို​နောက်​ကာ​ရာ​၏​သား​ယော​ဟ​နန်​နှင့် ဟော​ရှဲ​၏​သား​အာ​ဇ​ရိ​တို့​အ​ပါ​အ​ဝင် တပ်​မှူး​အ​ပေါင်း​တို့​သည် အ​တန်း​အ​စား အ​မျိုး​မျိုး​ပါ​ဝင်​သည့်​လူ​တို့​နှင့်​အ​တူ လာ​ရောက်​ကြ​ပြီး​လျှင်၊-

2. ငါ့​အား``အ​ကျွန်ုပ်​တို့​ပန်​ကြား​သည့်​အ​မှု ကို​ပြု​ပါ​လော့။ အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​အ​ကျွန်ုပ်​တို့ အ​ဖို့​ဆု​တောင်း​ပတ္ထနာ​ပြု​ပါ​လော့။ ကျန်​ရှိ နေ​သ​မျှ​သော​အ​ကျွန်ုပ်​တို့​အ​တွက်​ဆု တောင်း​ပတ္ထ​နာ​ပြု​ပါ​လော့။ အ​ခါ​တစ်​ပါး က​အ​ကျွန်ုပ်​တို့​သည်​အ​ရေ​အ​တွက်​အား ဖြင့်​များ​ပါ​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌ အ​ရှင်​သိ​ရှိ​သည့်​အ​တိုင်း​အ​ကျွန်ုပ်​တို့ တွင်​လူ​အ​နည်း​ငယ်​သာ​ကျန်​ရှိ​ပါ​တော့ သည်။-

3. အ​ကျွန်ုပ်​တို့​အ​ဘယ်​လမ်း​စဉ်​ကို​လိုက်​၍ အ​ဘယ်​အ​မှု​တို့​ကို​ပြု​သင့်​ကြောင်း​လမ်း​ပြ တော်​မူ​ရန် အ​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ'' ဟု ပန်​ကြား​ကြ​၏။-

4. ငါ​က​လည်း``ကောင်း​လှ​ပြီ။ သင်​တို့​တောင်း​ပန်​သည့် အ​တိုင်း​ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​ငါ​ဆု​တောင်း​ပတ္ထ​နာ​ပြု​မည်။ ထို နောက်​ကိုယ်​တော်​မိန့်​တော်​မူ​သ​မျှ​တို့​ကို​သင် တို့​အား​ငါ​ပြော​ပြ​မည်။ အ​ဘယ်​အ​ရာ​ကို မျှ​သင်​တို့​ထံ​မှ​ထိမ်​ဝှက်​၍​ထား​မည်​မ​ဟုတ်'' ဟု​ဆို​၏။

5. ထို​အ​ခါ​သူ​တို့​သည်​ငါ့​အား``အ​ကယ်​၍ အ​ကျွန်ုပ်​တို့​သည်​အ​ရှင့်​အား​ဖြင့်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော အ​မိန့်​တော်​တို့​ကို​မ​လိုက်​နာ​ခဲ့​သော် ထာ​ဝ​ရ ဘု​ရား​သည်​အ​ကျွန်ုပ်​တို့​တစ်​ဘက်​၌​သစ္စာ စောင့်​၍​ဟုတ်​မှန်​သော​သက်​သေ​ဖြစ်​တော် မူ​ပါ​စေ​သော်။-

6. အ​ရှင့်​အား​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရန်​ပန်​ကြား​ခဲ့​ကြ​၏။ အ​ကျွန်ုပ်​တို့​နှစ်​သက်​သည်​ဖြစ်​စေ၊ မ​နှစ်​သက် သည်​ဖြစ်​စေ​အ​မိန့်​တော်​များ​ကို​အ​ကျွန်ုပ် တို့​လိုက်​နာ​ကြ​ပါ​မည်။ ကိုယ်​တော်​ရှင်​၏ စ​ကား​ကို​နား​ထောင်​ပါ​မူ​အ​ကျွန်ုပ်​တို့ အ​ဖို့​အ​စ​စ​အ​ရာ​ရာ​အ​ဆင်​ပြေ​ပါ လိမ့်​မည်'' ဟု​ပြော​ကြား​ကြ​၏။

7. ဆယ်​ရက်​မျှ​ကြာ​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​သည် ငါ့​အား​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။-

8. သို့​ဖြစ်​၍​ငါ​သည်​ယော​ဟ​နန်၊ သူ​နှင့်​အ​တူ ရှိ​သည့်​တပ်​မှူး​များ​နှင့်​လူ​အ​ပေါင်း​တို့ အား​ခေါ်​၍၊-

9. ``သင်​တို့​ငါ့​ကို​စေ​လွှတ်​၍​အ​သ​နား​ခံ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က၊-

10. `အ​ကယ်​၍​သင်​တို့​သည်​ဤ​ပြည်​တွင်​ဆက်​လက် နေ​ထိုင်​လို​ကြ​ပါ​မူ၊ ငါ​သည်​သင်​တို့​အား​မ​ဖြို မ​ဖျက်​ဘဲ​တည်​ဆောက်​မည်။ ငါ​သည်​သင်​တို့​အား မ​ဆွဲ​မ​နုတ်​ဘဲ​စိုက်​ပျိုး​မည်။ သင်​တို့​အ​ပေါ်​သို့ ငါ​သက်​ရောက်​စေ​ခဲ့​သည့်​ဘေး​အန္တ​ရာယ်​ဆိုး အ​တွက်​ငါ​များ​စွာ​ကြေ​ကွဲ​ဝမ်း​နည်း​ပါ​၏။-

11. ဗာ​ဗု​လုန်​ဘု​ရင်​ကို​မ​ကြောက်​ကြ​နှင့်​တော့။ ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​ပြီ​ဖြစ်​၍​သင် တို့​အား​သူ​၏​လက်​မှ​ကယ်​တင်​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 42