12. မိမိတို့တပ်သားများကိုခေါ်၍ ဣရှမေလ ကိုတိုက်ခိုက်ရန်ထွက်သွားကြရာဂိဘောင်မြို့ အနီးရေကန်ကြီးတွင်သူ့အားလိုက်၍မီ ကြ၏။-
13. ဣရှမေလ၏သုံ့ပန်းများသည်ယောဟနန် ကိုလည်းကောင်း၊ သူနှင့်ပါလာသည့်တပ်မ တော်ခေါင်းဆောင်များကိုလည်းကောင်း မြင် သောအခါဝမ်းမြောက်ကြကုန်လျက်၊-
14. ယောဟနန်ရှိရာသို့လှည့်၍ပြေးလာကြလေ သည်။-
15. သို့ရာတွင်ဣရှမေလနှင့် သူ၏လူရှစ်ယောက်တို့ မူကား ယောဟနန်ထံမှတိမ်းရှောင်ကာအမ္မုန် ပြည်သို့လွတ်မြောက်သွားကြ၏။
16. ဂေဒလိအားသတ်ပြီးနောက်မိဇပါမြို့မှ သုံ့ပန်းများအဖြစ် ဣရှမေလခေါ်ဆောင် လာသောစစ်သူရဲများ၊ အမျိုးသမီးများ၊ ကလေးသူငယ်များနှင့်မိန်းမစိုးများအား ယောဟနန်နှင့်သူ၏တပ်မှူးများကထိန်း သိမ်းစောင့်ရှောက်ထားကြ၏။-
17. သူတို့သည်ဂိဘောင်မြို့မှယောဟနန်ဆောင် ယူလာသူအပေါင်းတို့အားထိန်းသိမ်းစောင့် ရှောက်ကာထွက်ခွာလာကြပြီးလျှင် ဗက်လင် မြို့အနီးခိမဟံစခန်း၌ရပ်နားကြ၏။ သူ တို့သည်ဗာဗုလုန်အမျိုးသားတို့၏ဘေး မှကင်းဝေးကြစေရန်အီဂျစ်ပြည်သို့ သွားကြ၏။-