ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယေ​ရ​မိ 4:18-28 Common Language Bible (BCL)

18. အို ယု​ဒ​ပြည်၊ သင်​သည်​မိ​မိ​နေ​ထိုင်​ပြု​ကျင့်​ပုံ များ​အား​ဖြင့် ဤ​အ​မှု​အ​ရာ​တို့​ကို​ဖြစ်​ပွား စေ​လေ​ပြီ။ သင်​၏​စိတ်​နှ​လုံး​ကို​ဋ္ဌား​နှင့်​ထိုး လိုက်​ဘိ​သ​ကဲ့​သို့ သင်​သည်​မိ​မိ​၏​အ​ပြစ် ကြောင့်​ဤ​ဝေ​ဒ​နာ​ကို​ခံ​ရ​၏။

19. ငါ့​အ​သည်း​နာ​လှ​၏။ မ​ခံ​မ​ရပ်​နိုင်​အောင် အ​သည်း​နာ​၏။ငါ​သည်​ပြင်း​စွာ​နှ​လုံး​တုန်၊ရင်​ခုန်​လျက် နေ​ပါ​သည်​တ​ကား။ငါ​သည်​အ​ငြိမ်​မ​နေ​နိုင်​တော့​ပြီ။တံ​ပိုး​ခ​ရာ​မှုတ်​သံ​ကို​လည်း​ကောင်း၊တိုက်​ပွဲ ကြွေး​ကြော်​သံ​များ​ကို​လည်း​ကောင်း​ငါကြား ရ​၏။

20. ဘေး​အန္တ​ရာယ်​ဆိုး​သည်​တစ်​ခု​ပြီး​တစ်​ခု ပေါ်​ပေါက်​၍​လာ​၏။တစ်​ပြည်​လုံး​ပင်​ယို​ယွင်း​ပျက်​စီး​၍​ကျန် ခဲ့​၏။ငါ​တို့​၏​တဲ​များ​သည်​တစ်​ခ​ဏ​ချင်း​၌​ဖြို ပျက်​လျက်၎င်း​တို့​၏​ကန့်​လန့်​ကာ​တို့​သည်​စုတ်​ပြတ်​၍ သွား​ကြ​၏။

21. ငါ​သည်​တိုက်​ပွဲ​ဆင်​နွှဲ​နေ​သည်​ကို​အ​ဘယ်​မျှ ကြာ​ကြာ တွေ့​မြင်​နေ​ရ​ပါ​မည်​နည်း။တံ​ပိုး​ခ​ရာ​မှုတ်​သံ​ကို​အ​ဘယ်​မျှ​ကြာ​ကြာ ကြား​၍ နေ​ရ​ပါ​မည်​နည်း။

22. ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​လူ​မျိုး​တော်​သည် မိုက်​မဲ​ထုံ​ထိုင်း​ကြ​၏။ သူ​တို့​သည်​ငါ့​ကို​မ​သိ ကြ။သူ​တို့​သည်​က​လေး​မိုက်​များ​နှင့်​တူ​၏။ သူ​တို့​တွင်​အ​သိ​ပ​ညာ​မ​ရှိ။သူ​တို့​သည်​ဒု​စ​ရိုက်​ပြု​ရာ​တွင်ကျွမ်း​ကျင်​ကြ​သော်​လည်း​သု​စ​ရိုက်​ကို​မူ မ​ပြု​တတ်​ကြ'' ဟု​မိန့်​တော်​မူ​၏။

23. ငါ​သည်၊ကမ္ဘာ​မြေ​ကြီး​ကို​ကြည့်​လိုက်​သော အ​ခါ ယင်း​သည်​ပုံ​သဏ္ဌာန်​ကင်း​မဲ့​လျက်​နေ​၏။မိုး​ကောင်း​ကင်​ကို​ကြည့်​သော​အ​ခါ​၌​လည်း အ​လင်း​ရောင်​မ​တွေ့​ရ။

24. ငါ​သည်​တောင်​များ​ကို​ကြည့်​ပြန်​သော်တောင်​ကြီး​တောင်​ငယ်​တို့​သည်​တုန်​လှုပ်​လျက် နေ​ကြ​၏။

25. ငါ​သည်​လူ​တစ်​ဦး​တစ်​ယောက်​ကို​မျှ​မ​တွေ့ မ​မြင်။ငှက်​အ​ပေါင်း​တို့​သည်​ပင်​လျှင်​ပျံ​ပြေး​ကြ လေ​ကုန်​ပြီ။

26. ထာ​ဝ​ရ​ဘု​ရား​၏​ပြင်း​ထန်​သော​အ​မျက် တော် အ​ရှိန်​ကြောင့်မြေ​သြ​ဇာ​ကောင်း​သော​ပြည်​သည်​သဲ​ကန္တာ​ရ ဖြစ်​လျက်၊ မြို့​များ​သည်​လည်း​ယို​ယွင်း​ပျက်​စီး​၍​နေ​လေ​ပြီ။

27. (ကမ္ဘာ​မြေ​ကြီး​တစ်​ခု​လုံး​သည် တော​က​န္တာ​ရ အ​ဖြစ်​သို့​ရောက်​ရှိ​ရ​လိမ့်​မည်​ဖြစ်​သော်​လည်း အ​ကုန်​အ​စင်​ပျက်​ပြုန်း​သွား​ရ​လိမ့်​မည်​မ ဟုတ်​ကြောင်း ထာ​ဝ​ရ​ဘု​ရား​မိန့်​ကြား​ထား တော်​မူ​၏။)

28. ကမ္ဘာ​မြေ​ကြီး​သည်​ဝမ်း​နည်း​ပူ​ဆွေး​လျက်​နေ လိမ့်​မည်။ မိုး​ကောင်း​ကင်​သည်​လည်း​မှောင်​မဲ​၍​လာ​လိမ့် မည်။ထာ​ဝ​ရ​ဘု​ရား​သည်​မိန့်​မြွက်​တော်​မူ​ပြီး​နောက် မိ​မိ​၏​စိတ်​ကို​ပြောင်း​လဲ​တော်​မူ​လိမ့်​မည်​မ​ဟုတ်။စိတ်​ပိုင်း​ဖြတ်​တော်​မူ​ပြီး​နောက်​ကိုယ်​တော်​သည် နောက်​ဆုတ်​တော်​မူ​လိမ့်​မည်​မဟုတ်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယေ​ရ​မိ 4