ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 4:6-16 Common Language Bible (BCL)

6. ဇိ​အုန်​မြို့​ရှိ​ရာ​သို့​ရှေ့​ရှု​ကြ​လော့။ ဘေး​မဲ့​လုံ​ခြုံ ရာ​သို့ ပြေး​ကြ​လော့။ ဆုတ်​ဆိုင်း​၍​မ​နေ​ကြ​နှင့်။ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​စွာ​သော​ပျက်​စီး မှု ဘေး​အန္တ​ရာယ်​ဆိုး​ကိုမြောက်​အ​ရပ်​မှ​ဆောင်​ယူ​လာ​တော်​မူ​လိမ့် မည်။

7. ခြင်္သေ့​သ​ဖွယ်​ခို​အောင်း​ရာ​မှ​ထွက်​လာ​လေ​ပြီ။လူ​မျိုး​တ​ကာ​ကို​ဖျက်​ဆီး​မည့်​သူ​သည် ထွက်​ခွာ​လာ​လေ​ပြီ။သူ​သည်​ယု​ဒ​ပြည်​ကို​ဖျက်​ဆီး​ရန်​ထွက်​ခွာ​လာ လေ​ပြီ။ယု​ဒ​မြို့​တို့​သည်​ယို​ယွင်း​ပျက်​စီး​လျက် လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ်​လိမ့်​မည်။

8. သို့​ဖြစ်​၍​လျှော်​တေ​ကို​ဝတ်​၍​ငို​ကြွေး​မြည် တမ်း​ကြ​လော့။အ​ဘယ်​ကြောင့်​ဆို​သော်၊ထာ​ဝ​ရ​ဘု​ရား​၏ ပြင်း​ထန်​သော​အ​မျက်​တော်​သည်ယု​ဒ​ပြည်​သို့​ဦး​တည်​လျက်​ရှိ​နေ​သေး သော​ကြောင့်​ဖြစ်​၏။

9. ထာ​ဝ​ရ​ဘု​ရား​က``ထို​နေ့​၌​ရှင်​ဘု​ရင်​များ၊ မှူး​မတ်​များ​သည်​စိတ်​ပျက်​အား​လျော့​ကြ လိမ့်​မည်။ ယဇ်​ပု​ရော​ဟိတ်​များ​သည်​တ​အံ့ တ​သြ​ဖြစ်​၍ ပ​ရော​ဖက်​တို့​သည်​အံ့​အား သင့်​လျက်​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​ပါ​၏။

10. ထို​အ​ခါ​ငါ​သည်``အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ယေ​ရု​ရှ​လင်​မြို့​သား​တို့ အား​လှည့်​ဖြား​တော်​မူ​ပါ​ပြီ။ ငြိမ်း​ချမ်း​မှု ရ​ရှိ​လိမ့်​မည်​ဟု​ကိုယ်​တော်​ရှင်​မိန့်​တော်​မူ​ခဲ့ သော်​လည်း ယ​ခု​အ​ခါ​သူ​တို့​၏​လည်​မျို​တွင် ဋ္ဌား​တေ့​လျက်​ရှိ​ပါ​၏'' ဟု​လျှောက်​၏။

11. သဲ​ကန္တာ​ရ​မှ​လေ​ပူ​ကြီး​သည် တိုက်​ခတ်​လာ လိမ့်​မည်​ဖြစ်​ကြောင်း​ယေ​ရု​ရှ​လင်​မြို့​သား တို့​ကြား​သိ​ရ​မည့်​နေ့​ရက်​ကာ​လ​သည်​ကျ ရောက်​လာ​လိမ့်​မည်။ ထို​လေ​သည်​သူ​တို့​အား ဂျုံ​စ​ပါး​လှေ့​ရန်​တိုက်​ခတ်​လာ​ခြင်း​မ​ဟုတ်။-

12. ထာ​ဝ​ရ​ဘု​ရား​၏​အမိန့်​တော်​အ​ရ​တိုက်​ခတ် သည့်​လေ​သည် ထို​ထက်​များ​စွာ​ပို​မို​ပြင်း​ထန် ပေ​လိမ့်​မည်။ ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​ပေါ် သို့ ယ​ခု​စီ​ရင်​ချက်​ချ​မှတ်​တော်​မူ​သည့်​အ​ရှင် ကား ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်​ပင်​ဖြစ် သ​တည်း။

13. ကြည့်​ရှု​ကြ​လော့။ ရန်​သူ​သည်​မိုး​တိမ်​သ​ဖွယ် လာ​လိမ့်​မည်။ သူ​၏​စစ်​ရ​ထား​များ​သည်​လေ​ပွေ နှင့်​တူ​၍ သူ​၏​မြင်း​တို့​သည်​လင်း​ယုန်​ငှက်​များ ထက်​လျင်​မြန်​ကြ​၏။ ငါ​တို့​အ​ရေး​ရှုံး​နိမ့်​ကြ လေ​ပြီ။ ငါ​တို့​သည်​အ​မ​င်္ဂ​လာ​ရှိ​ပါ​သည် တ​ကား။-

14. အို ယေ​ရု​ရှ​လင်​မြို့၊ သင်​သည်​ချမ်း​သာ​ရာ​ရ စေ​ရန် မိ​မိ​စိတ်​နှ​လုံး​ကို​ဆိုး​ညစ်​မှု​နှင့်​ကင်း စင်​စေ​လော့။ သင်​သည်​အ​ဘယ်​မျှ​ကြာ​အောင် ဆက်​လက်​၍​ဆိုး​ညစ်​စွာ​ကြံ​စည်​လျက်​နေ ဦး​မည်​နည်း။

15. ဒန်​ပြည်​မှ​လာ​သော​စေ​တ​မန်​နှင့် ဧ​ဖ​ရိမ် တောင်​ကုန်း​များ​မှ​ရှေ့​တော်​ပြေး​တို့​က သ​တင်း​ဆိုး​ကို​ကြေ​ညာ​ကြ​၏။-

16. သူ​တို့​သည်​ရပ်​ဝေး​ဒေ​သ​မှ​ရန်​သူ​များ​ချီ တက်​လာ​နေ​ကြောင်း​လူ​မျိုး​တ​ကာ​တို့​အား သတိ​ပေး​၍ ယေ​ရု​ရှ​လင်​မြို့​ကို​ကြား​ပြော ကြ​လေ​သည်။ ရန်​သူ​တို့​သည်​ယု​ဒ​မြို့​များ အား​ကြိမ်း​မောင်း​သံ​ပြု​ကြ​လိမ့်​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 4