ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 41:8-10 Common Language Bible (BCL)

8. သို့​ရာ​တွင်​ထို​လူ​စု​အ​နက်​လူ​ဆယ်​ယောက် က``အ​ကျွန်ုပ်​တို့​အား​မ​သတ်​ပါ​နှင့်။ အ​ကျွန်ုပ် တို့​မှာ​လယ်​ကွက်​များ​တွင်​ဝှက်​ထား​သည့်​ဂျုံ၊ မု​ယော၊ သံ​လွင်​ဆီ​နှင့်​ပျား​ရည်​များ​ရှိ​ပါ သည်'' ဟု​ပြော​သ​ဖြင့်​ဣ​ရှ​မေ​လ​သည်​သူ တို့​အား​မ​သတ်​ဘဲ​အ​သက်​ချမ်း​သာ​ခွင့် ပေး​လေ​သည်။-

9. မိ​မိ​သတ်​ဖြတ်​လိုက်​သူ​တို့​၏​အ​လောင်း​များ ကို​ဣ​ရှ​မေ​လ​ပစ်​ချ​သည့်​ရေ​တွင်း​ကား အ​လွန်​ကြီး​၍ ဣသ​ရေ​လ​ဘု​ရင်​ဗာရှာ​၏​ဘေး မှ​ခု​ခံ​ကာ​ကွယ်​ရန် အာ​သ​မင်း​တူး​ထား​သည့် ရေ​တွင်း​ဖြစ်​သ​တည်း။ ဣ​ရှ​မေ​လ​သည်​မိ​မိ သတ်​ဖြတ်​လိုက်​သည့်​လူ​သေ​အ​လောင်း​များ ဖြင့်​ထို​တွင်း​ကို​ပြည့်​စေ​၏။-

10. ထို​နောက်​ဣ​ရှ​မေ​လ​သည် ဂေ​ဒ​လိ​၏​စောင့် ရှောက်​မှု​ကို​ခံ​ယူ​စေ​ရန် တပ်​မှူး​နေ​ဗု​ဇာ​ရ​ဒန် အပ်​နှံ​ထား​သည့်​ဘု​ရင့်​သ​မီး​တော်​များ​နှင့် မိ​ဇ​ပါ​မြို့​တွင်​ကျန်​ရှိ​နေ​သေး​သူ​အ​ပေါင်း တို့​အား​ဖမ်း​ဆီး​ချုပ်​နှောင်​ပြီး​လျှင် သုံ့​ပန်း များ​အ​ဖြစ်​ဖြင့်​အမ္မုန်​ပြည်​ရှိ​ရာ​သို့​ခေါ် ဆောင်​သွား​လေ​သည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 41