ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 41:1-9 Common Language Bible (BCL)

1. သတ္တ​မ​လ​၌​ဘု​ရင်​ခံ​မင်း​၏​အ​ရာ​ရှိ​ကြီး တစ်​ဦး​ဖြစ်​သူ​ဧ​လိ​ရှ​မာ​၏​မြေး၊ နာ​သ​နိ ၏​သား၊ မင်း​မျိုး​မင်း​နွယ်​တစ်​ဦး​ဖြစ်​သူ ဣ​ရှ​မေ​လ​သည်​လူ​ဆယ်​ယောက်​နှင့်​အ​တူ ဂေ​ဒ​လိ​အား​တွေ့​ဆုံ​ရန် မိ​ဇ​ပါ​မြို့​သို့​လာ ၏။ သူ​တို့​သည်​အ​တူ​တ​ကွ​မိ​ဇ​ပါ​မြို့​တွင် စား​သောက်​လျက်​နေ​ကြ​စဉ်၊-

2. န​သ​နိ​၏​သား​ဣ​ရှ​မေ​လ​နှင့်​သူ​၏​လူ​ဆယ် ယောက်​သည် မိ​မိ​တို့​ဋ္ဌား​များ​ကို​ဆွဲ​ထုတ်​ပြီး နောက် ပြည်​နယ်​ဘု​ရင်​ခံ​အ​ဖြစ်​ဗာ​ဗု​လုန် ဘု​ရင်​ခန့်​ထား​သည့်​ဂေ​ဒ​လိ​ကို​ခုတ်​သတ် ကြ​ကုန်​၏။-

3. ဣ​ရှ​မေ​လ​သည်​မိ​ဇ​ပါ​မြို့​တွင်​ဂေ​ဒ​လိ နှင့်​အ​တူ​ရှိ​နေ​သည့်​ယု​ဒ​အ​မျိုး​သား​များ နှင့် ထို​အ​ရပ်​တွင်​ရှိ​သ​မျှ​သော​ဗာ​ဗု​လုန် စစ်​သူ​ရဲ​တို့​ကို​လည်း​သတ်​ဖြတ်​လေ​သည်။

4. နောက်​တစ်​နေ့​၌​ဂေ​ဒ​လိ​အား​လုပ်​ကြံ​မှု ကို အ​ဘယ်​သူ​မျှ​မ​သိ​သေး​မီ၊-

5. ရှေ​ခင်၊ ရှိ​လော​နှင့်​ရှ​မာ​ရိ​မြို့​တို့​မှ​လူ​ရှစ် ဆယ်​တို့​ရောက်​ရှိ​လာ​ကြ​၏။ သူ​တို့​သည်​မုတ် ဆိတ်​များ​ကို​ရိတ်​ပြီး​လျှင် မိ​မိ​တို့​၏​အ​ဝတ် များ​ကို​ဆွဲ​ဆုတ်​ကာ​ကိုယ်​ခန္ဓာ​ကို​လည်း​ထိ​ရှ ၍​ထား​ကြ​၏။ သူ​တို့​သည်​ဗိ​မာန်​တော်​တွင် ပူ​ဇော်​ရန်​ပူ​ဇော်​သကာ​နှင့်​နံ့​သာ​ပေါင်း ကို​ဆောင်​ယူ​လာ​ကြ​လေ​သည်။-

6. သို့​ဖြစ်​၍​ဣ​ရှ​မေ​လ​သည် သူ​တို့​အား​ကြို ဆို​ရန်​မိ​ဇ​ပါ​မြို့​မှ​ထွက်​ခွာ​ပြီး​လျှင် တစ် လမ်း​လုံး​ငို​ကြွေး​လျက်​သွား​၏။ သူ​သည် ထို​သူ​တို့​နှင့်​တွေ့​ဆုံ​မိ​သော​အ​ခါ​သူ​တို့ အား``ဂေ​ဒ​လိ​ထံ​သို့​လာ​ရောက်​ကြ​ပါ'' ဟု​ခေါ်​ဖိတ်​လေ​သည်။-

7. ထို​သူ​တို့​မြို့​တွင်း​သို့​ရောက်​ရှိ​သည်​နှင့်​တစ် ပြိုင်​နက် ဣ​ရှ​မေ​လ​နှင့်​သူ​၏​ငယ်​သား​တို့ သည် ထို​သူ​တို့​အား​သတ်​၍​အ​လောင်း​များ ကို​ရေ​တွင်း​ထဲ​သို့​ပစ်​ချ​ကြ​၏။

8. သို့​ရာ​တွင်​ထို​လူ​စု​အ​နက်​လူ​ဆယ်​ယောက် က``အ​ကျွန်ုပ်​တို့​အား​မ​သတ်​ပါ​နှင့်။ အ​ကျွန်ုပ် တို့​မှာ​လယ်​ကွက်​များ​တွင်​ဝှက်​ထား​သည့်​ဂျုံ၊ မု​ယော၊ သံ​လွင်​ဆီ​နှင့်​ပျား​ရည်​များ​ရှိ​ပါ သည်'' ဟု​ပြော​သ​ဖြင့်​ဣ​ရှ​မေ​လ​သည်​သူ တို့​အား​မ​သတ်​ဘဲ​အ​သက်​ချမ်း​သာ​ခွင့် ပေး​လေ​သည်။-

9. မိ​မိ​သတ်​ဖြတ်​လိုက်​သူ​တို့​၏​အ​လောင်း​များ ကို​ဣ​ရှ​မေ​လ​ပစ်​ချ​သည့်​ရေ​တွင်း​ကား အ​လွန်​ကြီး​၍ ဣသ​ရေ​လ​ဘု​ရင်​ဗာရှာ​၏​ဘေး မှ​ခု​ခံ​ကာ​ကွယ်​ရန် အာ​သ​မင်း​တူး​ထား​သည့် ရေ​တွင်း​ဖြစ်​သ​တည်း။ ဣ​ရှ​မေ​လ​သည်​မိ​မိ သတ်​ဖြတ်​လိုက်​သည့်​လူ​သေ​အ​လောင်း​များ ဖြင့်​ထို​တွင်း​ကို​ပြည့်​စေ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 41